ယောဟန် 2

2
ကာနမြို့​မှ မင်္ဂလာဆောင်ပွဲ
1သုံးရက်မြောက်သော နေ့​တွင် ဂါလိလဲပြည်၊ ကာနမြို့​၌ မင်္ဂလာဆောင်ပွဲ​တစ်ခု ကျင်းပလေ၏။ ယေရှု​၏​မယ်တော်​သည် ထို​ပွဲ​၌ ရှိ၏။ 2ယေရှု​နှင့် တပည့်တော်တို့​သည်လည်း မင်္ဂလာပွဲ​သို့ ဖိတ်ကြားခြင်း​ခံရကြ၏။ 3ပွဲကျင်းပ​စဉ်​အတွင်း စပျစ်ဝိုင်​ကုန်သွား​သဖြင့် ယေရှု​၏​မယ်တော်​က “သူတို့​၌ စပျစ်ဝိုင်​မရှိတော့ပါ” ဟု ကိုယ်တော်​အား ပြောလေ၏။
4ယေရှု​က “မယ်တော်#2:4 မူရင်း​ဂရိကျမ်း​တွင် “အို အမျိုးသမီး” ဟု တွေ့ရှိရသည်။ ၎င်း​သည် ယေရှု​က အမျိုးသမီးများ​ကို ရည်ညွှန်းပြောဆိုရာ​တွင် ယဉ်ကျေး​စွာ​ပြောဆိုလေ့​ရှိသော​အသုံးအနှုန်း​ဖြစ်သည်။… မည်သည့်​အရာ လုပ်ဆောင်​ရမည်​ကို ကျွန်ုပ်​အား မပြောပါနှင့်။ ကျွန်ုပ် လုပ်ဆောင်​ရန် အချိန်​မကျသေးပါ” ဟု မိန့်တော်မူ၏။
5ထိုအခါ မယ်တော်​က အစေခံများ​အား “သူ​စေခိုင်း​သမျှ​ကို လုပ်ဆောင်ကြပါ” ဟု မှာထား၏။
6ထို​နေရာ​၌ ဂျူးဘာသာဝင်တို့​ဓလေ့ထုံးတမ်း​အရ ဆေးကြောသန့်စင်ခြင်း​ကို​ပြုလုပ်​ရန် ထားသော ဂါလန်​နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်#2:6 မူရင်း​ဂရိကျမ်း​တွင် “၂ မဲရှား၊ သို့မဟုတ် ၃ မဲရှား” ဟု ဖော်ပြထားသည်။​စီ ဝင်ဆံ့သည့် ကျောက်ရေအိုး​ခြောက်လုံး​ရှိ၏။ 7ယေရှု​က “ဤ​အိုးများ​ကို ရေဖြည့်ကြလော့” ဟု အစေခံတို့​အား မိန့်တော်မူ၏။ ထိုအခါ သူတို့​သည် လျှံကျ​မတတ်​ဖြည့်ကြ၏။ 8ရေပြည့်​သောအခါ ယေရှု​က “အနည်းငယ်​ကို ခပ်ယူ​၍ ပွဲအုပ်​ထံသို့ ယူသွားကြလော့” ဟု မိန့်တော်မူ၏။ သူတို့​သည်လည်း ပွဲအုပ်​ထံသို့ ယူသွားကြ၏။
9ပွဲအုပ်​သည် စပျစ်ဝိုင်​အဖြစ်​ပြောင်းလဲသွားသော ရေ​ကို မြည်းစမ်းကြည့်၏။ အစေခံများ​သည် စပျစ်ဝိုင်​ကို အဘယ်​မှ​ရကြောင်း သိကြ​သော်လည်း ပွဲအုပ်​သည် မသိ။ ထို့ကြောင့် သူ​သည် သတို့သား​ကို ခေါ်​၍ 10“လူတိုင်း​သည် ကောင်းသော​စပျစ်ဝိုင်​ဖြင့် ဦးစွာ​ဧည့်ခံ​ပြီး လူတို့​သောက်​၍ ယစ်မူး​သောအခါ​၌သာ အရည်အသွေး​ညံ့သော စပျစ်ဝိုင်​ဖြင့် ဧည့်ခံလေ့ရှိ၏။ သင်​ကမူ ကောင်းသော​စပျစ်ဝိုင်​ကို ယခု​ထိတိုင် သိမ်းထားပါပြီ” ဟု ဆို၏။
11ဤသို့ဖြင့် ယေရှု​သည် ပထမဦးဆုံးသော​နိမိတ်​လက္ခဏာ​ကို ဂါလိလဲပြည်၊ ကာနမြို့​၌ ပြုတော်မူ​လျက် မိမိ​ဘုန်းတော်​ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့​သည်လည်း ကိုယ်တော်​ကို ယုံကြည်ကြ၏။
12ထို့နောက် ကိုယ်တော်​သည် မယ်တော်၊ ညီတော်များ၊ တပည့်တော်များ​နှင့်အတူ ကပေရနောင်မြို့​သို့ ကြွ​၍ ရက်​အနည်းငယ် နေတော်မူ၏။
ဗိမာန်တော်​ကို ရှင်းလင်းတော်မူခြင်း
13ဂျူးလူမျိုးတို့​၏ ပသခါပွဲတော် နီးလာ​သဖြင့် ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ကြွတော်မူ၏။ 14ဗိမာန်တော်ဝင်း​အတွင်း​၌ ဈေးသည်များ​က ယဇ်ပူဇော်​ရန်အတွက် သိုး၊ နွား၊ ချိုးငှက်များ ရောင်းဝယ်​လျက်​ရှိသည်​ကို​လည်းကောင်း၊ ငွေ​လဲလှယ်သူတို့ ထိုင်​လျက်​ရှိသည်​ကို​လည်းကောင်း မြင်တော်မူ၏။ 15ထိုအခါ ယေရှု​သည် ကြိုး​ဖြင့် ကျာပွတ်​တစ်ချောင်း​ကို ပြုလုပ်​၍ ထို​သူတို့​ကို​လည်းကောင်း၊ သိုး၊ နွားများ​ကို​လည်းကောင်း ဗိမာန်တော် အတွင်း​မှ မောင်းထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့​၏ ငွေများ​ကိုလည်း သွန်ချ​၍ ငွေတင်ခုံများ​ကို မှောက်လှန်တော်မူ၏။ 16ယေရှု​က ချိုးငှက်​ရောင်းသူတို့​အား “ဤ​အရာများ​ကို ယူသွားကြ။ ငါ့​အဖ​အိမ်တော်​ကို ဈေး​မဖြစ်စေနှင့်” ဟု မိန့်တော်မူ၏။
17ထိုအခါ တပည့်တော်တို့​သည် “ဘုရားသခင်​၏ အိမ်တော်​ကို စွဲလမ်းစိတ်​ပြင်းပြခြင်း​သည် အကျွန်ုပ်​ကို လောင်ကျွမ်းစေပါ​လိမ့်မည်”#2:17 ဆာ ၆၉:၉။ ဟူသော ကျမ်းစကား​ကို သတိရကြ၏။
18ဂျူး​ခေါင်းဆောင်တို့​က “ဤ​အခွင့်​ကို ဘုရားသခင်​ထံမှ ရသည်​မှန်​လျှင် မည်သည့်​နိမိတ်​လက္ခဏာ​အားဖြင့် ငါတို့​အား သက်သေပြမည်နည်း” ဟု ဆိုကြ၏။
19ယေရှု​က “ဤ​ဗိမာန်တော်​ကို ဖြိုဖျက်လော့။ သုံးရက်​အတွင်း ငါ​ပြန်လည်​တည်ဆောက်မည်” ဟု မိန့်တော်မူ၏။
20ထိုအခါ ဂျူး​ခေါင်းဆောင်တို့​က “ဤ​ဗိမာန်တော်​ကို နှစ်ပေါင်း​လေးဆယ့်ခြောက်နှစ်​ပတ်လုံး တည်ဆောက်ခဲ့ရ၏။ သင်​သည် သုံးရက်​အတွင်း တည်ဆောက်မည်လော” ဟု ဆိုကြ၏။ 21သို့ရာတွင် ကိုယ်တော်​သည် မိမိ​ကိုယ်ခန္ဓာ​ဖြစ်သည့် ဗိမာန်​ကို ရည်ညွှန်း​၍ မိန့်တော်မူခြင်း​ဖြစ်၏။ 22ထို့ကြောင့် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် တပည့်တော်တို့​သည် ထို​စကားတော်​ကို သတိရကြ​၍ ကျမ်းစာတော်​နှင့် ယေရှု​မိန့်တော်မူခဲ့သည့် စကားတော်တို့​ကို ယုံကြည်ကြ၏။
23ဂျေရုဆလင်မြို့ ပသခါပွဲတော်​အတွင်း ကိုယ်တော်​ပြုတော်မူသော နိမိတ်​လက္ခဏာများ​ကို မြင်တွေ့​သောကြောင့် လူများစွာတို့​သည် ကိုယ်တော်​ကို ယုံကြည်လာကြ၏။ 24သို့သော် ယေရှု​သည် လူ့​သဘောသဘာဝ​ကို သိတော်မူ​သဖြင့် ထို​သူတို့​ကို ယုံကြည်​စိတ်ချတော်မမူပေ။ 25ထိုသို့ လူ့​အတွင်းသဘော​ကို သိတော်မူ​သောကြောင့် ကိုယ်တော်​အား လူ့​အကြောင်း​ကို မည်သူ​ကမျှ ပြောပြ​ရန် မလိုပေ။

Tällä hetkellä valittuna:

ယောဟန် 2: BCB

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään

Video ယောဟန် 2