John 1

1
1အစဦး မှာ နှုတ်ကပါတ်တော်c တည်ရှိဟယ်။ နှုတ်ကပါတ်တော်ဟ ဘုရားရှင်နအတူရှိမောက် နှုတ်ကပါတ်တော်ဟလဲ ဘုရားရှင်ဖြစ်ဟယ်။ 2နှုတ်ကပါတ်တော်ဟ အစဦးခါစ ဘုရားရှင်နအတူရှိတော်မူဟယ်။ 3ဘုရားရှင်ဟ နှုတ်ကပါတ်တော်အနေန အရာခပ်သိမ်းကော် ဖန်ဆင်းတော်မူညောင်း နှုတ်ကပါတ်တော်မပါပဲ ဖန်ဆင်းထားတဲ့အရာဆိုမောက် တစ်ခုမှမရှိဘူး။ 4နှုတ်ကပါတ်တော်မှာ အဆက်ရှိမောက် ဟဲင်းအဆက်ဟ လူတေရဲ့ အလင်းဖြစ်ဟယ်။ 5အလင်းဟ အမှောင်ထုထဲမှာ လင်းမောက် အမှောင်ထုဟ အလင်းကော် လွှမ်းမိုးနိုင်ခြင်းမရှိဘူး။ 6ဘုရားရှင်ဟ ရေနှစ်မင်္ဂလာdဆရာယောဟန်လောက်ခေါ်တဲ့ လူတစ်ယောက်ကော် စေလွှတ်တော်မူဟယ်။ 7ယောဟန်ဟ အလင်းရဲ့အကြောင်းကော် လူဆားတော့နား ဆက်ဆေအဖြစ် ထွက်ဆိုမောက် လူတေဟ သတင်းစကားကော် ကြားကြရမောက် ယုံကြည်ခြင်းကော် ရောက်ကြရမဲင်ဖြစ်ဟယ်။ 8ယောဟန်ကိုယ်တိုင်ဟ အလင်းမဟုတ်ဘူး၊ ယောဟန်ဟ အလင်းရဲ့အကြောင်းကော် ဆက်ဆေခံဖော့ လာရောက်ဟာဖြစ်ဟယ်။ 9အဲအလင်းဟ ကမ္ဘာမ္လေပေါ်ကော် ဝင်ရောက်လာမောက် လူဆားအကုန်ဟုန်းအပေါ်မှာ ထွန်းလင်းတောက်ပတဲ့ စစ်မှန်တဲ့အလင်းဖြစ်ဟယ်။ 10နှုတ်ကပါတ်တော်ဟ ကမ္ဘာမ္လေပေါ်မှာ ရှိနေခဲ့မောက် ဘုရားရှင်ဟ ဆူ့အနေန ကမ္ဘာမ္လေကော် ဖန်ဆင်းတော်မူခဲ့လယ်ဝ ကမ္ဘာမ္လေဟ ဆူ့ကော် ဆိမြင်ခြင်းမရှိဘူး။ 11ဆူဟ ကမ္ဘာလောကရှိလူဆားတေရှိရာကော် ကြွလာလယ်ဝ လောကလူဆားအပေါင်းတော့ဟ ဆူ့ကော် လက်ခံကြိုဆိုခြင်းမရှိဘူး။ 12ဟဲင်းပေမဲ့လဲ တစ်ချို့လူတေဟ ဆူ့ကော် လက်ခံကြိုဆိုခဲ့ကြမောက် ယုံကြည်ခြင်းရှိခဲ့ကြညောင်း ဆူဟ ဟဲင်းလူတေကော် ဘုရားရှင်ရဲ့ဆားဆမီးဖြစ်စေတဲ့ အခွင့်ကော် ပေးအပ်ခဲ့ဟယ်။ 13ဟဲင်းဆားဆမီးတေဟ သဘာဝအတိုင်းမွေးဖွားလာညင်းလောက် မဟုတ်ပဲလောက် လူတေရဲ့အစီအစဉ်န ရည်ရွယ်ချက်တေကြောင့် ဘုရားဆားဆမီးတေဖြစ်လာကြဟာမဟုတ်ပဲ ဘုရားရှင်ရဲ့အလိုတော်ကြောင့်ပဲ ဘုရားဆားဆမီးတေဖြစ်လာကြဟာ ဖြစ်ဟယ်။ 