YouVersion Logo
Search Icon

John 5

5
1ပြီးခါ ဂျူးလူမျိုးတော့ရဲ့ဘာဆာရေးပွဲတော်တစ်ခုရှိညောင်း ကိုယ်တော်ယေရှုဟ ဂျေရုဆလင်မြို့ကော် ကြွတော်မူဟယ်။ 2ဂျေရုဆလင်မြို့ရဲ့ သိုးတေဝင်တဲ့ တံခါးပေါက်အနီးမှာ ရေအိုင်တစ်ခုရှိမောက် ဟဲင်းရေအိုင်ကော် ဗေသေသဒb လောက် ဟေဘရူးဘာသာစကားန ခေါ်လေဟယ်။ ဟဲင်းရေအိုင်မှာ မုဒ်ဆောင်c ငါးဆောင်ရှိဟယ်။ 3ဟဲင်းနေရာမှာ မျက်မမြင်တေ၊ ခေလက်မသန်စွမ်းပဲဆမားတေ၊ လေဖ္လတ်နေဆမားတေန နေမကောင်းပဲဆမားတေ အများဟုန်း လှိုင်းနေကြဟယ်။ ဟဲင်းလူတေဟ ရေလှုပ်ရှားခြင်းကော် စောင့်မျှော်နေဟာဖြစ်ဟယ်။ 4စာလောက်ဟားဆိုခါ ဘုရားရှင်ရဲ့ နတ်ဒေဝါတေဟ ရေအိုင်နားကော် တခါတလေဆင်းလာမောက် ရေကော် လှုပ်ရှားစေတတ်ဟယ်။ ဟဲင်းသလဲ ရေလှုပ်ရှားပြီးနောက်မှာ ရေထဲကော် အရင်ဦးဆုံးဆင်းတဲ့လူဟ ဖယ်လဲရောဂါစွဲကပ်ကပ် ရောဂါပျောက်ကင်းစေတတ်ညောင်း ဖြစ်ဟယ်။ 5ဟဲင်းနေရာမှာ ဆုံးဆယ့်ရှစ်နှစ်လုံး နေမကောင်းဖြစ်နေဆမားတစ်ယောက်ဟလဲ ရှိနေလေဟယ်။ 6ကိုယ်တော်ယေရှုဟ ဟဲင်းလူလှိုင်းနေဟာကော် မြင်မောက် ဆူဟ အဲနေရာမှာ အချိန်အကြာဟုန်း စောင့်နေခဲ့ရဟာကော် ဆိတော်မူညောင်း ဟဲင်းလူကော် "သင်နေကောင်း ကျန်းမာချင်လား" လောက် မေးလေဟယ်။ 7ဟဲင်းနေမကောင်းဖြစ်နေဆမားဟ "အရှင်၊ ရေလှုပ်ရှားတဲ့အချိန်မှာ ကျွန်ုပ်ကော် ရေထဲကော် ကူခ္လပေးမဲ့လူမရှိပါ။ ကျွန်ုပ်ကိုယ်တိုင်ကြိုးစားလယ်ဝ တခြားလူတေဟ အရင်ဆုံး ဆင်းဟားတတ်ပါဟယ်" လောက် လျှောက်တင်လေဟယ်။ 8ဟဲင်းခါ ကိုယ်တော်ဟ "ထပါ။ သင့်ရဲ့ဖျာကော် ယူမောက် လမ်းလျှောက်ပါ" လောက် မိန့်တော်မူဟယ်။ 9တခါတည်း ဟဲင်းလူဟ နေကောင်းဟားမောက် ဆူ့ရဲ့ဖျာကော် ယူပြီးခါ လမ်းလျှောက်ဆွားလေတော့ဟယ်။ ဟဲင်းအဖြစ်အပျက်ဟ ဥပုသ်နေ့တစ်ရက်မှာ ဖြစ်ခဲ့ခြင်းဖြစ်ဟယ်။ 10ဟဲင်းနေကောင်းဟားတဲ့လူကော် ဂျူးလူမျိုးd