YouVersion Logo
Search Icon

Mark 2

2
1ရက်အနည်းငယ်ကြာပြီးခါ ကိုယ်တော်ယေရှုဟ ကပေရနောင်မြို့ကော်ပ္လန်ဟားလေဟယ်။ဟဲင်းမြို့မှ လူများဟလဲ ကိုယ်တော်ပ္လန်ရောက်နေတဲ့စတင်းကော် ကြားဆိကြလေဟယ်။ 2ဟဲင်းခါ အကြီးကျယ်များတဲ့လူအုပ်ကူးဟ စုဝေးတိုးကြိတ်မောက် ကိုယ်တော်ယေရှုနားရောက်ရှိလာကြပြီး အိမ်တံခါးအပြင်ဖက်အထိတောင် လူပ္လေ့နေဟယ်။ထို့နောက်ကိုယ်တော်ယေရှုဟ လူအများကော် ဟောပြောသင်ကြားလေဟယ်။ 3ပြီးခါလေဖြတ်နေဆမားတစ်ယောက်ကော် တခြားလူလေးယောက်ဟ ထမ်းမောက် ကိုယ်တော်နားကော် လာကြဟယ်။ 4ဟဲင်းလူတေဟ လူအုပ်ကူးကော်တိုးမပေါက်နိုင်ဘဲညောင်း ကိုယ်တော်ယေရှုအပေါ်ရှိ အိမ်ခေါင်မိုးပေါ်ကော်ဖောက်မောက် လေဖြတ်နေဆမားလှဲနေတဲ့ဖျာကော် ဖြည်းညှင်းစွာခ္လလေဟယ်။ 5ကိုယ်တော်ယေရှုဟ ဟဲင်းလူတေရဲ့ယုံကြည်ချက်ကော်မြင်ခါ လေဖြတ်နေဆမားကော် “မိတ်ဆွေ၊သင်ရဲ့အပြစ်ဒုစရိုက်တေကော်ခွင့်လွှတ်လိုက်ပါပြီ”လောက် ဆိုလေဟယ်။ 6ဟဲင်းပေမဲ့ ဟဲင်းနေရာမှာ ထိုင်နေတဲ့မောရှေ ကျမ်းတတ်ဥပဒေဆရာကြီးတေဟ 7“စာလောက် အဲလူဟ ဟဲင်းသလဲပြောရဟား။ဆူ့ကော်ဆူဘုရားလောက်ထင်နေဟယ်။ဘုရားဟာသာ အပြစ်ဒုစရိုက်တေကော် ခွင့်လွှတ်ပေးနိုင်ဟယ်"လောက် ဆူ့တော့ရဲ့စိတ်ထဲမှာ ဝေဖန်ပြောဆိုနေကြဟယ်။ 8တခါတည်းကိုယ်တော်ယေရှုဟ ဆူ့တော့ရဲ့စိတ်ထဲမှာ ဖယ်လဲတွေးတောနေဟာကော်ဆိတော်မူမောက်ဆူ့တော့ကော် "သင်တော့ စာလောက် အဲသလဲတွေးနေဟား။ 9လေဖြတ်နေဆမားကော် 'သင်ရဲ့အပြစ်ဒုစရိုက်တေကော် ခွင့်လွှတ်လိုက်ပြီ' မဟုတ်ဘဲခါ ' ထပါ သင်ရဲ့ဖျာကော် ကောက်မောက် လမ်းလျှောက်ပါ 'လောက် ပြောလောက်ရှိခါ ဖယ်ဟာဟ ပိုမောက် လွယ်ကူဟား။ 10ဟဲင်းပေမဲ့ ကမ္ဘာပေါ်ရှိ အပြစ်ဒုစရိုက်တေကော် ခွင့်လွှတ်နိုင်တဲ့ အခွင့်အာဏာဟ လူရဲ့ဆားမှာ ရှိဟာကော် သင်တော့ကော် ပြသမဲင်" လောက်မိန်ဆိုပြီး ကိုယ်တော်ယေရှုဟ လေဖြတ်နေဆမားကော် “ 11“သင့်အားငါဆိုမည်။ထလော့၊ သင့်ရဲ့ဖျာကော် ကော်မောက် အိမ်ပ္လန်ပါ”လောက် မိန့်ဆိုလေဟယ်။ 12ဟဲင်းလူဟ တခါတည်းမတ်တပ်ထရပ်မောက် ဖျာကော်ကောက်ယူပြီးခါ လူအများရှေ့မှ အိမ်ကော် ထွက်ဟားဟယ်။ဟဲင်းအကြောင်းအရာကော် မြင်တဲ့အခါ လူတေဟ အံ့ဩမောက် "ကျွန်ုပ်တော့ အဲသလဲ တခါမှမတွေ့ဘူးပါ" လောက်ပြောဆိုမောက် ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်ကော် ချီးမွမ်းကြဟယ်။ 13ကိုယ်တော်ယေရှုဟ ဂါလိလဲကမ်းခြေကော် နောက်တခါ ပ္လန်လည်ကြွရောက်တော်မူလာတဲ့အခါ အကြီးကျယ်များတဲ့လူအုပ်ကူးဟ ကိုယ်တော်နားကော် ဝိုင်းအုံရောက်ရှိလာမောက် ကိုယ်တော်ဟ ဆူ့တော့ကော် သင်ကြားပို့ချလေဟယ်။ 14ကိုယ်တော်ယေရှုဟဆက်လက်မောက် ခရီးဆက်နေချိန်မှာ အခွန်ကောက်တဲ့နေရာမှာ ထိုင်နေတဲ့ အာလဖရဲ့ဆား လေဝိကော် မြင်မောက် ဟဲင်းလူကော် "ငါ့နောက်လိုက်ခဲ့လော့" လောက်မိန့်ဆိုဟယ်။ဟဲင်းခါလေဝိဟ ထိုင်နေရာဟနေ ထမောက် ကိုယ်တော်နောက်ကော် လိုက်ပါလာလေဟယ်။ 15ထို့နောက် အကြီးကျယ်များတဲ့ အခွန်ကောက်ဆမားတေ၊အပြစ်ဒုစရိုက်ဆမားတေ၊တပဲ့တော်တော့ဟလဲ ကိုယ်တော်နောက်ကော် လိုက်ပါလာကြဟယ်ဖြစ်မောက် လေဝိအိမ်မှာ ကိုယ်တော်နအတူ ဟဲင်းလူတေအကုန်ဟုန်းဟ အစားအစာစားဆောက်နေကြဟယ်။ 16ကိုယ်တော်ယေရှုဟ အခွန်ကောက်ဆမားတေ အပြစ်ဒုစရိုက်ဆမားတေနအတူ စားဆောက်နေဟာကော် ဖာရိရှဲတေဖြစ်တဲ့ ကျမ်းတတ်ဆရာတေ မြင်တဲ့အခါ ကိုယ်တော်ရဲ့တပဲ့တော်တေကော် "ဆူဟ စာလောက် ဟဲင်းသလဲလူတေန အတူ စားဆောက်နေရဟား" လောက်မေးလေဟယ်။ 17ကိုယ်တော်ယေရှုဟ ဆူ့တော့မေးဟာကော် ကြားမောက် ဆူ့တော့ကော် ပ္လန်ပြောဟာဟ"ကျန်းမာဆမားဟ ဆရာဝန်လိုမဲင်မဟုတ်။ရောဂါဝေဒနာရှင်ဟသာ လိုအပ်ဟယ်။ကျွန်ုပ်ဟ လူကောင်းတေကော် ဖိတ်ခေါ်ဖော့လာဟာမဟုတ်၊ဒုစရိုက်ဆမားတေကော်သာ ဖိတ်ခေါ်ဖော့လာခြင်းဖြစ်ဟယ်"လောက် မိန့်ဆိုလေဟယ်။ 18တနေ့မှာရေနှစ်မင်္ဂလာဆရာယောဟန်ရဲ့တပဲ့တေနဖာရိရှဲတေဟ အစာရှောင်မောက်နေကြဟယ်။ဟဲင်းအချိန်မှာလူတချို့ဟ ကိုယ်တော်ယေရှုနားလာမောက် “ယောဟန်တပဲ့တေနဖာရိရှဲရဲ့တပဲ့တေဟအစာရှောင်မောက် ကိုယ်တော့်တပဲ့တေဟတော့ စာလောက်အစာမရှောင်ကြဟား” လောက်မေးကြရာ 19ကိုယ်တော်ဟ "မင်္ဂလာဆောင်ပွဲကော် လာရောက်ကြဆမားတေဟ သတိုးဆားနအတူတူရှိနေချိန်မှာ အစာရှောင်ကြမဲင်လား။သတို့ဆားနအတူ ရှိနေဆမျှ ဟဲင်းလူတေဟ အစာရှောင်နိုင်ကြမည်မဟုတ်။ 20ဟဲင်းပေမဲ့ ဆူ့တော့နားဟနေ သတို့ဆားကော် ခေါ်ဆောင်ဟားမဲ့အချိန် ရောက်လာတဲ့အခါ ဟဲင်းနေ့ရက်တေမှာ ဆူ့တော့ဟ အစာရှောင်ကြလိမ့်မဲင်။ 21မဆူ့ကမှ အဝတ်အဟောင်းရဲ့အပေါက်ကော် ပိတ်စအဆစ်နဖာထေးခြင်းမပြုကြဘူး၊ဖာထေးရင်လဲ အဝတ်ဟောင်းဆွေးမြေ့မောက် ပေါက်ပြဲဟားလိမ့်မဲင်။ 22စပျစ်ဝိုင်အဆစ်ကော် ဆလေဘူးအဟောင်းထဲကော် မဆူ့ကမှ မထေ့ချေ။ ဟဲင်းသလဲပြုလုပ်ခါ စပျစ်ဝိုင်အဆစ်ဟ ဆလေဘူးကော်ပေါက်ပြဲစေနိုင်ညောင်းစပျစ်ဝိုင်တေလဲ ယိုဖိတ်ကာ ဆလေဘူးလဲ ပျက်စီးဟားပါလိမ့်မဲင်။ စပျစ်ဝိုင်အဆစ်ကော်ဆလေဘူးအဆစ်တေနဲ့သာ ထေ့ရ်မဲင်"လောက် မိန့်ဆိုလေဟယ်။ 23ဥပုသ်နေ့တစ်ရက်မှာကိုယ်တော်ယေရှုနတပဲ့တေဟ၊ ဂျုံခင်းတစ်ခုကော်ဖြတ်မောက်ဆွားနေစဉ် ဂျုံစေ့နှံတေကော်တပဲ့တော်တေဟ ခူးယူစားဆောက်လေဟယ်။ 24ဟဲင်းခါဖာရိရှဲတေဟကိုယ်တော်ကော်"ဥပုသ်နေ့မှာ ဆူ့တော့ဟ စာလောက် ပညတ်တော် န မညီဟာကော် ပြုလုပ်ကြဟား" လောက် ပြောကြလေဟယ်။ 25ကိုယ်တော်ယေရှုဟ ဖာရိရှဲတေကော် “ဆာလောင်နေတဲ့အချိန်နဲ့ လိုအပ်လာတဲ့အခါမှာ ဒါဝိဒ်မင်းနဆူ့ရဲ့နောက်လိုက်တေဟ ဖယ်လဲလုပ်ဆောင် ခဲ့တယ်ဆိုဟာ နဲင်တော့မဖတ်ဖူးကြဘူးလား” 26ပရောဟိတ်အကြီးဆုံးအဗျာသာ လက်ထက်မှာ ဒါဝိဒ် ဟာ ဘုရားရှင်ရဲ့ အိမ်တော်အတွင်း ဝင်ဟားမောက် ပရောဟိတ်တေသာစားဖော့အတွက် ပူဇော်ဟားတဲ့ ပေါင်မုန့်တေကော် စားတဲ့အပြင် ဆူ့ရဲ့နောက်လိုက်တေကော်လဲ ကျွေးခဲ့ဟာမဟုတ်လော။ 27လူတေဟ ဥပုဒ်နေ့အတွက်မဟုတ်ဘဲ ဥပုဒ်နေ့ဟ လူတေအတွက်သတ်မှတ်ထားခြင်းဖြစ်ဟယ်။ 28“ဟဲင်းကြောင့် လူရဲ့ဆားဟာ ဥပုသ်နေ့ရဲ့အရှင် ဖြစ်ဟယ်”လောက်ကိုယ်တော်ဟ မိန့်ဆိုလေဟယ်။

Currently Selected:

Mark 2: INT

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for Mark 2