14နှုတ်ကပါတ်တော်ဟ သစ္စာတရားတော်နရော၊ ဘုန်းတန်ခိုးတော်နရော ပ္လေ့စုံမောက် လူ့ဆားအဖြစ်ကော် ခံယူမောက် ကျွန်ုပ်တော့အကြားမှာ နေထိုင်တော်မူဟယ်။ ဟဲင်းကြောင့် အဖဘုရားရဲ့ တစ်ပါးတည်းသောဆားတော်အဖြစ် ဆူလက်ခံရရှိဟားတဲ့ ဆူ့ရဲ့ဘုန်းကျက်သရေကော် ငါတော့မြင်တွေ့ကြရဟယ်။ 15ယောဟန်ဟ အော်ဟစ်မောက် ဟဲင်းလူရဲ့အကြောင်းကော် ဆက်ဆေခံကြွေးကြော်ဟာဟ၊ "'ငါ့ရဲ့နောက်မှ ကြွလာမဲ့လူဖြစ်မောက် ငါမမွေးခင်ခါစ တည်ရှိခဲ့ဟယ်ဖြစ်ညောင်း ဆူဟ ငါ့ထက်ပိုမောက် ကြီးမြတ်ပေဟယ်' လောက် ငါဆိုဟာဟ ဆူ့ကော် ရည်ညွှန်းဟာဖြစ်ဟယ်" ဆိုမောက် ဆက်ဆေခံလေဟယ်။ 16ကောင်းကျိုးချမ်းဆာ အဖြာဖြာန ပ္လေ့ဝမောက် လူဆားတော့အတွက်လဲ ကောင်းကျိုးချမ်းဆာအဖြာဖြာကော် တစ်ခါပြီးတစ်ခါ ပေးမဲ့လူဟ ဟဲင်းလူပင်ဖြစ်ဟယ်။ 17ပညတ်တရားတော်ကော် မောရှေe ဟနေ ပေးဟားလယ်ဝ မဟာကရုဏာ‌မေတ္တာတော်န သစ္စာတရားတော့ဟ ကိုယ်တော်ယေရှုအနေနပဲ ဖြစ်လာဟယ်။ 18ဘုရားရှင်ကော် မဆူ့မှ မမြင်ဖူးလယ်ဝ၊ ဖခမည်းတော်ရဲ့ရင်ခွင်မှာရှိတော်မူတဲ့ တစ်ပါးတည်းသောဘုရားf ဟ ဘုရားရှင်ကော် လူဆားတော့ဉာဏ်မျက်စိန မြင်နိုင်အောင် ဆိဆာထင်ရှားစေတော်မူဟယ်။ 19ဂျူးဘာဆာရေးအကြီးအကဲတေဟ ဂျေရုဆလင်ဟနေ တချို့ ဂျူးပုရောဟိတ်gတေန လေဝိလူမျိုးhတေကော် စေလွှတ်မောက် "သင်ဟ မဆူ့ဟား" လောက် မေးမြန်းစေခါ ယောဟန်ဟ ဆက်ဆေထွက်ဆို ဖ္လေကြားဟာဟ ဟဲင်းလဲဖြစ်ဟယ်။ 20ယောဟန်ဟ အလျှင်အမ္လန်နတခါတည်း "ငါဟ ခရစ်တော်မဟုတ်" လောက် အတိအလင်း ဖ္လေကြားလေဟယ်။ 21ဟဲင်းခါ ဆူ့တော့ဟ "ဟဲင်းလဲဆိုခါ သင်ဟ ဧလိယလား" လောက် မေးခါ ဆူဟ "မဟုတ်ပါ" လောက် ဖ္လေလေဟယ်။ "သင်ဟ အရိယာဆူတော်စင်iလား" လောက် မေးခါလယ်ဝ ယောဟန်ဟ "မဟုတ်ပါ" ဆိုမောက်ပဲ ဖ္လေကြားလေဟယ်။ 22ဟဲင်းဂျူးပုရောဟိတ်တေန လေဝိလူမျိုးတေဟလဲ "ငါတော့ကော် စေလွှတ်တဲ့လူတေကော် ပ္လန်လည်လျှောက်တင်ဖော့ သင်မဆူ့ဖြစ်ဟားဆိုဟာကော် ပြောပါ။ သင့်အကြောင်းကော် ပြောပြပါ" လောက် ဆိုကြညောင်း 23ယောဟန်ဟလဲ "ငါဟ အရိယာဆူတော်စင်ဟေရှာယ ဟောပြောထားတဲ့အတိုင်း 'အရှင်ရဲ့လမ်းကော် ပြင်ဆင်ပေးကြပါ' ဆိုမောက် တောကန္တာရမှာ ဟစ်အော်သတင်းပေးတဲ့လူပဲဖြစ်ဟယ်" လောက် ပ္လန်ဖ္လေလေဟယ်။ 24ဖာရိရှဲj တော့ စေလွှတ်လိုက်တဲ့လူတချို့ဟလဲ 25ယောဟန်ကော် "သင်ဟ ခရစ်တော်လဲမဟုတ်၊ ဧလိယလဲမဟုတ်၊ အရိယာဆူတော်စင်လဲမဟုတ်ဝူးဆိုခါ စာလောက် ရေနှစ်မင်္ဂလာပေးနေဟား" လောက် မေးကြခါ 26ယောဟန်ဟ "ငါဟ ရေမှာရေနှစ်မင်္ဂလာပေးဟယ်။ ဟဲင်းပေမဲ့ ခုနေရာမှာ သင်တော့မဆိကြဆေးတဲ့ လူတစ်ယောက်ရှိဆေးဟယ်။ 27ဆူဟ ငါ့နောက်မှ ကြွလာလယ်ဝ ငါဟ ဆူ့ရဲ့ဖိနပ်ကြိုးကော်တောင် ဖ္လေပေးဖော့ မထိုက်တန်ဘူး" လောက် ဖ္လေကြားလေဟယ်။ 28အဲအဖြစ်အပျက်တေဟ ယောဟန်ရေနှစ်မင်္ဂလာပေးရာ အရပ်ဖြစ်တဲ့ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ဗေသနိရွာမှာ ဖြစ်ပျက်ခဲ့လေဟယ်။ 29နောက်တစ်နေ့မှာ ရေနှစ်မင်္ဂလာဆရာယောဟန်ဟ ကိုယ်တော်ယေရှုကြွလာနေဟာကော် မြင်ညောင်း "လူဆားအကုန်းဟုန်းရဲ့ကိလေသာမီးk ကော် ဖယ်ရှားပေးမဲ့ ဘုရားရှင်ရဲ့သိုးဆငယ်ကော် ကြည့်ကြပါ။ 30'ငါမရှိခင်ခါစ ရှိခဲ့တဲ့ ငါ့ထက်ကြီးမြတ်တဲ့လူဟ ငါ့နောက်မှာ ကြွလာမဲင်' လောက် ငါပြောဟာဟ ဆူ့ကော် ဆိုလိုဟာဖြစ်ဟယ်။ 31အစဟ ဆူဟ မဆူ့ဖြစ်ဟားဆိုဟာ ငါမဆိဘူး။ ဟဲင်းပေမဲ့ အစ္စရေးလူမျိုးတေ ဆူ့ကော် ဆိစေဖော့ ငါဟ ဆူ့တော့ကော် ရေနှစ်မင်္ဂလာပေးနေဟာဖြစ်ဟယ်။ 32ပြီးခါ ဘုရားဝိညာဉ်တော်ဟ ချိုးငှက်အသွင်န ရွှေမြို့တော်lဟနေ ဆင်းလာမောက် ဆူ့အပေါ်မှာ နားတော်မူဟာကော် ငါမြင်ရဝေါက်။ 33ဟဲင်းအချိန်မတိုင်ခင်ဟ ငါဆူ့ကော် မဆိဆေးဘူး။ ဟဲင်းပေမဲ့ ရေနှစ်မင်္ဂလာပေးဖော့ ငါ့ကော် စေလွှတ်တော်မူတဲ့လူဟ 'ဘုရားဝိညာဉ်တော်ဟ ဆင်းသက်မောက် လူတစ်ယောက်အပေါ်မှာ နားခိုလိမ့်မဲင်။ ဟဲင်းလူဟ ဉာဏ်အလင်းတော်m အနေန ရေနှစ်မင်္ဂလာပေးမဲ့လူဖြစ်ဟယ်' လောက် ငါ့ကော် မိန့်တော်မူထားတဲ့အတိုင်း 