Matthew 19

19
1ကိုယ်တော်ယေရှုဟ ဟောပြောသွန်သင်ဆုံးမပြီးတဲ့အခါ ဂါလိလဲပ္လေနယ်ဟနေ ထွက်ခွာမောက် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယုဒပ္လေနယ်ကော် ဆွားခဲ့လေဟယ်။ 2အကြီးကျယ်များတဲ့လူထုပရိတ်ဆတ်တေဟလဲ ကိုယ်တော်နောက်ကော် လိုက်ပါလာကြညောင်း ကိုယ်တော်ဟ ဟဲင်းအရပ်မှာ ဖျားနာနေဆမားကော် ကျန်းမာအောင်ကုသပေးလေဟယ်။ 3ပြီးခါ ဖာရိရှဲတချို့ဟ ကိုယ်တော်နားကော် ရောက်လာကြမောက် ကိုယ်တော်ကော် စမ်းသပ်လိုကြညောင်း "ယောက်ျားတစ်ယောက်ဟ ဆူ့ရဲ့မိန်းမကော် ဖယ်အကြောင်းကြောင့်ညင်းညင်း ကွာရှင်းခြင်းဟ ပညတ်တရားန ညီလား" လောက် မေးလျှောက်ကြလေဟယ်။ 4ကိုယ်တော်ဟလဲ "သင်တော့ဟ 'ကမ္ဘာဦးအစမှာ ဘုရားရှင်ဟ ယောက်ျားန မိန်းမကော် ဖန်ဆင်းတော်မူဟယ်။ 5ဟဲင်းအကြောင်းကြောင့် ယောက်ျားဟ ဆူ့ရဲ့ မိဖကော် စွန့်ခွာမောက် ဆူ့ရဲ့မိန်းမနအတူတူ ပေါင်းဖက်နေထိုင်ရမောက် ဆူ့တော့နှေယောက်ဟ ခန္ဓာကိုယ်တစ်ခုတည်းအနေန ပူးပေါင်းဟားကြလိမ့်မဲင်' လောက် ကျမ်းစာမှာ ရေးဆားထားဟာကော် မဖတ်ဖူးကြဘူးလား။ 6ဟဲင်းကြောင့် ဆူ့တော့ဟ လူနှေယောက်မဟုတ်ပဲ တစ်ယောက်တည်းအဖြစ်ကော် ရောက်ရှိဟားကြလေဟယ်။ ဟဲင်းကြောင့် ဘုရားရှင်တွဲဖက်ပေးထားတဲ့ လူတေကော် မဆူ့မှ တစ်ယောက်နတစ်ယောက် ကွဲကွာအောင် မလုပ်သင့်ဘူး" လောက် မိန့်တော်မူလေဟယ်။ 7ဟဲင်းခါ ဖာရိရှဲတော့ဟ ကိုယ်တော့်ကော် "ဟဲင်းလဲဆိုခါ ယောက်ျားဖြစ်ဆမားဟ ဆူ့ရဲ့မိန်းမကော် ကွာရှင်းစာချုပ်ပေးမောက် ဆူမကော် ကွာရှင်းဖော့ စာလောက် ပညတ်ခဲ့ဟား" လောက် မေးလျှောက်ကြလေဟယ်။ 8ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် "စာလောက်ဟားဆိုခါ သင်တော့ရဲ့စိတ်နှလုံးဟ မာကျောညောင်း မောရှေဟ သင်တော့ရဲ့ မိန်းမကော် ကွာရှင်းဖော့ ခွင့်ပြုပေးခဲ့ဟာ ဖြစ်ဟယ်။ ဟဲင်းပေမဲ့ အစဟ ဟဲင်းသလဲ မဟုတ်ဘူး။ 9ဟဲင်းကြောင့် သင်တော့ကော် ငါပြောမဲင်၊ ယောက်ျားတစ်ယောက်ဟ ဆူ့ရဲ့မိန်းမကော် အိမ်ထောင်ရေး ဖောက်ပ္လန်ဟာကြောင့်မဟုတ်ပဲ ကွာရှင်းမောက် နောက်မိန်းမတစ်ယောက်ကော် လက်ထပ်လိုက်ခါ ဟဲင်းယောက်ျားဟ အိမ်ထောင်ရေးဖောက်ပ္လန်ရာ ရောက်ဟယ်။ ကွာရှင်းဟားတဲ့ မိန်းမန လက်ထပ်ဆမားဟလဲ အိမ်ထောင်ရေးဖောက်ပ္လန်ရာ ရောက်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 10တပဲ့တေဟလဲ "ဟဲင်းလဲဆိုခါ အိမ်ထောင်မပြုပဲဟာဟ ပိုမောက်ကောင်းဟယ်" လောက် ပြောဆိုကြလေဟယ်။ 11ဟဲင်းပေမဲ့ ကိုယ်တော်ဟ တပဲ့တေကော် "သင်တော့ရဲ့စကားတေကော် လူတိုင်းလက်ခံနိုင်ကြမဲင် မဟုတ်ဘူး။ ဘုရားရှင်ဟ အဲလဲလုပ်နိုင်စွမ်းကော် ပေးထားတဲ့လူတေဟပဲ လက်ခံနိုင်ကြမှာ ဖြစ်ဟယ်။ 12လူတစ်ချို့ဟ အမဲ့ဝမ်းဖိတ်ထဲမှာခါစ အိမ်ထောင်ပြုနိုင်စွမ်းမရှိပဲ မွေးလာကြဟယ်။ တချို့ဟလဲ လူတေကြောင့် အိမ်ထောင်ပြုနိုင်စွမ်းကော် စွန့်လွှတ်ရတဲ့လူတေလဲ ရှိဟယ်။တချို့ဟလဲ ရွှေမြို့တော်ရဲ့ဆာဆနာအတွက် ကိုယ့်ရဲ့အိမ်ထောင်ပြုနိုင်စွမ်းကော် ကိုယ့်ဟာကိုယ် စွန့်လွှတ်လိုက်ဟာတေရှိဟယ်။ ဟဲင်းအရာကော် ခံယူနိုင်တဲ့လူတေ ခံယူကြစေ" လောက် မိန့်တော်မူဟယ်။ 13ပြီးခါ လူဆငယ်တေအပေါ်မှာ ကိုယ်တော်ရဲ့လက်တော် တင်မောက် ဆုတောင်းပေးဖော့ မိဖတချို့ဟ ဆူ့တော့ရဲ့လူဆငယ်တေကော် ခေါ်ဆောင်လာခဲ့ကြလေဟယ်။ ဟဲင်းခါ တပဲ့တေဟ ဟဲင်းလူတေကော် ဆဲဆူလိုက်လေဟယ်။ 14ဟဲင်းပေမဲ့ ကိုယ်တော်ယေရှုဟ "လူဆငယ်တေကော် ငါ့နားလာခွင့်ပြုလိုက်ပါ။ ဆူ့တော့ကော် မတားမြစ်ပါနဲ့။ စာလောက်ဟားဆိုခါ ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ လူဆငယ်တေနတူတဲ့ လူတေနပဲသက်ဆိုင်လောက်ညောင်း ဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 15ကိုယ်တော်ဟ ဆူ့ရဲ့လက်ကော် လူဆငယ်တေရဲ့ကိုယ်ပေါ်မှာ တင်မောက် ဆုတောင်းပေးပြီးခါ ဟဲင်းနေရာဟနေ ထွက်ခွာလာလေဟယ်။ 16ပြီးခါ လူတစ်ယောက်ဟ ကိုယ်တော်နားကော် ချဉ်းကပ်လာမောက် "ကိုယ်တော်၊ နိစ္စထာဝရအဆက်a ကော် ရရှိဖော့ ဖယ်သလဲ ကောင်းမြတ်တဲ့အမှုကော် လုပ်ရမဟား" လောက် မေးလျှောက်လေဟယ်။ 17ဟဲင်းခါ ကိုယ်တော်ဟ ဟဲင်းလူကော် "ဖယ်အရာဟ ကောင်းမြတ်ဟာန ပတ်သက်မောက် သင်ဟ ငါ့ကော် စာလောက်မေးရဟား။ ကောင်းမြတ်ဟာဆိုဟာဟ ဘုရားရှင်တစ်ပါးတည်းပဲ ရှိဟယ်။သင်ဟ နိစ္စထာဝရအဆက်ကော် ရချင်ခါ ပညတ်တရားတေကော် စောင့်ထိန်းပါ" လောက် မိန့်တော်မူလေဟယ်။ 18ဟဲင်းလူဟ ကိုယ်တော်ကော် "ဖယ်သလဲ ပညတ်တရားတေဖြစ်ဟား" လောက် မေးလျှောက်လေဟယ်။ ကိုယ်တော်ယေရှုဟလဲ "လူမဆတ်ရ၊ အိမ်ထောင်ရေးမဖောက်ပ္လန်ရ၊ မခိုးရ၊ မမှန်ကန်တဲ့စကားကော် ဆက်ဆေထွက်ဆိုခြင်းမပြုရ၊ 19သင်တော့ရဲ့ဖခင်နမိခင်ကော် ရိုဆေကြ၊ သင်တော့ရဲ့အိမ်နီးချင်းကော် သင့်ကိုယ်သင်ချစ်သလဲ ချစ်ခင်ပါ" လောက် မိန့်တော်မူ လေဟယ်။ 20ဟဲင်းခါ ဟဲင်းလူငယ်ဟ "ဟဲင်းအရာတေအကုန်ဟုန်းကော် ကျွန်ုပ်လိုက်နာစောင့်ထိန်းပါဟယ်။ ဖယ်သလဲအရာကော် အကျွန်ုပ်စောင့်ထိန်းဖော့ လိုအပ်နေပါဆေးဟား" လောက် မေးလျှောက်လေဟယ်။ 21ကိုယ်တော်ယေရှုဟ ဟဲင်းလူငယ်ကော် "သင်ရဲ့ပိုင်ဆိုင်ဆမျှကော် ဆွားရောင်းခ္လမောက် ဆင်းရဲဆားတေကော် ပေးကမ်းမဲင်ဆိုခါ သင်ဟ ရွှေမြို့တော်မှာ ဥစ္စာဘဏ္ဍာကော် ရရှိမှာပဲဖြစ်ဟယ်။ အဲလဲလုပ်ပြီးခါ ငါ့နောက်ကော် လိုက်ခဲ့ပါ" လောက် မိန့်တော်မူလေဟယ်။ 22ဟဲင်းလူငယ်ဟ အကြီးကျယ် ချမ်းဆာဆမားဖြစ်ညောင်း ဟဲင်းစကားကော် ကြားခါ စိတ်ပျက်ဝမ်းနည်းမောက် ထွက်ဟားလေဟယ်။ 23ပြီးခါ ကိုယ်တော်ဟ ဆူ့ရဲ့တပဲ့တေကော် "သင်တော့ကော် ငါအမှန်ပြောမဲင်၊ လူချမ်းဆာတေဟ ရွှေမြို့တော်ရဲ့ဆာဆနာတော်ကော် ဝင်ရောက်ဖော့ အကြီးကျယ် ခက်ခဲကြဟယ်။ 24သင်တော့ကော် ငါထပ်ပြောမဲင်၊ လူချမ်းဆာတေ ဘုရားရှင်ရဲ့ဆာဆနာတော်ကော် ဝင်ရောက်ဖော့ထက် ကုလားအုပ်တစ်ကောင်ဟ အပ်နဖားပေါက်ထဲကော် ဝင်ဟာဟ ပိုမောက် လွယ်ကူအုံးမဲင်" လောက် မိန့်တော်မူလေဟယ်။ 25တပဲ့တေဟ ဟဲင်းစကားကော် ကြားတဲ့အခါ ဆူ့တော့ဟ အကြီးကျယ်အံ့ဩမောက် "ဟဲင်းလဲဆိုခါ မဆူ့ဟ ကယ်တင်ခြင်းကော် ခံရနိုင်မဟား" လောက် ပြောဆိုကြလေဟယ်။ 26ဟဲင်းခါ ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် စူးစိုက်ကြည့်မောက် "ဟဲင်းအရာဟ လူတေအတွက်မဖြစ်နိုင်လယ်ဝ ဘုရားရှင်အတွက်တော့ အရာအကုန်ဟုန်း ဖြစ်နိုင်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 27ပြီးခါ ပေတရုဟ "အကျွန်ုပ်တော့ဟ ရှိဆမျှကော် စွန့်လွှတ်မောက် ကိုယ်တော့်နောက်ကော် လိုက်ခဲ့ပါဟယ်။ ဟဲင်းကြောင့်လောက် ဖယ်အရာတေကော် အကျွန်ုပ်တော့လက်ခံရရှိမဟား" လောက် မေးလျှောက်ကြလေဟယ်။ 28ဟဲင်းခါ ကိုယ်တော်ဟ "သင်တော့ကော်ငါအမှန်ပြောမဲင်၊ ရောက်ရှိလာမဲ့ကမ္ဘာအဆစ်မှာ ဘုရားရှင်စေလွှတ်လိုက်တဲ့လူ့ဆားတော်ဟ ဆူ့ရဲ့ဘုန်းကျက်သရေန ပ္လေ့စုံတော်မူတဲ့ပလ္လင်ပေါ်မှာ ထိုင်တော်မူတဲ့အခါမှာ ငါ့ရဲ့နောက်ကော် လိုက်ပါတဲ့ သင်တော့ဟလဲ ပလ္လင်ဆယ့်နှေခုပေါ်မှာ ထိုင်မောက် အစ္စရေးမျိုးနွယ်စုဆယ့်နှေစုကော် အုပ်ချုပ်ကြရမှာဖြစ်ဟယ်။ 29ငါ့ရဲ့နံမေကြောင့် အိမ်ကော်ပဲဖြစ်ဖြစ်၊ ညီကိုမောင်နှမတေကော်ပဲဖြစ်ဖြစ်၊ ဖခင်နမိခင်ကော်ပဲဖြစ်ဖြစ် စွန့်လွှတ်နိုင်တဲ့လူတိုင်းဟ နိစ္စထာဝရအဆက်ကော် လက်ခံရရှိမဲင်မက ကိုယ်စွန့်လွှတ်ခဲ့တဲ့ အရာတေထက် အဆတစ်ရာပိုမောက် လက်ခံရရှိကြမှာဖြစ်ဟယ်။ 30ဟဲင်းပေမဲ့ ခုကြီးမြတ်နေတဲ့လူတေဟ နိမ့်ခ္လခံရလိမ့်မဲင်ဖြစ်မောက် ခုနိမ့်ခ္လခံရဆမားတေဟ ကြီးမြတ်ကြရလိမ့်မဲင်ဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။

Chwazi Kounye ya:

Matthew 19: INT

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte