YouVersion Logo
Search Icon

ရှင်လုကာ 13

13
ခန်း (၁၃)
ဘုရားဖက်ဝိုလှည့်ပါ
1အဲမိုခီမှာ လူချို့ရော့လာပီး ဘုရင်ခံပိလတ် သတ်ရားဝို ဂါလိလဲပြည်သားဒွေကြောဝို ကိုယ်တော်ယေရှုဆီဝို ရှော့တံဂေ့လေရယ်။ သူ့နို့ဟ ဂျေရုဆလင်ဗိမာန်တော်မှာ ပူဇော်ပသဇာဒွေ လုပ်နေဝိုခီမှာ သတ်ခံရဇာဖြစ်ရိဂျော့ သူ့နို့ရဲ့သွီးဟ သူ့နို့ပူဇော်နေဝို လိဆန်ဒွေရဲ့သွီးန တူတူ စီးကလနေရယ်။ 2ကိုယ်တော်ယေရှုဟ သူ့နို့ဝို “အဲမို သတ်ခံရဝိုဂါလိလဲပြည်သားဒွေဟ ခြားဂါလိလဲပြည်သားဒွေထက် ပိုပီးပြစ်ဒုဇရိုက်များရိတွက် အဲမျိုးသေရရယ်ဆိုပီး နန်းနို့ထံနေဂေ့လော။ 3အဲမျိုးမုဝ၊ နန်းနို့ဝို ငါပြောမယ်။ နန်းနို့ဂူလုံးဟလဲ နန်းနို့ပြစ်ဒွေဂူလုံးဝို နော်ဒမရရဆိုဝါ အဲမျိုးဘဲ့ သေကြေပျစ်ဆီး ဂေ့ရလိမယ်ဖြစ်ရယ်။ 4လူဆယ့်ရှစ်ယော့ဟ ရှိလောင်ရေကန်နားမှာရှေ့ဝို မျှော်ဇင်#13.4 မျှော်ဇင် မျှော်ဇင်ဟ ဂျေရုဆလင်ဗြို့ပလန်မှာ ရှေ့ဝို ရှိလောင်ရေကန်နီးမှာ ဆော့ရားဝိုမျှော်ဇင် ပြိုကလဝိုခီမှာ ပိမိပီး သေခဲ့ရရယ်။ အဲမိုလူဒွေဟ ဂျေရုဆလင်ဗြို့မှာ နေထိုင်ဂေ့ဝို ခြားသူဒွေဂူလုံးထက် ပိုပီးပြစ်များရယ် ဆိုပီး နန်းနို့ထံနေဂေ့လော။ 5အဲမျိုးမုဝ။ နန်းနို့ဝို ငါပြောမယ်၊ နန်းနို့ရဲ့ ပြစ်ဒွေဝို နန်းနို့နော်ဒ မရရဆိုဝါ နန်းနို့လဲ အဲမျိုးဘဲ့ သေကြေပျစ်ဆီးဂေ့ရလိမယ်” ဆိုပီး မိတော်မူလေရယ်။
သီးသီးဘဲဝိုသဖန်းပမ်
6အဲနော့ ကိုယ်တော်ယေရှုဟ ဗြိတော်ဒွေဝို ပုံဥပမာန မိဆိုဇာဟ “လူတစ်ယော့ဟ သူရဲ့ဗျစ်ခြံမှာ သဖန်းပမ် တပမ်ဝို စိုက်ရားလေရယ်။ သူဟ သဖန်းသီး လိုရှင်ရိ လာရှာဝိုခါမှာ သီးဒွေဝို တွီ့ရရ။” 7အဲဂျော့ သူဟ ဥယျာဉ်မှူးဝို ခေါ်ပီး “အဲမိုသဖန်းပမ်ဟ သီးဝို ငါလာပီးရှာဇာ သုံးနှစ်ရှေ့ပေမယ့် သီးဝို တွီ့ရရ မလေကောဝို ဖလူးတီးဝို အဲမိုပမ်ဝို ခုလှဲလိုက်ရော့” ဆိုပီး ပြောလိုက်ရယ်။
8“အယ်ဘေမဲ့ ဥယျာဉ်မှူးဟ ‘နော့ထပ်တနှစ်လော့ အဲမိုပမ်ဝို စော့ကေ့ပေးပါဦး။ ကျနော် အယ်မိုပမ်ပတ်ပတ်လည်တူးပီး မလေသြဇာထည့်ကေ့ပါဦးမယ်။ 9အဲမျိုးဆိုဝါ နော့တနှစ်မှာ သီး သီးနိုင်ပါလိမယ်။ ဂယ်ရိ သီး၊ သီး ဘဲနေရယ်ဆိုဝါ ခုပစ်လိုက်ပါ့မယ်’ ဆိုပီး ပြောလေရယ်” ဆိုပီး မိတော်မူလေရယ်။