34ါဟ ဟဲင်းအဖြစ်အပျက်ကော် မြင်တွေ့ရဟာဖြစ်ညောင်း အဲလူဟ ဘုရားရှင်ရဲ့ဆားတော် ဖြစ်တော်မူဟယ်ဆိုဟာ ငါဆက်ဆေခံဟယ်" လောက် ဆိုလေဟယ်။ 35နောက်တစ်နေ့မှာ ရေနှစ်မင်္ဂလာဆရာယောဟန်ဟ ဆူ့ရဲ့နောက်လိုက်နှေယောက်နအတူ ဟဲင်းနေရာမှာ ရပ်နေခါ 36ကိုယ်တော်ယေရှုလမ်းလျှောက်လာဟာကော် မြင်ညောင်း ဆူဟ "ကြည့်ကြပါ။ ဘုရားရှင်ရဲ့သိုးဆငယ်ပဲ" လောက် ဆိုဟယ်။ 37ယောဟန်ရဲ့ နောက်လိုက်နှေယောက်ဟလဲ ကိုယ်တော်ယေရှုနောက်ကော် လိုက်ပါဟားကြဟယ်။ 38ကိုယ်တော်ဟ လှေ့မောက် ဆူ့နောက် လိုက်လာကြတဲ့လူတေကော် မြင်ခါ "ဖယ်ဟာအလိုရှိဟား" လောက် မေးခါ ဟဲင်းလူတေဟ "ဆရာ၊ ဖယ်မာနေဟား" လောက် မေးလျှောက်ကြလေဟယ်။ 39ကိုယ်တော်ဟလဲ "လာမောက် ကြည့်ကြပါ" လောက် မိန့်တော်မူညောင်း ဟဲင်းလူနှေယောက်ဟ ကိုယ်တော်ယေရှုနလိုက်ပါဟားမောက် ကိုယ်တော်နေထိုင်တဲ့နေရာကော် ကြည့်ကြလေဟယ်။ အချိန်ဟ ညခင်းနီး လေးနာရီn လောက်ဖြစ်မောက် ဟဲင်းနေ့တစ်ရက်လုံး ကုန်ဆုံးတဲ့အထိ ဆူ့တော့ဟ ကိုယ်တော်နအတူ ရှိနေခဲ့ကြလေဟယ်။ 40ယောဟန်ရဲ့စကားကော် ကြားမောက် ကိုယ်တော်ရဲ့နောက်တော်ကော် လိုက်ဟားတဲ့ လူနှေယောက်ထဲမှ တစ်ယောက်ဟ ရှိမုန်ပေတရုo ရဲ့ ညီ အန္ဒြေဖြစ်ဟယ်။ 41အန္ဒြေဟ ဆူ့နောင်ကူးဖြစ်တဲ့ ရှိမုန်ကော် အရင်ဆုံးတွေ့မောက် "ငါတော့ ကယ်တင်ရှင်မေရှိယpကော် တွေ့ဝေါက်" လောက် ဆိုလေဟယ်။ ဟေဘရူးဘာဆာစကား 'မေရှိယ' ဟ ဂရိဘာဆာစကား 'ခရစ်တော်' န အတူတူပဲဖြစ်ဟယ်။ 42ပြီးခါ ဆူဟ ရှိမုန်ကော် ကိုယ်တော်ယေရှုနားကော် ခေါ်ဆောင်လာတဲ့အခါ ကိုယ်တော်ယေရှုဟ ရှိမုန်ကော် ကြည့်ရှုမောက် "ယောဟန်ရဲ့ဆားq ရှိမုန်၊ သင့်ကော် ကေဖလောက် ခေါ်ကြစေ" လောက် မိန့်တော်မူဟယ်။ ကေဖရဲ့အဓိပ္ပာယ်မှာ 'ကျောက်' ဖြစ်မောက် ဂရိဘာဆာစကားန 'ပေတရု' ဆိုမောက် ဖြစ်ဟယ်။ 43နောက်တစ်နေ့မှာ ကိုယ်တော်ယေရှုဟ ဂါလိဒေသကော် ဆွားရောက်တဲ့ အချိန်မှာဖိလိပ္ပုကော် တွေ့ညောင်း "ငါ့နောက်ကော် လိုက်ခဲ့ပါ" လောက် မိန့်တော်မူဟယ်။ 44ဖိလိပ္ပုဟ အန္ဒြေန ပေတရုတော့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဗက်ဇဲဒမြို့ဟနေ လာတဲ့လူဖြစ်ဟယ်။ 45ပြီးခါ ဖိလိပ္ပုဟ နာသနေလဆိုတဲ့လူကော် တွေ့ခါ "မောရှေရဲ့ ပညတ်တရားတော်န အရိယာဆူတော်စင်တေရဲ့ကျမ်းတေမှာ ရည်ညွှန်းဖော်ပြထားတဲ့လူကော် ငါတော့တွေ့ကြရဝေါက်။ ဆူဟ နာဇရက်မြို့r ဟနေလာတဲ့ ယောသပ်ရဲ့ဆား ယေရှုပဲဖြစ်ဟယ်" လောက် ဆိုလေဟယ်။ 46နာသနေလဟလဲ "နာဇရက်သလဲနေရာမျိုးဟ ခုသလဲ ကြီးကျယ်တဲ့လူတစ်ယောက် ပေါ်လာနိုင်ပါ့မလား" လောက် ဆိုခါ၊ ဖိလိပ္ပုဟ "လာမောက် ကြည့်လိုက်ပါ" လောက် ဆိုလေဟယ်။ 47နာသနေလဟ လာနေဟာကော် မြင်တော်မူခါ ကိုယ်တော်ယေရှုဟ "ရိုးဆားဖြောင့်မတ်တဲ့ အစ္စရေးလူမျိုးစစ်စစ်ကော် ကြည့်ကြပါ" လောက် မိန့်တော်မူညောင်း 48နာသနေလဟလဲ ကိုယ်တော်ကော် "ကျွန်ုပ်ကော် ဖယ်လဲဆိဟား" လောက် မေးလျှောက်ခါ ကိုယ်တော်ဟ "ဖိလိပ္ပုဟ သင့်ကော် မခေါ်ခင်ခါစ သဖန်းပင်အောက်မှာရှိနေတဲ့ သင့်ကော် ငါမြင်ဟယ်" လောက် မိန့်တော်မူဟယ်။ 49ဟဲင်းခါ နာသနေလဟ "ဆရာ၊ သင်ဟ ဟုတ်တည်းတည်း ဘုရားရှင်ရဲ့ဆားတော် ဖြစ်ဟယ်။ ကိုယ်တော်ဟ အစ္စရေးရဲ့ရှင်ဘုရင်လဲဖြစ်ဟယ်" လောက် လျှောက်တင်လေဟယ်။ 50ဟဲင်းခါ ကိုယ်တော်ယေရှုဟ "သင့်ကော် သဖန်းပင်အောက်မှာ ငါမြင်ဟာလောက် ပြောညောင်း ဟဲင်းလဲယုံကြည်ဟာလား။ အဲထက်မက ကြီးကျယ်မြင့်မြတ်တဲ့အရာတေကော် သင်မြင်ရလိမ့်မဲင်" လောက် ဆူ့ကော် မိန့်ဆိုလေဟယ်။ 51"သင်တော့ကော် ငါအမှန်ပြောမဲင်၊ ကောင်းကင်ပြင်ဟင်းလင်းပွင့်မောက် ဘုရားရှင်ရဲ့နတ်ဒေဝါတေဟ ဘုရားရှင်စေလွှတ်တော်မူတဲ့ လူ့ဆားတော်sနားကော် ဆင်းလာဟာကော်ရော၊ ပ္လန်မောက်ကြွဟားဟာတေကော်ရော သင်တော့မြင်တွေ့ကြရလိမ့်မဲင်" လောက် မိန့်ဆိုတော်မူလေဟယ်။

Chwazi Kounye ya:

John 1: INT

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte