Matthew 9

9
1ပြီးခါ ကိုယ်တော်ယေရှုဟ လှေပေါ်ကော် တက်မောက် ရေအိုင်ရဲ့တစ်ဖက်ကမ်းကော် ကူးပြီးခါ ဆူနေထိုင်ရာ ကပေရနောင်မြို့ကော် ပ္လန်လည်ရောက်ရှိလာလေဟယ်။ 2ဟဲင်းအချိန်မှာ လူတချို့ဟ ကိုယ်တော်ယေရှုနားကော် လေဖ္လတ်နေဆမားတစ်ယောက်ကော် ဖျာပေါ်မှာတင်မောက် သယ်ဆောင်လာကြဟယ်။ ကိုယ်တော်ယေရှုဟ ဟဲင်းလူတေရဲ့ယုံကြည်မှုကော် မြင်တော်မူညောင်း ဟဲင်းလေဖ္လတ်နေဆမားကော် "မိတ်ဆွေ၊ မစိုးရိမ်န။ ထပါ။ သင်ရဲ့အပြစ်ဒုစရိုက်တေ ခွင့်လွှတ်ခြင်းခံရဝေါက်" လောက် မိန့်တော်မူညောင်း 3ဟဲင်းနေရာမှာရှိနေတဲ့ ကျမ်းတတ်ဆရာတချို့ဟ ဆူ့တော့ရဲ့စိတ်ထဲမှာ အဲလူဟ ဘုရားရှင်ကော် ပြစ်မှားပြောဆိုနေဟာလောက် တွေးတောကြလေဟယ်။ 4ဟဲင်းပေမဲ့ ကိုယ်တော်ယေရှုဟ ဆူ့တော့ရဲ့ အတွေးတေကော် ဆိညောင်း "သင်တော့ရဲ့စိတ်ထဲမှာ စာလောက်မကောင်းတဲ့အတွေးတေကော် တွေးနေကြဟား။ 5'သင်ရဲ့အပြစ်ဒုစရိုက်တေကော် ခွင့်လွှတ်ခြင်းခံရဝေါက်' လောက် ပြောဟာန 'ထမောက် လမ်းလျှောက်ပါ' လောက် ပြောဟာမှာ ဖယ်အရာဟ ပိုမောက်လွယ်ဟား။ 6ဟဲင်းပေမဲ့ ဘုရားရှင်စေလွှတ်လိုက်တဲ့ လူ့ဆားတော်ဟ ဒီကမ္ဘာမ္လေပေါ်ဟ အပြစ်တရားတေကော် ခွင့်လွှတ်ပေးနိုင်တဲ့ အခွင့်အာဏာရှိဟာဆိုဟာကော် သင်တော့ဆိရှိနိုင်စေဖော့" လောက် မိန့်ဆိုမောက် လေဖ္လတ်နေဆမားကော် "ထပါ။ သင့်ရဲ့ဖျာကော် ကောက်မောက် အိမ်ကော်ပ္လန်ပါ" လောက် မိန့်လေဟယ်။ 7တခါတည်း လေဖ္လတ်နေဆမားဟ ထမောက် အိမ်ကော် ပ္လန်ဟားလေဟယ်။ 8လူထုပရိတ်ဆတ်ကြီးဟ ဟဲင်းအဖြစ်အပျက်ကော် မြင်တဲ့အခါ ကြောက်လန့်ဟားကြမောက် လူတေကော် ဟဲင်းသလဲအခွင့်အာဏာကော် ပေးတော်မူတဲ့ ဘုရားရှင်ကော် ချီးမွမ်းကြလေဟယ်။ 9ကိုယ်တော်ယေရှုဟ ဟဲင်းနေရာမှ ထွက်ခွာလာခါ အခွန်ကောက်ရုံးမှာ ထိုင်နေတဲ့ မဿဲလောက် ခေါ်တဲ့လူတစ်ယောက်ကော် မြင်မောက် "ငါ့နောက်ကော် လိုက်ခဲ့ပါ" လောက် မိန့်ခါ ဟဲင်းလူဟ ထမောက် ကိုယ်တော့်နောက်ကော် လိုက်လာလေဟယ်။ 10ပြီးခါ ကိုယ်တော်ယေရှုဟ မဿဲရဲ့ အိမ်ကော် ဆွားမောက် စားပွဲမှာ ထိုင်နေချိန်မှာ အကြီးကျယ်များတဲ့ အခွန်ကောက်ဆမားတေန ဒုစရိုက်အပြစ်ဆားတေဟ ရောက်လာခဲ့ကြမောက် ကိုယ်တော်န ဆူ့ရဲ့တပဲ့တေနအတူ စားပွဲမှာ ထိုင်မောက် စားဆောက်ကြလေဟယ်။ 11အဲဟာကော်မြင်တဲ့ ဖာရိရှဲတေဟ ကိုယ်တော်ရဲ့ တပဲ့တေကော် "သင်တော့ရဲ့ ဆရာဟ အခွန်ကောက်ဆမားတေ၊ အပြစ်ဒုစရိုက်ဆားတေန စာလောက်အတူ စားဆောက်နေဟား" လောက် မေးကြလေဟယ်။ 12ကိုယ်တော်ဟ ဟဲင်းအကြောင်းအရာကော် ကြားတဲ့အခါ "ကျန်းမာနေဆမားတေဟ ဆေးဆရာကော် မလိုအပ်ဘူး။ နေမကောင်းဖြစ်နေဆမားပဲ ဆေးဆရာကော် လိုအပ်ဟယ်။ 13'ငါဟ ပူဇော်ပသခြင်းကော် အလိုမရှိပဲ၊ ဂရုဏာထားခြင်းကော်ပဲ အလိုရှိဟယ်" ဆိုတဲ့ ကျမ်းချက်ဟ ဖယ်ဟာကော် ဆိုလိုဟားဆိုဟာ ဆွားမောက် လေ့လာကြပါ။ ငါလာရခြင်းအကြောင်းမှာ ဖြောင့်မတ်မှန်ကန်ဆမားတေကော် နောင်တသံဝေဂရစေဖော့ မဟုတ်ပဲ အပြစ်ဒုစရိုက်ဆားတေကော် နောင်တသံဝေဂရစေဖော့ဖြစ်ဟယ်" လောက် မိန့်တော်မူဟယ်။ 14ပြီးခါ ယောဟန်ရဲ့တပဲ့တေဟ ကိုယ်တော်နားကော် ရောက်ရှိလာကြမောက် ကိုယ်တော့်ကော် "ကျွန်ုပ်တော့န ဖာရိရှဲတေဟ တနားတခေါက် အစာရှောင်ဆုတောင်းကြဟယ်။ ဟဲင်းပေမဲ့ ကိုယ်တော်ရဲ့တပဲ့တေဟတော့ စာလောက် အစာရှောင်ဆုတောင်းဟာကော် မလုပ်ကြဟား" လောက် မေးကြလေဟယ်။ 15ဟဲင်းခါ ကိုယ်တော်ဟ ဆူ့တော့ကော် "သတိုးဆားရဲ့အပေါင်းအသင်း မိတ်ဆွေတေဟ မင်္ဂလာပွဲမှာ သတို့ဆားနအတူရှိနေချိန်မှာ ဝမ်းနည်းပူဆွေးနေကြမှာလား။ သတို့ဆားကော် ဆူ့တော့နားဟနေ အဝေးကော် ခေါ်ဆောင်ခံရတဲ့နေ့ ရောက်လာလိမ့်မဲင်။ ဟဲင်းအချိန်ရောက်ခါတော့ ဆူ့တော့ဟ အစာရှောင်ကြလိမ့်မဲင်ဖြစ်ဟယ်။ 16မဆူ့မှ အဝတ်အဟောင်းကော် အဝတ်စအဆစ်န မဖာထေးကြဘူး။ ဟဲင်းလဲလုပ်ခါ ဖာထေးဟားတဲ့ အဝတ်အဆစ်ဟ ကျုံ့aဟားတဲ့အခါ ဖာဟားတဲ့နေရာကော် ဆွဲဖြဲသလဲဖြစ်မောက် အပေါက်ဟလဲ ပိုမောက် ကူးလာလိမ့်မဲင်။ 17စပျစ်ရည်အဆစ်ကော်လဲ ဆရေဘူးအဟောင်းထဲကော် မဆူ့မှ မထေ့ဘူး။ ဟဲင်းလဲထေ့လိုက်ခါ စပျစ်ရည်အဆစ်ဟ ဆရေဘူးအဟောင်းကော် ပေါက်ပြဲစေမောက် စပျစ်ရည်ဟလဲ ယိုဖိတ်မောက် ဆရေဘူးဟလဲ ပျက်စီးဟားလိမ့်မဲင်။ ဟဲင်းအစား စပျစ်ရည်အဆစ်ကော် ဆရေဘူးအဆစ်ထဲမှာပဲ ထေ့မှ နှေခုလုံးကောင်းကောင်းမွန်မွန် က္လန်နေမဲင်ဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 18ကိုယ်တော်ဟ ဟဲင်းအကြောင်းအရာကော် မိန့်ကြားနေချိန်မှာ အရာရှိတစ်ယောက်ဟ ကိုယ်တော်နားကော် လာမောက် ကိုယ်တော့်ရှေ့မှာ ဒူးထောက်မောက် "ကျွန်ုပ်ရဲ့ဆမီးဟ ခုပဲဆေဟားပါဟယ်။ ဟဲင်းပေမဲ့ ကိုယ်တော် ကြွရောက်မောက် ဆူ့မအပေါ်ကော် ကိုယ်တော်ရဲ့လက်ကော် တင်တော်မူခါ ဆူမဟ အဆက်ပ္လန်ရှင်လိမ့်မဲင်" လောက် လျှောက်တင်ညောင်း 19ကိုယ်တော်ယေရှုဟ ထမောက် ဆူ့ရဲ့တပဲ့တေနအတူ ဟဲင်းလူနောက်ကော် လိုက်တော်မူလေဟယ်။ 20ဟဲင်းချိန်မှာ ဆယ့်နှေနှစ်ကြာဆွေးဆွန်ရောဂါ ခံစားနေရတဲ့ မိန်းမတစ်ယောက်ဟ ကိုယ်တော်ယေရှုနောက်ကော် လိုက်ပါလာပြီးခါ 21"ငါဟ ကိုယ်တော်ရဲ့ ဝတ်ရုံတော်ကော် တို့ထိလိုက်လောက်ရှိခါ ငါရဲ့အနာရောဂါ ပျောက်ကင်းဟားမှာပဲ" လောက် ဆူမကိုယ်ဆူမ ပြောဆိုမောက် ကိုယ်တော်ရဲ့ဝတ်ရုံရဲ့အစွန်းကော် ထိလိုက်လေဟယ်။ 22ကိုယ်တော်ယေရှုဟ ဆူမဖက်ကော် လှေ့ကြည့်မောက် "ဆမီး၊ ဝမ်းဆာတော့။ သင်ရဲ့ယုံကြည်မှုဟ သင့်ရဲ့အနာရောဂါကော် ပျောက်ကင်းစေဝေါက်" လောက် မိန့်တော်မူလိုက်ခါ ဟဲင်းအချိန်မှစမောက် ဆူမဟ ကျန်းမာလာလေဟယ်။ 23ပြီးခါ ကိုယ်တော်ယေရှုဟ အရာရှိရဲ့အိမ်ကော် ဆက်ဆွားခဲ့မောက် ဟဲင်းနေရာကော် ရောက်တဲ့အခါမှာ တေးဂီတဆမားတေဟ အသုဘသီချင်းတေ တီးမှုတ်နေကြဟာကော် မြင်တွေ့ရမောက် လူအုပ်ကူးဟလဲ အော်ဟစ်ဆူညံနေဟယ်။ 24ဟဲင်းခါ ကိုယ်တော်ဟ "အဝေးကော် ဆွားကြ၊ မိန်းခလေးဟ ဆေဟားဟာ မဟုတ်ဘူး။ အိပ်ပျော်နေဟာ ဖြစ်ဟယ်" လောက် မိန့်တော်မူခါ ဆူ့တော့ဟ ကိုယ်တော့်ကော် လှောင်ရယ်ကြလေဟယ်။ 25ဟဲင်းပေမဲ့ ကိုယ်တော်ဟ လူတေကော် အိမ်အပြင်ကော် ထွက်စေပြီးခါ အိမ်ထဲကော် ဝင်မောက် မိန်းခလေးရဲ့လက်ကော် ကိုင်တော်မူလိုက်ခါ ဟဲင်းမိန်းခလေးဟ ထလာလေဟယ်။ 26ဟဲင်းအံ့ဖွယ်သတင်းဟလဲ တိုင်းပ္လေတစ်ခွင်လုံး ပ္လန့်နှံ့ဟားခဲ့လေဟယ်။ 27ပြီးခါ ကိုယ်တော်ယေရှုဟ ဟဲင်းနေရာဟနေ ထွက်ခွာလာတဲ့အခါ မျက်မမြင်နှေယောက်ဟ "ဒါဝိဒ်ရဲ့ဆားတော်၊ ကျွန်ုပ်တော့ကော် ဆနားတော်မူပါ" လောက် အောက်ဟစ်ငိုယိုမောက် ကိုယ်တော်ရဲ့ နောက်ကော် လိုက်လာလေဟယ်။ 28တည်းခိုရာအိမ်ထဲကော် ဝင်တဲ့အခါ မျက်မမြင်နှေယောက်ဟ ဆူ့နားကော် ချဉ်းကပ်လာညောင်း ကိုယ်တော်ဟ ဟဲင်းလူနှေယောက်ကော် "သင်တော့မျက်လုံးပ္လန်မြင်လာအောင် ငါဟုတ်တည်း