YouVersion Logo
Search Icon

Mark 12

12
1ထို့နောက် ကိုယ်တော်ယေရှုဟ ပုံဥပမာတေန ဂျူးလူမျိုးခေါင်းဆောင်တေကော် ဟောကြားတော်မူဟာဟ "လူတစ်ယောက်ဟ ဆူ့ခြံမှာ စပျစ်ဆီးတေကော် စိုက်ပျိုးမောက် ခြံပတ်လည်မှာ ကျောက်တံတိုင်းတခုဆောက်ပြီး စပျစ်ဆီးဖျော်ရည်ကော် ညှစ်ယူဖော့ နေရာတခုပြုလုပ်ခဲ့ဟယ်။ သူခိုးတေန တိရစ္ဆာန်တေရန်မှ ကာကွယ်ဖော့ ကင်းမျှော်စင်ကော်လဲ ဆောက်လုပ်ခဲ့ဟယ်။ပြီးခါ ဟဲင်းလယ်ကော် ငှားရမ်းဆမား တချို့နား ငှားရမ်းကာ အခြားအရပ်ကော် ခရီးရှည်ထွက်ခဲ့ဟယ်။ 2စပျစ်ဆီးတေ ရင့်မှည့်ချိန်ကော် ရောက်လာတဲ့အခါမှာ ဟဲင်းလူဟ စပျစ်ခြံမှ အမြတ်အချို့ကော် ရယူဖော့ စပျစ်ခြံငှားဆမားတေနား ဆူ့ရဲ့အစေခံတစ်ယောာက်ကော် စေလွှတ်လိုက်လေဟယ်။ 3ဟဲင်းပေမဲ့ ခြံငှားဆမားတေဟာ အစေခံကော်ဖမ်းဆီးရိုက်နှက်ပြီး စာတစ်ခုမှမပေးပဲ ပ္လန်လွှတ် လိုက်ကြ ဟယ်။ 4စပျစ်ခြံပိုင်ရှင်ဟ နောက်အစေခံတစ်ယောက်ကော် နောက်တခါ လွှတ်လိုက်တဲ့အခါ စပျစ်ခြံငှားဆမားတေဟ အစေခံကော် ရိုက်နှက်မောက် အရှက်ခွဲလိုက်ကြဟယ်။ 5စပျစ်ခြံပိုင်ရှင်ဟ နောက်တစ်ခါ အစေခံတစ်ယောက်ကော် ထပ်မောက်စေလွှတ်လိုက်တဲ့အခါ စပျစ်ခြံငှားဆမားတေဟ ဟဲင်းအစေခံကော်အဆေဆတ်ပစ် လိုက်ကြဟယ်။ ဟဲင်းပေမယ့် ပိုင်ရှင်ဟာ ဆူ့အစေခံတေကော် တစ်ယောက်ပြီး တစ်ယောက် စေလွှတ်ပေမယ့် ခြံငှားဆမားတေဟ တစ်ချို့အစေခံကော် ညှင်းပန်းနှိပ်စက်ပြီး ၊တစ်ချို့အစေခံကော် ဆတ်ပစ်လိုက်ကြဟယ်။ 6နောက်ဆုံးမှာ စပျစ်ခြံပိုင်ရှင်ဟ ခြံငှားဆမားတေနား ထပ်မံစေလွှတ်ဖော့ ဆူ့ရဲ့ချစ်လှတဲ့ ဆားတစ်ယောက်ပဲ ကျန်တော့ဟယ်။ခြံပိုင်ရှင်ဟ "ငါ့ဆားကော်တော့ ဆူ့တော့ရိုဆေလေးစားကြမှာပဲ" လောက်ဆိုကာ ဟဲင်းဆားကော် စေလွှတ်လိုက်လေဟယ်။ 7အငှားခြံဆမားတေဟ ပိုင်ရှင်ရဲ့ဆားလာနေဟာကော် တွေ့တဲ့အခါ "ဒီလူဟာ စပျစ်ခြံကော် အမွေဆက်ခံမဲ့တစ်ယောက်တည်းသောဆမားပဲ။တော့တေ စပျစ်ခြံကော်ရဖော့အတွက် ဆူ့ကော်ဆတ်ကြရအောင်" လောက်အချင်းချင်းပြောဆိုကြလေဟယ်။ 8ထို့နောက် ခြံငှားဆမားတေဟ ပိုင်ရှင်ရဲ့ဆားကော် ဖမ်းဆီးချုပ်နှောင်ကာ ဆတ်ပြစ်မောက် အလောင်းကော် ခြံအပြင်မှာ ပြစ်ထားကြလေဟယ်။ 9ထို့နောက် ကိုယ်တော်ဟ ဆက်လက်မောက် "ဟဲင်းလဲဆိုခါ စပျစ်ခြံပိုင်ရှင်ဟ ဖယ်လဲပြုမဟား။ဆူဟ စပျစ်ခြံကော်လာမောက် ခြံငှားလုပ်ဆားတေကော် ဆတ်ပစ်မောက် ဟဲင်းခြံကော် တခြားလူတေနား လွှဲပြောင်းပေးလိမ့်မဲင်။ 10“တိုက်အိမ်ဆောက်ဆမားတော့ ပယ်ဟားတဲ့ကျောက်တုံးဟ အဆောက်အဦးတည်ဆောက်ရာမှာ အရေးကြီးတဲ့ ထောင့်ချုပ်ကျောက် ဖြစ်လာရဟယ်" ဆိုဟာကော် ကျမ်းစာမှာ သင်တော့မဖတ်ဖူးကြသလော့။ 11ဤအမှုဟ ဘုရားရှင် ပြုတော်မူတဲ့အမှုဖြစ်ညောင်း လူတေရဲ့မျက်မှောက်မှာ အံ့ဩဖွယ် ဖြစ်လေဟယ်” ဆိုတဲ့ကျမ်းစာကော် နဲင်တော့မဖတ်ဖူးဘူးလား" လောက်မိန့်တော်မူလေဟယ်။ 12ဟဲင်းခါ ဂျူးဘာဆာရေးခေါင်းဆောင်တေဟ ကိုယ်တော်ဟ ဤပုံဥပမာကော် ဆူ့တော့ကော်ရည်ညွှန်းမောက် ဆန့်ကျင်မိန့်ဆိုကြောင်းကော် ဆိညောင်း ကိုယ်တော်ကော် ဖမ်းဆီးလိုကြဟယ်။ဟဲင်းပေမဲ့ ဆူ့တော့ဟ ကိုယ်တော်ရဲ့အဆုံးအမတေကော် ခံယူနေကြတဲ့ လူထုပရိတ်ဆတ်တေကော် ကြောက်ရွံ့ညောင်း ကိုယ်တော်ကော်ထားခဲ့မောက် ထွက်ဟားကြလေဟယ်။ 13ပြီးခါ ဆူ့တော့ဟ ဖာရိရှဲအချို့န ဟေရုဒ်ရဲ့လူအချို့ကော် ကိုယ်တော်ယေရှု အမှားတစ်စုံတရာပြောလာစေဖော့ မေးခွန်းတေန ထောင်ချောက်ဆင်ဖော့ ကိုယ့်တော့်နားကော် စေလွှတ်လိုက်ကြလေဟယ်။ 14ဟဲင်းလူတေဟကိုယ်တော်နားကော် လာရောက်မောက် ကိုယ့်တော့်ကော် "ဆရာ၊ဆရာဟ လူတေဖယ်သလဲထင်ထင် အမှန်တရားကော်ပြောမောက် ဘုရားရှင်ရဲ့လမ်းစဉ်တေကော် သွန်သင်ပြီး လူတေကော် တန်းတူညီမျှ ဆက်ဆံတော်မူဆမားဖြစ်ပါဟယ်။ဟဲင်းကြောင့် အကျွန်ုပ်တော့ဟ ဧကရာဇ်ကော် အခွန်ဆက်သဖော့လိုပါသလော။ ၎င်းဟ ပညတ်တော်န ညီပါသလော့" လောက် ထောင်ချောက်ဆင်မောက် မေးမြန်းကြလေဟယ်။ 