မျိုးမီးတယော့ဝို ဥပုသ်နေ့မှာ ကုသပေးခြင်း
10ဥပုသ်နေ့တနေ့မှာ ကိုယ်တော်ယေရှုဟ ဓမ္မာရုံခုမှာ ဟောပြောသွန်သန်နေလေရယ်။ 11အဲမိုနေရာမှာ ကောဆိုးဝါး ပြုဇားခံရဝို မီးမတယော့ရှေ့လေရယ်။ သူဟ အဲမိုမကောဆိုးဝါးဂျော့ ဆယ့်ရှစ်နှစ်လုံးလုံး နေမကောဖြစ်ပီး ခါး ကူးနေရိ တည့်တည့်ရပ်နိုင်ရ။ 12ကိုယ်တော်ယေရှုဟ အဲမိုမီးမဝို ဗြင်ဝိုခါမှာ သူ့ဝို လှမ်းခေါ်လိုက်ပီး “ညီမ၊ နန့်နာရောဂါ ပျော့ကမ်းပီ” ဆိုပီး မိတော်မူလေရယ်။ 13အဲနော့ ကိုယ်တော်ယေရှုဟ သူရဲ့လက်ဝို အဲမိုမီးမပေါ်ဝို တံလိုက်လေရယ်။ ချင့်ချင်းဘဲ့ သူဟ ခါးဆန့်ရားပီး ဘုရားရှင်ဝို ချီးမွမ်းတော်မူလေရယ်။
14အယ်ဘေမဲ့ ဥပုသ်နေ့မှာ ကိုယ်တော်ယေရှုဟ နာရောဂါဝို ပျော့ကမ်းဇေရိတွက် ဓမ္မာရုံခေါဆော်ဟ ဒေါသထွက်ပီး လူထုဝို “နို့ဥပဒေမှာ နို့ဝိုလုပ်လုပ်ခွမ့်ပြုရားဝို ခြော့ရစ်ရှေ့ရယ် အဲမိုနေ့ဒွေမှာဘဲ့ ကုသဝို့တွက် လာဂေ့လော့။ ဥပုသ်နေ့မှာ လာဂေ့န” ဆိုပီး ပြောလေရယ်။
15အဲခါ ကိုယ်တော်ဟ “သူတော်ဂေါယော်ဆော်ဝိုသူဒွေ၊ ဥပုသ်နေ့မှာ နန်းနို့ရဲ့နွားဒွေ၊ မြည်းဒွေဝို တင်းကုပ်ဟနေ လွှတ်ပီး ရေတိုက်ဝို့ ခေါ်ဝါးဂေ့ရယ် မုဝလော။ 16အဲဆိုဝါ ဆယ့်ရှစ်နှစ်ကြာ မာရ်နတ်ချုပ်ကိုင်ရားဝို အာဗြဟံရဲ့မီး အယ်မိုမျိုးမီးဝိုလဲ ဥပုသ်နေ့မှာ လွှတ်ပေးသင့်ရယ်မုဝလော” ဆိုပီး မိတော်မူလေရယ်။
17ကိုယ်တော်မိဆိုဇာဒွေဟ ရန်လုပ်နေဝိုသူဒွေဝို ရှစ်ရစေပီး ခြားလူထုပရိသတ်ဒွေဟလောဝါ ကိုယ်တော်ပြုတော်မူဝို အံ့ဖွယ်မှုဒွေဝို နှစ်သက်ဝမ်းမြော့ဂေ့လေရယ်။
မုန်ညင်းဇေ့ န တဆေး
(ရှင်မဿဲ ၁၃.၃၁-၃၂ရှင်မာကု ၄.၃၀-၃၂)
18အဲနော့ ကိုယ်တော်ယေရှုဟ “ဘုရားရှင်သာသနာတော်ဟ ဟဲမျိုးနတူနူးဆိုဇာဝို နန်းနို့ဝို နှိုင်းယှဥ်ပြမယ်” ဆိုပီး မိတော်မူလေရယ်။ 19“အဲမိုဇာဟ မုန်ညင်းဇေ့#13.19 မုန်ညင်းဇေ့ ဂျူးလူမျိုးဒွေတွက် မုန်ညင်းဇေ့ဟ ရားဒိုင်းသေးငယ်ဝိုဇာတခုခုရဲ့ မှတ်လက္ခဏာဖြစ်ရယ်။ အယ်ဘေမဲ့ ဂျူးဒွေနေထိုင်ဝိုတိုင်းပြည်မှာ အဲမိုမုန်ညင်းဇေ့ဟ ၃မီတာလော့ဗြင့်ဝို ပမ်ဖြစ်န ကီးထွားလာရယ်။နတူလေရယ်။ လူတယော့ဟ မုန်ညင်းဇေ့ဝိုယူပီး ဥယျာဥ်ထဲမှာ စိုက်ပျိုးရယ်။ အဲမိုစေ့ဟ ပမ်ဂီးရီးဖြစ်လာဝိုခါမှာ ငှက်ဒွေဟလဲ အဲမိုပမ်ရဲ့ကိုင်းခက်ဒွေမှာ သိုက်ဖွဲ့ပီး နေဂေ့လေရယ်” ဆိုပီး မိတော်မူလေရယ်။
20အဲနော့ ကိုယ်တော်ဟ ထပ်ပီး “ဘုရားရှင်သာသနာတော်ဝို နန်းနို့ဝို နှိုင်းပြမယ်။ 21အဲမိုဇာဟ မျိုးမီးတယော့ဟ တဆေးနဲနဲယူပီး ဂျုံမုပမာဏများဂီးန ရောလိုက်ဝိုခါမှာ မုတခုလုံးပွလာဝိုဇာန တူရယ်။” ဆိုပီး မိတော်မူလေရယ်။
ကျဉ်းမြောဝိုခေါ့ပေါ့
(ရှင်မဿဲ ၇.၁၃-၁၄၂၁-၂၃)
22အဲနော့ ကိုယ်တော်ဟ ဗြိတော်ဒွေနတူတူ ခရီးတစ်ရှော့မှာရှေ့ဝို ဗြို့ဝါဒွေမှာရှေ့ဝို လူထုပရိသတ်ဒွေဝို ဟောပြောသွန်သန်တော်မူပီး ဂျေရုဆလင်ဗြို့ဝို ကြွတော်မူရယ်။ 23ဇုံတစ်ယော့ဟ ကိုယ်တော်ဝို “အရှင်၊ ဘုရားရှင်ဟ လူနဲငယ်ဟဘဲ့ ကယ်တံဇာခံရမှာလော” ဆိုပီး မေးလေရယ်။ ကိုယ်တော်ယေရှုဟ သူ့နို့ဝို မိတော်မူဇာဟ 24အဲခါ ကိုယ်တော်ယေရှုဟ “အီတစ်အီရဲ့ ခေါ့ပေါ့ကျဥ်းကျဥ်းရားနတူဝို ဘုရားရှင်ရဲ့သာသနာတော်ထဲဝို ဝမ်နိုင်ဝို့ သေချာကြိုးစားဂေ့လော့။ ဟဲဖြစ်ရိနူးဆိုဝါ လူများဂီးဟ အဲမိုထဲဝို ဝမ်ရော့ဝို့တွက် နည်းမျိုးဇုံန ကြိုးစားဂေ့ပေမဲ့ ဝမ်နိုင်ဂေ့မှာမုဝ ဆိုပီး ငါပြောနိုင်ရယ်။ 25အီရှင်နတူဝို ဘုရားရှင်ဟ နေ့နေ့မှာ ခေါ့ပေါ့ဝို ထပီး ပိလိုက်ရယ်ဆိုဝါ နန်းနို့ဟ ပလန်ဖက်မှာရပ်ပီး ‘ဆရာ၊ ခေါ့ပေါ့ ဖွမ့်ပေးပါဦး’ ဆိုပီး ပြောဂေ့ရလိမယ်။
အယ်ဘေမဲ့ သူဟ ‘ငါ နန်းနို့ဝို သိရ၊ နန်းနို့ဟ ဟယ်ဟနူး’ ဆိုပီး ပလန်ပြောလိမယ်။
26အဲခါ နန်းနို့ဟ ‘ကျနော်ဒို့ဟ သင်နတူတူ စားသော့ခဲ့ဂေ့ပီး ကျနော်ဒို့နေထိုင်ဝို ဗြို့ဒွေရဲ့ လမ်းဒွေမှာ သင်ဟ ကျနော်ဒို့ဝို ဆုံးမသွန်သန်ခဲ့ပါရယ်’ ဆိုပီး ဖြေဂေ့လိမယ်။
27အယ်ဘေမဲ့ သူဟ ‘နန်းနို့ ဟယ်သူဆိုဇာလဲ ငါသိဘဲဝိုမျိုး ဟယ်ရလာရယ်ဆိုဇာဝိုလဲ ငါသိရ၊ ဆိုးသွမ်းဝိုသူဒွေ၊ ငါ့ဆီဟ ထွက်ရားဂေ့ပါ’ ဆိုပီး ပြောလိမယ်။
