ရှင်မဿဲ 5
5
1ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။- 2ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒ ပေးတော်မူသည်မှာ၊-
မင်္ဂလာတရားတော်
(လု၊ ၆:၂၀-၂၃။)
3စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။- 4စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတ္တံ့။-#ဟေရှာ၊ ၆၁:၂။ 5စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။-#ဆာ၊ ၃၇:၁၁။ 6ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။-#ဟေရှာ၊ ၅၅:၁-၂။ 7သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတ္တံ့။- 8စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့။-#ဆာ၊ ၂၄:၃-၄။ 9သူတစ်ပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့။- 10ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။-#၁ပေ၊ ၃:၁၄။ 11ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။-#၁ပေ၊ ၄:၁၄။ 12ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။-#၆ရာ၊ ၃၆:၁၆။ တ၊ ၇:၅၂။
ဆားနှင့်အလင်း
(မာ၊ ၉:၅၀။ လု၊ ၁၄:၃၄-၃၅။)
13သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ ကျော်နင်းခြင်းမှတစ်ပါး အဘယ်အသုံးမျှမဝင်။- 14သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။-#ယော၊ ၈:၁၂၊ ၉:၅။ 15ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။-#မာ၊ ၄:၂၁။ လု၊ ၈:၁၆၊ ၁၁:၃၃။ 16ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။-#၁ပေ၊ ၂:၁၂။
ပညတ်တော်နှင့်ပရောဖက်များ
17ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။- 18ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီး မပျက်စီးမီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ။-#လု၊ ၁၆:၁၇။ 19ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသော ပညတ်တစ်ခုကို ကိုယ်တိုင်လွန်ကျူး၍ သူတစ်ပါးတို့အားလည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူ ဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတစ်ပါးတို့အားလည်း သွန်သင်၏။- 20ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူ ဖြစ်လိမ့်မည်။ သင်တို့ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။-
အမျက်ဒေါသ
21လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။-#ထွ၊ ၂၀:၁၃။ တရား၊ ၅:၁၇။ 22ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ် ၌ မီးရှို့ ခြင်းကို ခံထိုက်ပေ၏။- 23ထိုကြောင့် သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍ သွားလော့။- 24ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သကာကို တင်လော့။- 25တရားတွေ့ဖက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှာ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဖက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။- 26လျော်ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။-
သူ့မယားကိုပြစ်မှားခြင်း
27သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။-#ထွ၊ ၂၀:၁၄။ တရား၊ ၅:၁၈။ 28ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။- 29ထိုကြောင့် လက်ယာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တစ်ကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခုပျက်သော် သာ၍ကောင်း၏။-#မ၊ ၁၈:၉။ မာ၊ ၉:၄၇။ 30ထိုနည်းတူ လက်ယာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။ တစ်ကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခုသာ ပျက်သော်သာ၍ကောင်း၏။-#မ၊ ၁၈:၈။ မာ၊ ၉:၄၃။
မယားနှင့်ကွာလိုသူ
31တစ်ဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။-#တရား၊ ၂၄:၁-၄။ မ၊ ၁၉:၇။ မာ၊ ၁၀:၄။ 32ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဖက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။-#မ၊ ၁၉:၉။ မာ၊ ၁၀:၁၁-၁၂။ လု၊ ၁၆:၁၈။ ၁ကော၊ ၇:၁၀-၁၁။
ကျိန်ဆိုခြင်း
33တစ်ဖန်တုံ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကို မပြုရ။ ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။-#ဝတ်၊ ၁၉:၁၂။ တော၊ ၃၀:၂။ တရား၊ ၂၃:၂၁။ 34ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျှင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။-#ယာ၊ ၅:၁၂။ ဟေရှာ၊ ၆၆:၁။ မ၊ ၂၃:၂၂။ 35မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာခုံ ဖြစ်သတည်း။ ယေရုရှလင်မြို့ကို တိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏မြို့တော် ဖြစ်သတည်း။-#ဟေရှာ၊ ၆၆:၁။ ဆာ၊ ၄၈:၂။ 36ဆံခြည်တစ်ပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှာ မတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကိုတိုင်တည်၍ မကျိန်ရ။- 37သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။-
ရန်တုံ့ပြန်ခြင်း
(လု၊ ၆:၂၉-၃၀။)
38သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကို ခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။-#ထွ၊ ၂၁:၂၄။ ဝတ်၊ ၂၄:၂၀။ တရား၊ ၁၉:၂၁။ 39ငါပညတ်သည်ကား၊ နှောင့်ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ပေးဦးလော့။- 40သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။- 41အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတစ်တိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။- 42တောင်းသောသူအား ပေးလော့။ ချေးငှားလိုသောသူကိုလည်း မငြင်းမပယ်နှင့်။-
ရန်သူကိုချစ်ခြင်း
(လု၊ ၆:၂၇-၂၈၊ ၃၂-၃၆။)
43ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသော ပညတ်စကားကို သင်တို့ ကြားရပြီ။-#ဝတ်၊ ၁၉:၁၈။ 44ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှာ၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသော သူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။- 45အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုးကို ရွာစေတော်မူ၏။- 46သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက် ပြုကြသည်မဟုတ်လော။- 47အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ ထူးမြတ်သနည်း။ သာသနာပလူ တို့ပင် ထိုအတူ ပြုကြသည်မဟုတ်လော။- 48ထိုကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။-#ဝတ်၊ ၁၉:၂။ တရား၊ ၁၈:၁၃။
اکنون انتخاب شده:
ရှင်မဿဲ 5: JBMLE
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Judson Bible Revision © Bible Society of Myanmar, 2021.

: