1
လုကာ 23:34
ခေတ်သစ်မြန်မာ သမ္မာကျမ်း
ထိုအခါ ယေရှုက “အို အဖ… သူတို့အားခွင့်လွှတ်တော်မူပါ။ ထိုသူတို့သည် မိမိတို့အဘယ်အမှုပြုနေသည်ကိုပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့သည် အဝတ်တော်ကို မဲနှိုက်၍ ခွဲဝေကြ၏။
Vertaa
Tutki လုကာ 23:34
2
လုကာ 23:43
ထိုအခါ ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ သင်သည် ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိလိမ့်မည်” ဟု မိန့်တော်မူ၏။
Tutki လုကာ 23:43
3
လုကာ 23:42
ထို့နောက် ယေရှုအား “အရှင်ယေရှု… ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဝင်တော်မူသောအခါ အကျွန်ုပ်ကို သတိရတော်မူပါ” ဟု လျှောက်လေ၏။
Tutki လုကာ 23:42
4
လုကာ 23:46
ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့် “အို အဖ… အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အဖ၏လက်တော်သို့ အပ်ပါ၏” ဟု ဆိုလျက် အသက်ချုပ်တော်မူ၏။
Tutki လုကာ 23:46
5
လုကာ 23:33
ဦးခေါင်းခွံဟု ခေါ်သောအရပ်သို့ ရောက်ကြသောအခါ ကိုယ်တော်နှင့်ရာဇဝတ်သားနှစ်ဦးကို လက်ဝါးကပ်တိုင်တစ်ခုစီတွင် ရိုက်ထားကြ၏။ တစ်ဦးကို ကိုယ်တော်၏လက်ယာတော်ဘက်နှင့် အခြားတစ်ဦးကို လက်ဝဲတော်ဘက်တွင် ထားကြ၏။
Tutki လုကာ 23:33
6
လုကာ 23:44-45
ထိုအချိန်သည် မွန်းတည့်ချိန်ခန့် ဖြစ်ပြီး မွန်းလွဲသုံးနာရီတိုင်အောင် မြေပြင်တစ်ခွင်လုံးသည် အမှောင်ဖုံးလေ၏။ နေရောင်သည်လည်း ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ကန့်လန့်ကာသည် နှစ်ခြမ်းကွဲလေ၏။
Tutki လုကာ 23:44-45
7
လုကာ 23:47
ဤအဖြစ်အပျက်ကို ရောမတပ်မှူးသည် မြင်တွေ့သောအခါ “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူ ဖြစ်သည်” ဟု ဆိုကာ ဘုရားသခင်ကိုချီးမွမ်းလေ၏။
Tutki လုကာ 23:47
Koti
Raamattu
Suunnitelmat
Videot