15ကိုယ်တော်ဟလဲ ဟဲင်းလူရဲ့ဆိုလိုရင်းကော် ဆိညောင်း ဆူ့တော့ကော် "သင်တော့ စာလောက်ငါ့ကော်စမ်းသပ်ကြဟား။ငါကြည့်ဖော့ ငါ့နားကော် ဒေနာရီဒင်္ဂါး(ငွေနလုပ်ဟားမောက် ရောမလူမျိုးတေအဆုံးပြုတဲ့ ဒင်္ဂါးပြားဖြစ်ပြီး တစ်ဖက်တစ်ချက်ဆီမှာ ဘုရင်ဧကရာဇ်ရဲ့ရုပ်ပုံန အမည်တော့ပါရှိဟယ်။)တစ်ပြားကော် ယူခဲ့ကြလော့" လောက်မိန့်တော်မူဟယ်။ 16ဆူ့တော့ဟ ငွေဒင်္ဂါးတစ်ပြားကော် ကိုယ်တော်ကော် ပေးလိုက်တဲ့အခါ “ဟဲင်းငွေဒင်္ဂါးပေါ်မှာ မဆူ့ရုပ်ပုံန နံမေပါရှိဟား” လောက် ကိုယ်တော်ဟ မေးလေဟယ်။ ဟဲင်းခါ ဆူ့တော့ဟ “ ဘုရင်ဧကရာဇ်ရဲ့ရုပ်ပုံနနံမေပါရှိပါဟယ်” လောက် ဖြေလိုက်လေဟယ်။ 17ဟဲင်းခါ ကိုယ်တော်ဟ“ဘုရင်ဧကရာဇ်နသက်ဆိုင်တဲ့ အရာတေကော် ဘုရင်ဧကရာဇ်ကော်ပေးပါ။ဘုရားရှင်နဲ့သက်ဆိုင်တဲ့အရာတေကော်လဲ ဘုရားရှင်ကော်ပေးကြလော့” လောက်မိန့်ဆိုညောင်း ဟဲင်းလူတေဟလဲ အံ့ဩမင်သက်ကြလေဟယ်။ 18ပြီးခါ ဆေခြင်းမှ ရှင်ပ္လန်ထမြောက်ခြင်းကော် အယုံအကြည်မရှိတဲ့ ဇဒုက္ကဲလောက်ခေါ်တဲ့ လူတေဟ ကိုယ်တော့်နားကော် လာကြဟယ်။ 19ဟဲင်းလူတေဟ ကိုယ်တော်ကော် “ဆရာ၊မောရှေကျမ်းမှာဖော်ပြဟားဟာဟ တကယ်လောက် လူတစ်ယောက်ရဲ့ အကိုဖြစ်ဆမားဟ မိန်းမရှိလျက် ဆားဆမီးမရခင်ဆေဟားလောက်ရှိခါ ဟဲင်းလူဟ အကိုဖြစ်ဆမားရဲ့ မိန်းမကော် လက်ထပ်မောက် ဆူ့ရဲ့အကိုအတွက် ဆားဆမီးရစေဖော့ ဆောင်ရွက်ရမဲင်' လောက် ရေးဆားထားခဲ့ဟယ်။ 20ဟဲင်းကြောင့်လောက် တခါဟ ညီကိုခုနစ်ယောက်ရှိခါ အကိုအကူးဆုံးဟ အိမ်ထောင်က္လမောက် ဆားဆမီးမရရှိဘဲ ဆေဟားခဲ့လေဟယ်။ 21ဟဲင်းကြောင့် ဒုတိယ အစ်ကိုဟ ဆေဟားတဲ့အကိုရဲ့မိန်းမကော် လက်ထပ်ယူခဲ့မောက် ဆူဟလဲ ဆားဆမီးမရဘဲ ဆေဟားခဲ့လေဟယ်။ထိုနောက် တတိယအကိုဟလဲ ဟဲင်းသလဲ ဆေဟားခဲ့လေဟယ်။ 22နောက်ဆုံးမှာ ညီကိုခုနှစ်ယောက်စလုံး ဟဲင်းနည်းအတိုင်း ဟဲင်းမိန်းမန လက်ထပ်ကြမောက် ဆားဆမီးမထွန်းကားဘဲ ဆေခဲ့မောက် နောက်ဆုံးမှာ ဟဲင်းအမျိုးဆမီးဟလဲ ဆေဟားခဲ့ဟယ်။ 23ဟဲင်းလဲဖြစ်ပါက ညီအစ်ကို ခုနှစ်ယောက်စလုံး ရှင်ပ္လန်ထမြောက်တဲ့အချိန်မှာ ဆူ့တော့နလက်ထပ်ဟားတဲ့ ဟဲင်းမိန်းမဟ မဆူ့ရဲ့မိန်းမ ဖြစ်မဟား" လောက်မေးလျှောက်ကြလေဟယ်။ 24ဟဲင်းခါ ကိုယ်တော်ဟ “သင်တော့ဟ ဘုရားရှင်ရဲ့တန်ခိုးတော်ကော်ရော၊ ကျမ်းစာကော်ရော မဆိနားမလည်ခြင်းကြောင့် ဟဲင်းသလဲ အယူလွဲမှားနေခြင်းဖြစ်ဟယ်။ 25ဆေခြင်းမှ ရှင်ပ္လန်ထမြောက်ချိန်မှာ လူတေဟ ရွှေမြို့တော်ရှိ နတ်ဒေဝါတေသလဲ လက်ထပ်ထိမ်းမြားခြင်းကော် မပြု။ပေးစားဆောင်နှင်းခြင်းလဲ ရှိတော့မည်မဟုတ်။ 26ဟဲင်းပြင် ဆေပြီးဆားလူတေရှင်ပ္လန်ထမြောက်ခြင်းန ပတ်သက်မောက် မောရှေရဲ့ပညတ်တော်မှာ ဘုရားရှင်ဟ မီးလောင်နေတဲ့ ခြုံပုတ်မှာ မောရှေကော် 'ငါဟ အာဗြဟံရဲ့ဘုရား၊ ဣဇက်ရဲ့ဘုရား၊ယာကုပ်ရဲ့ဘုရားဖြစ်ဟယ်' လောက်မိန့်ကြားခဲ့ဟာကော် သင်တော့မဖတ်ဖူးကြသလော။ 27ဘုရားရှင်ဟာ ဆေဟားဆမားတေရဲ့ ဘုရားမဟုတ်ဘဲ ဆက်ရှိဆမားတေရဲ့ ဘုရားရှင် ဖြစ်တော်မူဟယ်။ သင်တော့ဟ အကြီးကျယ်မှားယွင်းနေကြပြီ" လောက်မိန့်တော်မူလေဟယ်။ 28ဟဲင်းနေရာမှာ ကျမ်းတတ်ဆရာတစ်ယောက်ဟ ကိုယ်တော်ယေရှုန ဇဒုက္ကဲတော့ ဆွေးနွေးငြင်းခုံနေကြဟာကော် နားထောင်ပြီး ကိုယ်တော်မှ ဟဲင်းလူတေရဲ့မေးခွန်းကော် မှန်ကန်ဆီလျော်စွာပ္လန်လည်ဖြေကြားဟာကော်မြင်လေဟယ်။ ဟဲင်းကျမ်းတတ်ဆရာဟ ကိုယ်တော်ကော် "ပညတ်တော်တေအများဟုန်းတေမှာ ဖယ်ပညတ်တော်ဟ အရေးကြီးဆုံးဖြစ်ဟား" လောက်ကိုယ်တော်ကော် မေးလေဟယ်။ 29ကိုယ်တော်ဟ “အရေးကြီးဆုံး ပညတ်တော်မှာ 'အစ္စရေးတော့၊နားထောင်ကြလော့။အရှင်ဟ ငါတော့ရဲ့ တစ်ဆူတည်းသော ဘုရားရှင်ဖြစ်ဟယ်။ 30ဘုရားရှင်ကော် သင်ရဲ့ကိုယ်၊စိတ်၊နှလုံး ဆုံးပါးလုံးန အကြွင်းမဲ့ယုံကြည်ကိုးကွယ်မောက် ချစ်ခင်ရမဲင်" ဆိုမောက်ဖြစ်ဟယ်။ 31ဒုတိယအနေန 'သင့်ရဲ့အိမ်နီးချင်းကော် သင့်ကိုယ်သင်ချစ်သလဲ ချစ်ခင်ရမဲင်' ဆိုမောက်ဖြစ်ဟယ်။ဤပညတ်တော်တေထက် သာလွန်တဲ့ အခြားပညတ်တော်မရှိ" လောက် ကျမ်းတတ်ဆရာတေကော် ပ္လန်ဖြေကြားလေဟယ်။ 32ဟဲင်းလူဟ ပ္လန်လည်မောက် ကိုယ်တော်ကော် “မှန်ပါဟယ် ဆရာ။ဘုရားရှင်ဟ တစ်ဆူတည်းရှိမောက် ဟဲင်းဘုရားရှင်မှတစ်ပါး တခြားသောဘုရားမရှိ လောက်ဆရာပြောဟာဟ ဟုတ်မှန်ပါဟယ်။ 33အကျွန်ုပ်တော့ဟ ဘုရားရှင်ကော် နှလုံးဆားထဲဟနေမောက် ကိုယ်စွမ်းဉာဏ်စွမ်းရှိဆမျှန ချစ်မြတ်နိုးရမဲင်။လူတစ်ယောက်နတစ်ယောက်ကော် မိမိကိုယ်ကိုမိမိ ချစ်သလဲ ချစ်ခင်ရမဲင်။ဤပညတ်တော်ဟ တခြားကျန်ရှိနေတဲ့ စွန့်လွှတ်အနစ်နာခံမှုန အလှူအတန်းတေထက် အရေးကြီးဆုံးပင် ဖြစ်ပါဟယ်" လောက်ပ္လန်လည်လျှောက်တင်လေဟယ်။ 34ဟဲင်းလူရဲ့ ပညာရှိစွာ ပ္လန်ဖြေကြားဟာကော် ကိုယ်တော်ယေရှု ကြားရတဲ့အခါ ကိုယ်တော်ဟ "သင်ဟ ဘုရားရှင်ရဲ့ဆာဆနာတော်န အလှမ်းမဝေး" လောက် မိန့်တော်မူလေဟယ်။ဟဲင်းအချိန်မှစမောက် ကိုယ်တော်ယေရှုကော် မဆူ့မှ စမ်းသပ်မေးမြန်းခြင်းမပြုဝံ့တော့ပေ။ 35တနေ့မှာ ကိုယ်တော်ယေရှုဟ ဝတ်ပြုဆုတောင်းကျောင်းတစ်ခုမှာ လူအများကော် ဟောပြောသွန်သင်နေစဉ် "မေရှိယဟ ဘုရင်ဒါဝိဒ်ရဲ့ ဆားစဉ်မြေးဆက် ဖြစ်ဟယ်လောက် ကျမ်းတတ်ဆရာတေဟ ဖယ်လဲပြောနိုင်ဟား။ 36စာလောက်ဟားဆိုခါ ရှေးရှေးတုန်းဟ ဒါဝိဒ်မင်းကြီးဟ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးန 'ထာဝရဘုရားရှင်ဟ ကယ်တင်ရှင်မေရှိယကော် သင့်ရဲ့ရန်ဆူတေကော် သင်ရဲ့ခေဖဝါးအောက်မှာ ငါရှုံးနိမ့်စေသည့်တိုင်အောင် အခွင့်အာဏာအပ္လေ့န ဂုဏ်သရေရှိစွာ ငါ့လက်ယာဖက်မှာ ထိုင်နေလော့' လောက်ငါ့အရှင်ကော်မိန့်တော်မူဟယ်။ 37ဒါဝိဒ်ကိုယ်တိုင်ဟ ကယ်တင်ရှင်မေရှိယကော် 'အရှင်' လောက်ခေါ်ခါ ၊ကယ်တင်ရှင်မေရှိယဟ ဒါဝိဒ်ရဲ့ဆားစဉ်မြေးဆက် ဖယ်လဲဖြစ်နိုင်မဟား "လောက် မိန့်တော်မူဟယ်။အကြီးကျယ်များတဲ့ လူပရိတ်ဆတ်တေဟ ကိုယ်တော်ယေရှုဟောကြားဟာတေကော် ဝမ်းမြောက်စွာ နားထောင်နေကြလေဟယ်။ 38ကိုယ်တော်ဟ ဆက်မောက် "ကျမ်းတတ်ဆရာတေကော် သတိထားကြပါ၊ ဆူ့တော့တေဟာ တန်ဖိုးကြီးတဲ့ဝတ်ရုံရှည်တေကော် ဝတ်မောက် လူအများတော့မြင်စေဖော့ ဆွားလာပြခြင်းကော်လည်းကောင်း လူအများဟုန်းရှိတဲ့ဆေးထဲမှာ လူတေရဲ့တလေးတစားနှုတ်ဆက်ခံရခြင်းလည်းကောင်း အထူးနှစ်သက်ကြဟယ်။ 39ဆူ့တော့ဟာ ဓမ္မာရုံတေမှာ အရေးကြီးတဲ့လူတေသာ ထိုင်ရတဲ့ နေရာမှာ ထိုင်မောက် လူအများဟ ဆူ့တော့ကော် ဂုဏ်သရေရှိစွာ အစားအဆောက်တေ ကျွေးမွေးကြဟာကော် ကြိုက်နှစ်သက်ကြဟယ်။ 40ဆူ့တော့ဟ မုဆိုးမ ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတေကော် လိမ်လည်လှည့်ဖျားပြီး ရယူတတ်ကြဟယ်။ပြီးခါ ဆူ့တော့ဟ ဖြောင့်မတ်မှန်ကန်တဲ့ဆူတော်ကောင်းတေသလဲ ဟန်ဆောင်တတ်ကြဟယ်။ဆူ့တော့ဟ တခြားလူတေထက် ကြီးမားတဲ့အပြစ်ဒဏ်ကော် ခံကြရမဲင်ဖြစ်ဟယ်" လောက် မိန့်လေဟယ်။ 41ကိုယ်တော်ဟ ဗိမာန်တော်မှာ ထိုင်နေခါ အနီးရှိ အလှူသေတ္တာထဲကော် လူအများဟ အလှူငွေထေ့နေကြပုံကော် ကြည့်နေဟယ်။လူချမ်းဆာအများစုဟ အလှူငွေအများဆုံး ထေ့ဝင်လှူဒန်းကြဟာကော် သတိထားမိလေဟယ်။ 42ဟဲင်းနောက်မှာ ဆင်းရဲနွမ်းပါးတဲ့ မုဆိုးမတစ်ယောက်ဟလဲ လာမောက် ဒင်္ဂါးအကြွေစေ့နှေစေ့ကော် ထေ့ဝင်လှူဒန်းလေဟယ်။ 43ဟဲင်းခါ ကိုယ်တော်ဟ ဆူ့ရဲ့တပဲ့တော်တေကော် ခေါ်မောက် ဆူ့တော့ကော် "သင်တော့ကော် ငါအမှန်ဆိုရမဲင်။ဤဆင်းရဲနွမ်းပါးတဲ့ မုဆိုးမဟ ဤအလှူခံသေတ္တမှာ တခြားလူတေအကုန်ဟုန်းထက် သာမောက် အလှူဒါနပြုခဲ့ဟယ်။ 44စာလောက်ဟားဆိုခါ လူတေဟ ဆူ့တော့မှာ ပိုနေတဲ့အရာတေကော်သာ လှူဒန်းကြဟယ်။ဟဲင်းပေမဲ့ အဲမုဆိုးမခါ အဲလောက်ဆင်းရဲနွမ်းပါးနေတောင် ဆူမမှာ ရှိဆမျှငွေကြေးအကုန်ကော် လှူဒန်းလိုက်ညောင်းဖြစ်ဟယ်။

Currently Selected:

Mark 12: INT

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in