တေဟ "အဲရက်ဟ ဥပုသ်ရက်ဖြစ်ညောင်း ဖျာကော် ယူဆောင်ခြင်း မလုပ်ရ" လောက် ဆိုကြဟယ်။ 11ဟဲင်းလူဟလဲ "ငါ့ကော် နေကောင်းအောင်လုပ်ပေးဆမားဟ ငါ့ကော် 'ဖျာကော် ကောက်ယူမောက် လမ်းလျှောက်ပါ' လောက် မိန့်ကြားထားဟယ်" လောက်ဆိုလေဟယ်။ 12ဂျူးလူမျိုးတေဟလဲ "'ဖျာကော် ကောက်ယူမောက် လမ်းလျှောက်ပါ' ဆိုမောက်သင့်ကော် မိန့်ဆိုဆမားဟ မဆူ့ဟား" လောက် မေးကြဟယ်။ 13ဟဲင်းပေမဲ့လဲ နေကောင်းဟားတဲ့လူဟ ကိုယ်တော်ယေရှု မဆူ့ဖြစ်ဟာကော် မဆိလိုက်ရဘူး။ စာလောက်ဟားဆိုခါ ဟဲင်းနေရာမှာ လူအများဟုန်းရှိနေခဲ့မောက် ကိုယ်တော်ဟလဲ တိတ်တိတ်လေး ထွက်ဟားခဲ့ညောင်းဖြစ်ဟယ်။ 14ပြီးခါ ကိုယ်တော်ဟ ဆူကုသပေးခဲ့တဲ့လူကော် ဗိမာန်တော်ဝန်းထဲမှာ တွေ့ညောင်း "ကြည့်ပါ။ သင်ပ္လန်မောက် နေကောင်းလာခဲ့ဝေါက်။ နောက်ထပ်အပြစ်တရားတေကော် မကျူးလွန်လေနဲ့။ ကျူးလွန်ခါ ပိုမောက် ဆိုးဝါးတဲ့ဒုက္ခတေ သင့်အပေါ်မှာ ဖြစ်ပေါ်လာလိမ့်မဲင်" လောက် ဟဲင်းလူကော် မိန့်တော်မူဟယ်။ 15ဟဲင်းလူဟလဲ ဂျူးလူမျိုးအကြီးအကဲတော့နား ဆွားမောက် ဆူ့ကော် နေကောင်းအောင်လုပ်ပေးတဲ့လူဟ ကိုယ်တော်ယေရှုဖြစ်ကြောင်း သတင်းပို့လေဟယ်။ 16ဟဲင်းကြောင့် ဂျူးလူမျိုးအကြီးအကဲတေဟ ဥပုသ်နေ့မှာ ဟဲင်းသလဲ ပြုလုပ်တဲ့ကိုယ်တော်ယေရှုကော် စတင်မောက် လိုက်လံနှောင့်ယှက်ကြလေတော့ဟယ်။ 17ကိုယ်တော်ယေရှုဟ "ငါ့ရဲ့အဖဘုရားရှင်ဟ အမြဲတမ်း အလုပ်လုပ်ဆမားဖြစ်ညောင်း ငါဟလဲ အလုပ်လုပ်ဟယ်" လောက် ပ္လန်လည်မိန့်ဆိုလေဟယ်။ 18ဟဲင်းအကြောင်းကြောင့် ဂျူးလူမျိုးအကြီးအကဲတေဟ ကိုယ်တော်ဟ ဥပုသ်နေ့ရဲ့အစဉ်အလာကော် ချိုးဖောက်ရုံမက၊ ဘုရားရှင်ကော် ဆူ့ရဲ့ဖခမည်းတော်လောက်ခေါ်မောက် ဆူ့ကိုယ်ဆူ ဘုရားရှင်န တန်းတူပြုညောင်း ဆူ့ကော် ဆတ်ဖော့ ပိုမောက်ကြိုးစားလာကြဟယ်။ 19ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် "သင်တော့ကော် ငါအမှန်ပြောမဲင်၊ အဖဘုရားရှင်ပြုလုပ်တော်မူတဲ့ အမှုကော် ဆားတော်ဟ မြင်မောက် ပြုလုပ်ဟာဖြစ်ဟယ်။ ဆူ့အလိုအတိုင်း ဖယ်အရာကော်မှ မပြုလုပ်ပါ။ အဖဘုရားရှင် ပြုတော်မူဆမျှကော် ကြည့်မောက် ဟဲင်းအတိုင်း ဆားတော်ဟ ပြုမူခြင်းဖြစ်ဟယ်။ 20အဖဘုရားဟ ဆားတော်ကော် ချစ်ညောင်း ဆူလုပ်ဆမျှကော် ဆားတော်ကော် ပြသမောက် သင်တော့ကော် အံ့ဩစေဖော့ အဲထက်ပိုမောက် ကြီးကျယ်မြင့်မြတ်တဲ့အရာတေကော် ပြသလိမ့်မဲင်။ 21အဖဘုရားရှင်ဟ ဆေဟားတဲ့လူတေကော် အဆက်ပ္လန်ရှင်စေသလဲ ဆားတော်ဟလဲ ဆူအလိုရှိတဲ့ လူတိုင်းကော် အဆက်ပ္လန်ရှင်စေဟယ်။ 22အဖဘုရားဟ မဆူ့ကော်မှ တရားစီရင်တော်မမူပဲ တရားစီရင်တဲ့အခွင့်ကော် ဆားတော်ကော် ပေးအပ်တော်မူမောက် 23လူအပေါင်းဟ အဖဘုရားကော် ရိုဆေတဲ့အတိုင်း ဆားတော်ကော် ရိုဆေစေဖော့ ပြုပေးတော်မူဟယ်။ ဆားတော်ကော် မရိုဆေဆမားဟ ဆားတော်ကော် စေလွှတ်တော်မူတဲ့ အဖဘုရားကော် မရိုဆေတဲ့လူပဲဖြစ်ဟယ်။ 24သင်တော့ကော် ငါအမှန်ပြောမဲင်၊ ငါ့စကားကော် နားထောင်မောက် ငါယူလာတဲ့ မင်္ဂလာသတင်းကော် ကြားရလောက် ငါ့ကော် စေလွှတ်လိုက်ဆမားကော် ယုံကြည်တဲ့လူအကုန်ဟုန်းဟ နိစ္စထာဝရအဆက်ကော် ရမဲင်ဖြစ်မောက် အပြစ်စီရင်ခြင်းကော် ခံရလိမ့်မဲင်မဟုတ်ဘူး။ အဆက်ဆေခြင်းဟ လွတ်မြောက်တဲ့ အဆက်တာကော် ရကြလိမ့်မဲင်။ 25သင်တော့ကော် ငါ့အမှန်ပြောမဲင်၊ ဆေဟားတဲ့လူတေဟ ဘုရားဆားတော်ရဲ့အဆံကော် ကြားကြရမောက် အဆက်ရှင်ကြမဲ့အချိန်အခါဟ ခုရောက်ရှိလာပြီဖြစ်ဟယ်။ 26အဖဘုရားရှင်ကိုယ်တော်ကိုယ်တိုင် နဂိုမူလ အဆက်ဖြစ်ညောင်း ဆားတော်ကော်လဲ မူလအဆက် ဖြစ်စေတဲ့ အခွင့်ကော် ပေးတော်မူဟယ်။ 27ဆားတော်ဟ လူဆားတော်ဖြစ်ညောင်း ဖခမည်းတော်ဟ လူတေကော် တရားစီရင်ပိုင်ခွင့်ကော်လဲ ဆားတော်ကော် ပေးအပ်ထားပြီးဖြစ်ဟယ်။ 28ငါမိန့်ဆိုခဲ့ဟာတေကော် မအံ့ဩကြနဲ့။ ဆေဟားတဲ့လူအပေါင်းတော့ဟ ဆားတော်ရဲ့အဆံကော် ကြားကြမောက် 29ထွက်လာကြမဲ့အချိန်ကာလ ရောက်လာတော့မဲင်။ ကောင်းတဲ့အမှုကော် လုပ်တဲ့လူတေဟ အဆက်ရှင်ခြင်းနဆိုင်တဲ့ ပ္လန်လည်ရှင်သန်ခြင်း၊ ဆိုးညစ်တဲ့အမှုကော် ပြုကျင့်တဲ့လူတေဟ အပြစ်စီရင်ခြင်းနဆိုင်တဲ့ ပ္လန်လည်ရှင်သန်ခြင်းအဖြစ် အသီးသီးထွက်လာရကြလိမ့်မဲင်။ 30ငါဟ ငါ့ရဲ့ ဆန္ဒအတိုင်း ဖယ်အရာကော်မှ မလုပ်နိုင်ဘူး။ ငါကြားတဲ့အတိုင်း ငါတရားစီရင်မောက် ငါ့ဆန္ဒအတိုင်းမဟုတ်ပဲ ငါ့ကော် စေလွှတ်လိုက်တဲ့လူရဲ့ အလိုတော်အတိုင်းပဲ စီရင်ညောင်း ငါ့ရဲ့ဆုံးဖ္လတ်ချက်ဟ ဖြောင့်မတ်မှန်ကန်ဟယ်။ 31ါဟ ငါ့အကြောင်းကော် ငါ့ကိုယ်တိုင် ဆက်ဆေခံနေခါ ငါ့ရဲ့ဆက်ဆေခံချက်ဟ မှန်ကန်မဲင်မဟုတ်ဘူး။ 32ငါ့ရဲ့အကြောင်းကော် ဆက်ဆေခံပေးမဲ့ဆမား တစ်ယောက်ရှိဟယ်။ ဟဲင်းလူ ငါ့အကြောင်းဆက်ဆေခံဆမျှတေဟ မှန်ကန်ဟယ်ဆိုဟာကော်လဲ ငါဆိဟယ်။ 33သင်တော့ဟ ငါ့ရဲ့အကြောင်းကော် မေးမြန်းဖော့အတွက် လူတေကော် ယောဟန်နားကော် စေလွှတ်ခဲ့ပြီးဖြစ်ဟယ်။ ယောဟန်ဟလဲ အမှန်တရားကော် ဆက်ဆေခံခဲ့ဟယ်။ 34လူတေနားဟ ငါ့အကြောင်းကော် ဆက်ဆေခံဖော့ ငါဟ လိုအပ်နေဟာတော့မဟုတ်ဘူး။ ဟဲင်းပေမဲ့ ခုသလဲ ဆက်ဆေခံရဟာဟ သင်တော့ကယ်တင်ခြင်းရစေဖော့ အတွက်ပဲဖြစ်ဟယ်။ 35ရေနှစ်မင်္ဂလာဆရာ ယောဟန်ဟ ထွန်းလင်းတောက်ပနေတဲ့ ဆီမီးဖြစ်မောက် သင်တော့ဟလဲ ဆူ့ရဲ့အလင်းမှာ တနားလေးမွေ့လျော်ရွှင်မြူးဖော့ပဲ အလိုရှိကြဟယ်။ 36ဟဲင်းပေမဲ့ ငါ့မှာ ယောဟန်ဆက်ဆေခံဟာထက် ပိုကြီးမြတ်တဲ့ ဆက်ဆေတေရှိဟယ်။ အဖဘုရားရှင်ဟ ငါထမ်းဆောင်ဖော့ ပေးအပ်ထားတဲ့ အမှုတော်တေန ငါလုပ်ဆောင်နေဟာတေဟ ငါဟ အဖဘုရားရှင်စေလွှတ်လိုက်တဲ့လူဆိုဟာကော် ဖော်ပြနေဟယ်။ 37ငါ့ကော်စေလွှတ်တော်မူတဲ့ အဖဘုရားရှင်ဟလဲ ငါ့အကြောင်းကော် ဆက်ဆေခံတော်မူဟယ်။ ဟဲင်းပေမဲ့ သင်တော့ဟ ဆူ့ရဲ့ရုပ်ခန္ဓာန ဆူ့အဆံကော် ဖယ်အခါမှ မြင်ဖူးကြားဖူးမှာ မဟုတ်ဘူး။ 38သင်တော့ဟ ဆူစေလွှတ်တော်မူတဲ့လူအပေါ်မှာ မယုံကြည်ကြပဲညောင်း ဆူ့ရဲ့နှုတ်ကပါတ်တော်တေကော်လဲ သင်တော့နားမှာ တည်ရှိနေမှာ မဟုတ်ဘူး။ 39သင်တော့ဟ ကျမ်းစာဟနေ နိစ္စထာဝရအဆက်ကော် ရလိမ့်မဲင်ထင်မောက် ကျမ်းစာကော် ရှာဖွေလေ့လာကြဟယ်။ အမှန်ဟ ဟဲင်းကျမ်းစာဟ ငါ့အကြောင်းကော်ပဲ ဖော်ပြထားဟာဖြစ်ဟယ်။ 40ဟဲင်းပေမဲ့ သင်တော့ဟ နိစ္စထာဝရအဆက်ကော် ရဖော့အတွက် ငါ့နားလာရမဲင်ဆိုဟာ ငြင်းဆန်နေကြဟယ်။ 41ါဟ လူတေရဲ့ ချီးမွမ်းဂုဏ်ပြုဟာကော် ရှာနေဟာ မဟုတ်ဘူး။ 42ဟဲင်းပေမဲ့ သင်တော့စိတ်ထဲမှာ ဘုရားရှင်ကော် ဟုတ်တည်းတည်း ချစ်မြတ်နိုးတဲ့စိတ် မရှိဝူးဆိုဟာ ငါဆိဟယ်။ 43ငါဟ ခမည်းတော်ရဲ့ အခွင့်အာဏာနလာလယ်ဝ သင်တော့ဟ ငါ့ကော်လက်မခံကြ။ ဟဲင်းပေမဲ့ တခြားလူတစ်ယောက်ဟ ဆူ့ကိုယ်ပိုင်အခွင့်အာဏာနလာခါတော့ သင်တော့ဟ ဆူ့ကော် လက်ခံကြမှာဖြစ်ဟယ်။ 44သင်တော့ဖယ်လဲ ယုံကြည်ကြမဟား။ သင်တော့အချင်းချင်းချီးမွမ်းဂုဏ်ပြုဟာကော်ပဲ လိုချင်ကြမောက် တစ်ပါးတည်းသော ဘုရားရှင်ရဲ့ ချီးမွမ်းဂုဏ်ပြုဟာကော် ဂရုမစိုက်ကြဘူး။ 45ဟဲင်းပေမဲ့ အဖဘုရားရှင်ရဲ့ရှေ့တော်မှာ သင်တော့ကော် ပြစ်တင်စွပ်စွဲမဲ့လူဟ ငါလောက် သင်တော့မထင်ကြနဲ့။ သင်တော့မျှော်လင့်အားကိုးကြတဲ့ မောရှေကိုယ်တိုင်ဟ သင်တော့ကော် ပြစ်တင်စွပ်စွဲမဲ့လူဖြစ်ဟယ်။ 46မောရှေဟ ငါ့အကြောင်းကော် ရေးဆားခဲ့ဟာဖြစ်မောက် သင်တော့ဟ ဟုတ်တည်းတည်း မောရှေကော် ယုံကြည်ခါ ငါ့ကော်လဲ သင်တော့ ယုံကြည်ရမဲင်ဖြစ်ဟယ်။ 47ဟဲင်းပေမဲ့ မောရှေရေးခဲ့ဟာကော် သင်တော့မယုံကြည်ကြပဲညောင်း ငါပြောဟာတေကော်လဲ သင်တော့ ဖယ်လဲယုံကြည်ကြမဟား" လောက် မိန့်တော်မူလေဟယ်။

Currently Selected:

John 5: INT

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in