28အဲခါမှာ အာဗြဟံ#13.28 အာဗြဟံ အာဗြဟံဟ သူ့နော်မယ်ရင်းဟ အာဗြံဖြစ်ပီး လူမျိုးဒွေရဲ့ ဘိုးဘေးဆိုပီး ဓိပ္ပာယ်ရရယ်။၊ ဣဇာက်၊ ယာကုပ် န ခြားပရောဖက်ဒွေဝို ဘုရားရှင်သာသနာတော်ထဲမှာ ဗြင်တွီ့ရပီး နန်းနို့ဝိုလော ပလန်ဝို နှံထုခံရရိတွက် နန်းနို့ဟ အံကြိပီး ဝမ်းနည်းပူဆွေးပီး ငိုကြွေးရလိမယ်။ 29ရှေ့ရပ်၊ နော့ရပ်န တော်ရပ်ဟ လူဒွေဟ ဘုရားရှင်သာသနာတော်မှာ တူတူထိုင်ပီး စားသော့ဂေ့ရလိမယ်။ 30အဲခါမှာ ခုရေးပါဘဲဝိုသူဒွေဟ ရေးဂီးဆုံး ပုဂ္ဂိုလ်ဒွေဖြစ်ဂေ့ဝီး ၊ ခုရေးဂီးဆုံးပုဂ္ဂိုလ်ဒွေဟ ရေးပါဘဲဝို ပုဂ္ဂိုလ်ဒွေ ဖြစ်လာဂေ့လိမယ်။” ဆိုပီး မိတော်မူလေရယ်။
ဂျေရုဆလင်ဗြို့တွက် ငိုကြွေးခြင်း
(ရှင်မဿဲ ၂၃.၃၇-၃၉)
31အဲခီမှာ ကိုယ်တော်ယေရှုနား ဖာရိရှဲဒွေရော့လာပီး “ဘုရင်ဟေရုဒ်ဟ သင့်ဝို သတ်ရှင်နေရိတွက် အယ်မိုရပ်ဒေသဟနေ ခြားနေရာဝို ထွက်ခွာတော်မူပါ။” ဆိုပီး ပြောဂေ့လေရယ်။
32အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ သူ့နို့ဝို “သွားပီး ကော့ကျစ်ဝို မလေခွီးနတူဝို ဟေရုဒ်ဝို သွားပြောဂေ့။ ငါဟ အယ်ခီတိုထဲမှာ ကောဆိုးဝါးဒွေဝို နှံထုပီး နေကောဘဲဝိုလူဒွေဝို ကုသပေးပီး မကြာခံမှာ ငါ့ရဲ့မှုတာဝန်ဝို ဆုံးသတ်မယ်။ 33အယ်ဘေမဲ့လဲ ပရောဖက်ဒွေဟ ဂျေရုဆလင်ဗြို့ဟနေလွှဲပီး ခြားရပ်ဒေသမှာ သေရဘဲရိတွက် ငါဟ ရစ်နဲငယ်#13.33 ရစ်နဲငယ် ဆိုဇာဟ အယ်နေ့၊ နတ်ကီးသယ် န သဘက်ခါဝို ပြောဇာဖြစ်ရယ်။ဆစ်ပီး ခရီးသွားနေရဦးမယ်။” ဆိုပီး မိတော်မူလေရယ်။
ဂျေရုဆလင်ဗြို့တွက် ကြေကွဲငိုကြွေးတော်မူခြင်း
34အဲနော့ ကိုယ်တော်ဟ “အို ဂျေရုဆလင်ဗြို့သားပေါဒို့၊ နန်းနို့ဟ ပရောဖက်ဒွေဝို သတ်ဂေ့ပီး ဘုရားရှင်စေလွှတ်တော်မူဝို လူဒွေဝိုလဲ နန်းနို့ဟ ဂဲ န ပေါ့သတ်ဂေ့ရယ်။ ကြစ်မဟ သူ့ကြစ်သားဂန်းရားဒွေဝို တော်အော့မှာအုပ်ပီး ရင်အုပ်မကွာစော့ရှောဝိုမျိုး ငါလဲ နန်းနို့ဂူလုံးဝို စော့ရှော့ရှင်ရိတွက် များဂီး ကြိုးစားဘေမဲ့ နန်းနို့ဟ ငါ့ဝိုလက်မခံဂေ့ရ။ 35နားထော်လော့၊ နန်းနို့#13.35 နန်းနို့ နန်းနို့ ဆိုဇာဟ အယ်နေရာမှာ ဂျေရုဆလင်ဗြို့မှာနေဝိုလူဂူလုံး န ဗိမာန်တော်ပါ ပါရယ်။ဟ စွန့်ပစ်ဇာဝို ခံရလိမယ်။ အယ်နေ့ဟနေစပီး ‘ဘုရားရှင်ရဲ့ ခွမ့်အာဏာ န ကြွလာဝိုသူဝို ချီးမွမ်းပါရယ်’ ဆိုပီး နန်းနို့ပြောဝို ခီမရော့ခံထိ နန်းနို့ဟ ငါ့ဝို နော့တခါ ဗြင်ရလိမှာမုဝ” ဆိုပီး မိတော်မူလေရယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in