Matthew 25
25
1ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ ကိုယ့်ရဲ့မီးအိမ်ကော် ကိုင်ဆွဲမောက် သတို့ဆားကော် ခရီးဦးကြိုပြုဖော့ ထွက်ဟားတဲ့ မိန်းမပျိုဆယ်ယောက်နတူလေဟယ်။ 2ဆူ့တော့တေထဲဟ ငါးယောက်ဟ ပညာမဲ့တဲ့ လူတေဖြစ်မောက် တခြားငါးယောက်ဟ ဉာဏ်ပညာရှိတဲ့လူတေဖြစ်ဟယ်။ 3ပညာမဲ့ဆမားတေဟ မီးအိမ်ကော် ယူဆောင်ဟားလယ်ဝ ဆီအပိုကော်ခါ မယူဆွားကြဘူး။ 4ပညာရှိတဲ့လူတေဟ မီးအိမ်နအတူ ဆီဘူးကော်လဲ အပိုယူဆောင်ဟားကြဟယ်။ 5သတို့ဆားဟ နှောင့်နှေးကြန့်ကြာနေညောင်း ဆူ့တော့အကုန်ဟုန်းဟ အိပ်ငိုက်လာမောက် အိပ်ပျော်ဟားကြလေဟယ်။ 6ညည့်နက်ချိန်ကော် ရောက်လာခါ တစ်ယောက်ယောက်ဟ "လာကြည့်ကြပါအုံး၊ သတို့ဆားရောက်လာဝေါက်။ အပြင်ထွက်မောက် ကြိုဆိုကြပါ" လောက် အော်ဟစ်ဆံကြားရအချိန်မှာ 7မိန်းမပျိုတေဟလဲ ထမောက် ဆူ့တော့ရဲ့မီးအိမ်တေကော် ထွန်းညှိဖော့ ပြင်ဆင်ကြလေဟယ်။ 8ဟဲင်းအချိန်မှာ ပညာမဲ့ဆမားတေဟ 'ငါတော့မီးအိမ်ဟ ဆီကုန်တော့မဲင်ဖြစ်ညောင်း ဆီနည်းနည်းလောက် ခွဲပေးပါ' လောက် ပညာရှိဆမားတေကော် ပြောလေဟယ်။ 9ဟဲင်းပေမဲ့ ပညာရှိတဲ့လူတေဟ 'သင်တော့ကော် ဆီခွဲပေးလိုက်ခါ သင်တော့အတွက်န ကျွန်ုပ်တော့အတွက်ပါ ဆီမလုံလောက်နိုင်တော့ပဲညောင်း ဆီရောင်းတဲ့ဆိုင်ကော်ပဲ ဆွားဝယ်ကြပါ' လောက် ပ္လန်ပြောကြလေဟယ်။ 10ပညာမဲ့တဲ့လူတေဟ ဆီဆွားဝယ်နေတဲ့အချိန်မှာပဲ သတို့ဆားရောက်လာညောင်း အဆင်သင့်ဖြစ်နေဆမားတေဟ သတို့ဆားနအတူ မင်္ဂလာခန်းမထဲကော် ဝင်ဟားမောက် ခန်းမတံခါးကော် ပိတ်ထားကြလေဟယ်။ 11အဲလဲန ပညာမဲ့တဲ့မိန်းမပျိုတေဟ ပ္လန်ရောက်လာချိန်မှာ 'ကိုယ်တော်၊ ကိုယ်တော် ကျွန်မတော့ကော် တံခါးဖွင့်ပေးပါအုံး' လောက် ပြောကြလေဟယ်။ 12ဟဲင်းပေမဲ့ သတို့ဆားဟ "သင်တော့ကော် ငါမဆိပဲညောင်း တံခါးကော် မဖွင့်ပေးနိုင်ဘူး" လောက် ပြောလေဟယ်။ 13ဟဲင်းကြောင့် ကိုယ်တော်ယေရှုဟ "သတိနစောင့်နေကြပါ။ စာလောက်ဟားဆိုခါ ဖယ်နေ့၊ ဖယ်အချိန်မှာ ဖြစ်လာမဲင်ဆိုဟာ သင်တော့မဆိနိုင်ကြပဲညောင်း" ဆိုမောက် မိန့်တော်မူဟယ်။ 14နောက်တခါ ကိုယ်တော်ဟ "ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ ခုအကြောင်းအရာတေနတူဟယ်။ ခရီးရှည်ထွက်တော့မဲ့ သူဌေးကြီးတစ်ယောက်ဟ ဆူ့ရဲ့အစေခံတေကော် ခေါ်မောက် ဆူ့ရဲ့ပစ္စည်းဥစ္စာတေကော် အပ်ခဲ့လေဟယ်။ 15သူဌေးကြီးဟ အစေခံ တစ်ယောက်ကော် ငါးတာလန်a၊ တစ်ယောက်ကော် နှေတာလန်န တစ်ယောက်ကော် တစ်တာလန်တော့ကော် ဆူ့တော့ရဲ့ထိုက်တန်တဲ့ အရည်အချင်းအတိုင်း ပေးအပ်မောက် ခရီးရှည်ထွက်ဟားလေဟယ်။ 16ဟဲင်းခါ ငါးတာလန်ရတဲ့ အစေခံဟ တခါတည်းဆွားမောက် ဟဲင်းပိုက်ဆံတေကော် ရင်းနှီးလိုက်တဲ့အခါမှာ နောက်ထပ်အမြတ် ငါးတာလန်ကော် ရလေဟယ်။ 17ဟဲင်းအတိုင်းပဲ နှေတာလန်ရတဲ့ အစေခံဟလဲ နောက်ထပ်နှေတာလန် အမြတ်ရလေဟယ်။ 18တစ်တာလန်ပဲ ရထားတဲ့ အစေခံခါ မ္လေမှာတွင်းတူးမောက် ဆူ့ရဲ့သခင်ပေးဟားတဲ့ ပိုက်ဆံကော် အောင်းထားလေဟယ်။ 19အချိန်တန်ကြာတဲ့အခါ သူဌေးဟ ပ္လန်လာမောက် ဟဲင်းအစေခံတေန စာရင်းရှင်းလေဟယ်။ 20ဟဲင်းခါ ငါးတာလန်ရဟားတဲ့ အစေခံဟ သူဌေးနားဆွားမောက် နောက်ထပ်အမြတ်ရတဲ့ ပိုက်ဆံငါးတာလန်ကော် ဆက်သမောက် "သူဌေး၊ သင်အပ်ထားတဲ့ ပိုက်ဆံငါးတာလန်ဟ နောက်ထပ်ငါးတာလန် အမြတ်ရဝေါက်။ ကြည့်ပါ" လောက် ပြောလေဟယ်။ 21သူဌေးဟလဲ "အကြီးကျယ်ကောင်းဟယ်။ သင်ဟ သစ္စာစောင့်သိတဲ့ အစေခံဖြစ်ဟယ်။ ပမာဏနည်းတဲ့အရာကော် စီမံခန့်ခွဲရာမှာ သစ္စာရှိညောင်း ပမာဏအများဟုန်းကော် ကြီးကြပ်အုပ်ထိန်းစေမဲင်။ ငါနအတူ ပျော်ရွှင်ဝမ်းမြောက်ပါ" လောက် ပြောလေဟယ်။ 22နှေတာလန်ရတဲ့လူဟလဲ သူဌေးနားလာမောက် "သူဌေး၊ သင်အပ်ထားတဲ့ ပိုက်ဆံနှေတာလန်ဟ နောက်ထပ်ငွေနှေတာလန် အမြတ်ရဝေါက်။ ကြည့်ပါ" လောက် ပြောလေဟယ်။ 23သူဌေးဟလဲ "အကြီးကျယ်ကောင်းဟယ်၊ သင်ဟ အစေခံကောင်းတစ်ယောက်ဖြစ်ပေဟယ်။ နည်းတဲ့အရာမှာတောင် သင်ဟ သစ္စာစောင့်သိညောင်း များတဲ့အရာတေကော် ကြီးကြပ်စောင့်ရှောက်စေမဲင်။ ငါနအတူတူ ပျော်ရွှင်ဝမ်းမြောက်ပါ" လောက် ဆိုလေဟယ်။ 24တစ်တာလန်ရဆမားဟလဲ လာမောက် "သခင်ဟ ကိုယ်မစိုက်ပျိုးထားတဲ့ အရာတေကော် ရိတ်ဆိမ်းမောက် ကိုယ်မျိုးမကြဲထားတဲ့ အရာတေကော်လဲ ဆိမ်းယူတတ်တဲ့ ကြမ်းတမ်းဆမားဖြစ်ကြောင်း ဆိပါဟယ်။ 25ဟဲင်းကြောင့် ကျွန်ုပ်ဟ ကြောက်မောက် သခင်ပေးထားတဲ့ ပိုက်ဆံတေကော် မ္လေထဲမှာ မ္လုပ်ထားပါဟယ်။ ကြည့်ပါ၊ သခင်ရဲ့ပိုက်ဆံတေရှိပါဟယ်" လောက် ပြောလေဟယ်။ 26ဟဲင်းခါ သူဌေးဟ "မိုက်မဲမောက် ပျင်းရိတဲ့အစေခံ၊ ငါဟ မစိုက်ပျိုးပဲ ရိတ်ဆိမ်းတတ်မောက် မျိုးမကြဲပဲ ဆိမ်းယူတတ်မှန်း သင်ဆိနေခါ 27ငါ့ရဲ့ပိုက်ဆံတေကော် အတိုးပေးဆမားနားမှာ သင်အပ်ထားသင့်ဟယ်။ ဟဲင်းလဲဆိုခါ ငါပ္လန်လာတဲ့အခါ ဟဲင်းပိုက်ဆံဟ အတိုးတေန ပ္လန်ရလိမ့်မဲင်။ 28ဟဲင်းကြောင့် ဆူ့နားမှာရှိတဲ့ ပိုက်ဆံတစ်တာလန်ကော်ယူမောက် ဆယ်တာလန်ရထားတဲ့လူကော် ပေးလိုက်ပါ။ 29စာလောက်ဟားဆိုခါ ရှိတဲ့ဆမားတေကော် ထပ်ပေးညောင်း ဆူ့တော့ဟ ပိုမောက် ချမ်းဆာဟားလိမ့်မဲင်။ မရှိတဲ့လူတေဟတော့ ဆူ့မှာ ရှိတဲ့အရာတေကော်တောင် ဆိမ်းယူဟားလိမ့်မဲင်။ 30အဆုံးမက္လတဲ့အစေခံကော် အပြင်ဘက်မှာရှိတဲ့ မှောင်မိုက်တဲ့ နေရာမှာ ဆွားပစ်ထားကြပါ။ ဟဲင်းနေရာမှာ အံကြိတ်မောက် ငိုနေရလိမ့်မဲင်" လောက် ဆိုလေဟယ်။ 31ဘုရားရှင်စေလွှတ်လိုက်တဲ့လူ့ဆားတော်ဟ နတ်ဒေဝါတေခြံရံမောက် ရှင်ဘုရင်တပါးအနေန ကြွလာတော်မူမောက် ဘုန်းအသရေတော်န ပ္လေ့စုံတဲ့ ဆူ့ရဲ့ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူလိမ့်မဲင်။ 32ဟဲင်းအချိန်မှာ လူမျိုးအပေါင်းတေဟလဲ ကိုယ်တော်ရဲ့ရှေ့မှောက်မှာ စုဝေးရောက်ရှိလာကြလိမ့်မဲင်။ ပြီးခါ သိုးထိန်းဟ သိုးတေန ဆိတ်တေကော် သပ်သပ်အုပ်စုခွဲထားသလဲ ကိုယ်တော်ဟ လူတေကော် တစ်ယောက်နတစ်ယောက် သပ်သပ်ခွဲခြားဟားမောက် 33ဖြောင့်မှန်တဲ့လူတေကော် ဆူ့ရဲ့လက်ယာတော်ဖက်မှာ ထားမောက် မဖြောင့်မှန်တဲ့လူတေကော် လက်ဝဲတော်ဖက်မှာ ခွဲခြားမောက် ထားတော်မူလိမ့်မဲင်။ 34နောက်ပြီးခါ ရှင်ဘုရင်ဟ ဆူ့ရဲ့ညာဖက်ဟလူတေကော် "ငါရဲ့ ဖခမည်းတော်ဘုရားရှင်နားဟ ကောင်းချီးမင်္ဂလာခံစားရတဲ့လူတေ၊ ကမ္ဘာဦးအစခါစ သင်တော့အတွက် ပြင်ဆင်ထားတော်မူတဲ့ ဆာဆနာတော်ကော် လာမောက် အမွေဆက်ခံကြပါ။ 35စာလောက်ဟားဆိုခါ သင်တော့တေဟ ငါဆာလောင်နေတဲ့အချိန်မှာ ငါ့ကော် စားစရာတေကျွေးမွေးကြဟယ်။ ငါရေငတ်နေတဲ့အချိန်မှာ သင်တော့ဟ ငါ့ကော် ဆောက်ဖော့ ပေးကြဟယ်။ ငါဟ သူစိမ်းဧည့်ဆေသလဲ ဖြစ်တဲ့အခါမှာလဲ သင်တော့ရဲ့အိမ်မှာ ငါ့ကော် ကြိုဆိုလက်ခံခဲ့ကြဟယ်။ 36ငါဝတ်ဖော့အဝတ်အစား မလုံလောက်တဲ့အခါမှာလဲ သင်တော့ဟ ငါ့ကော် ဝတ်ဖော့ ပေးခဲ့ဟယ်။ ငါနေမကောင်းဖြစ်တဲ့အခါမှာလဲ သင်တော့ ငါ့ကော် ဂရုတစိုက်နပြုစုခဲ့ကြဟယ်။ ငါ အကျဉ်းက္လနေတဲ့ အချိန်မှာလဲ သင်တော့ ငါ့ကော် လာတွေ့ကြဟယ်" လောက် မိန့်တော်မူဟယ်။ 37ဟဲင်းအချိန်မှာ ဖြောင့်မတ်မှန်ကန်တဲ့လူတေဟ "ကိုယ်တော်၊ ကျွန်ုပ်တော့ဟ ကိုယ်တော်ဆာလောင်နေတဲ့အချိန်မှာ အစားအစာတေကော် ကျွေးမွေးဖူးဟာ၊ ကိုယ်တော်ဟ ရေငတ်နေတဲ့အချိန်မှာ ဆောက်စရာတေ ပေးဟာကော် ဖယ်အခါဟ လုပ်ခဲ့ပေးဖူးဟား။ 38ပြီးခါ ဖယ်အချိန်တုန်းဟ ကိုယ်တော်ဟ သူစိမ်းဧည့်ဆေဖြစ်တော်မူဟာကော် မြင်မောက် ကြိုဆိုလက်ခံဖူးဟား။ မဟုတ်ပဲလောက် ဝတ်ဖော့မရှိဟာကော် မြင်မောက် ကိုယ်တော်ကော် ဝတ်စရာတေကော် ပေးခဲ့ဖူးဟား။ 39ကျွန်ုပ်တော့ဟ ကိုယ်တော် နေမကောင်းဖြစ်နေဟာန၊ အကျဉ်းက္လနေဟာကော် မြင်မောက် ဖယ်တုန်းဟ ကိုယ်တော်နား လာခဲ့ဖူးဟား" လောက် ရှင်ဘုရင်ကော် ပ္လန်လျှောက်တင်ကြလိမ့်မဲင်။ 40ဟဲင်းခါ ရှင်ဘုရင်ဟလဲ "သင်တော့ကော် ငါအမှန်တိုင်းပြောမဲင်၊ ငါ့ရဲ့တပဲ့တေထဲဟ အရေးမပါဆုံးဖြစ်တဲ့ တစ်ယောက်ယောက်ကော်တောင် သင်တော့တေ ပြုမူဆက်ဆံခဲ့ဟာတေဟ ငါ့ကော် ပြုမူဆက်ဆံခဲ့ဟာန အတူတူပဲ" လောက် ပ္လန်မိန့်ဆိုလိမ့်မဲင်။ 41ပြီးခါ ရှင်ဘုရင်ဟ လက်ဝဲတော်မှာရှိတဲ့လူတေကော် "ကျိန်ဆဲခြင်းခံရဆမားတော့၊ ငါ့နားဟနေထွက်ဟားမောက် မာရ်နတ်န ဆူ့ရဲ့နောက်လိုက် မကောင်းဆိုးဝါးတေအတွက် ပြင်ဆင်ဟားတဲ့ ထာဝရလောက်မြိုက်နေတဲ့မီးထဲကော် ဆွားကြပါ။ 42စာလောက်ဟားဆိုခါ ငါဆာလောင်တဲ့အချိန်မှာ သင်တော့ ငါ့ကော် စားဖော့လဲ မပေး၊ ငါရေငတ်တဲ့အချိန်မှာလဲ သင်တော့ ငါ့ကော် ဆောက်ဖော့ မပေးကြ။ 43ငါ သူစိမ်းဧည့်ဆေဖြစ်တဲ့အခါမှာ သင်တော့ဟ ငါ့ကော် ကြိုဆိုလက်ခံဟာတေ မရှိကြ။ ငါဝတ်ဖော့မရှိတဲ့အချိန်မှာ သင်တော့ဟ ငါ့ကော် ဝတ်ဖော့မပေးကြ။ ငါနေမကောင်းဖြစ်တဲ့အချိန်န အကျဉ်းက္လနေတဲ့အချိန်မှာ သင်တော့ ငါ့ကော် မကြည့်ရှု့ကြ" လောက် မိန့်တော်မူလိမ့်မဲင်။ 44ဟဲင်းခါ ဆူ့တော့တေဟလဲ 'ကိုယ်တော်၊ အကျွန်ုပ်တော့ဟ ဖယ်အချိန်တုန်းဟ ကိုယ်တော်ဆာလောင်တော်မူဟာတေ၊ ရေငတ်တော်မူဟာတေ၊ သူစိမ်းဧည့်ဆေဖြစ်တော်မူဟာတေ၊ ဝတ်စရာမရှိဖြစ်တော်မူဟာတေ၊ နေမကောင်းဖြစ်တော်မူနေဟာတေန အကျဉ်းက္လတော်မူနေဟာတေကော် မြင်မောက် ကိုယ်တော်ကော် မလုပ်ကျွေးမပြုစုပဲ နေကြဟား' လောက် ပ္လန်လျှောက်ကြလိမ့်မဲင်။ 45ဟဲင်းခါ ရှင်ဘုရင်ဟလဲ 'သင်တော့ကော် ငါအမှန်တိုင်းပြောမဲင်။ ငါ့ရဲ့တပဲ့တော်တေထဲဟ အရေးမပါဆုံးတစ်ယောက်ယောက်ကော်တောင် သင်တော့မပြုမူခဲ့ဆမျှတေဟ ငါ့ကော် မပြုမူဟာန အတူတူပဲ' လောက် ပ္လန်မောက် မိန့်တော်မူလိမ့်မဲင်။ 46ဟဲင်းခါ ဟဲင်းလူတေဟ ထာဝရအပြစ်ဒဏ်ခံရမဲ့နေရာကော် ဆွားကြရလိမ့်မဲင်။ ဖြောင့်မတ်မှန်ကန်တဲ့လူတေခါ ထာဝရအဆက်ရှင်မဲ့အရပ်ကော် ဆွားကြရလိမ့်မဲင်" လောက် မိန့်တော်မူဟယ်။
Currently Selected:
Matthew 25: INT
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the Intha NT is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.