လုပ်ပေးနိုင်ဟာလောက် သင်တော့ယုံကြည်ကြလား" လောက် မေးတော်မူခါ ဟဲင်းလူနှေယောက်ဟလဲ "ယုံကြည်ပါဟယ်၊ အရှင်" လောက် ပ္လန်လည်ဖြေကြားလေဟယ် 29ပြီးခါ ကိုယ်တော်ယေရှုဟ ဆူ့တော့ရဲ့မျက်လုံးတေကော် တို့ထိမောက် "သင်တော့ ယုံကြည်တဲ့အတိုင်း ဖြစ်စေ" လောက် မိန့်တော်မူခါ 30ဟဲင်းလူနှေယောက်ဟလဲ မျက်စိပ္လန်မြင်လာလေဟယ်။ ပြီးခါ ကိုယ်တော်ယေရှုဟ ဟဲင်းအကြောင်းအရာကော် မဆူ့ကော်မှမပြောဖော့ တင်းတင်းကျပ်ကျပ် သတိပေးတော်မူလေဟယ်။ 31ဟဲင်းပေမဲ့ ဆူ့တော့ဟ ထွက်ဟားကြပြီးခါ ကိုယ်တော်ရဲ့သတင်းကော် ဟဲင်းနယ်တစ်နယ်လုံးကော် ပ္လန့်နှံ့အောင် ဖ္လန့်ကြလေဟယ်။ 32တော့ထွက်ဟားပြီးနောက်မှာ မကောင်းဆိုးဝါး ပူးကပ်မောက် ဆွံ့အနေဆမားတစ်ယောက်ကော် ကိုယ်တော်နားကော် ခေါ်ဆောင်လာကြညောင်း 33ကိုယ်တော်ဟ မကောင်းဆိုးဝါးကော် နှင်ထုတ်လိုက်တဲ့အခါ ဟဲင်းလူဟ စကားပ္လန်လည်ပြောဆိုနိုင်ဟားလေဟယ်။ ဟဲင်းကြောင့် လူထုပရိတ်ဆတ်ကြီးဟလဲ အကြီးကျယ် အံ့ဩဟားကြမောက် "အစ္စရေးပ္လေမှာ ဟဲင်းသလဲအဖြစ်မျိုးကော် တစ်ခါမှမမြင်ဖူးဘူး" လောက် ပြောဆိုကြလေဟယ်။ 34ဟဲင်းပေမဲ့ ဖာရိရှဲတေဟ "မကောင်းဆိုးဝါးတေရဲ့ ခေါင်းဆောင်ဟ ဆူ့ကော် မကောင်းဆိုးဝါးတေကော် နှင်ထုတ်နိုင်တဲ့ တန်ခိုးအစွမ်းတေ ပေးထားဟာဖြစ်ဟယ်" လောက် ပြောဆိုကြလေဟယ်။ 35ပြီးခါ ကိုယ်တော်ယေရှုဟ မြို့ရွာတေအနှံ့ ဆွားမောက် ဓမ္မာရုံတေမှာ ဘုရားရှင်ဆာဆနာတော်ရဲ့ မင်္ဂလာသတင်းကောင်းကော် ဟောပြောသွန်သင်မောက် ရောဂါအမျိုးမျိုးန ဖျားနာနေဆမားတေကော်လဲ ကျန်းမာစေလေဟယ်။ 36ကိုယ်တော်ယေရှုဟ လူထုပရိတ်ဆတ်ကြီးကော် မြင်တဲ့အခါ ဟဲင်းလူတေဟ သိုးထိန်းမရှိတဲ့ သိုးတေသလဲ အားကိုးရာမဲ့မောက် ပစ်ထားခံရပြီးခါ စိတ်ပင်ပန်းနွမ်းနယ်နေကြညောင်း ဟဲင်းလူတေအပေါ်မှာ ဆနားဂရုဏာစိတ်ဝင်မောက် 37ကိုယ်တော်ဟ တပဲ့တော်တေကော် "ရိတ်ဆိမ်းဖော့ အများဟုန်းရှိလယ်ဝ ရိတ်ဆိမ်းမဲ့ လုပ်ဆားတေဟ နည်းလွန်းဟယ်။ 38ဟဲင်းကြောင့် ယာခင်း အရှင်သခင်နားမှာ ကောက်ရိတ်ဆိမ်းဖော့အတွက် လုပ်ဆားတေကော် ပိုမောက် စေလွှတ်ပေးဖော့ ဆုတောင်းကြပါ" လောက် မိန့်တော်မူလေဟယ်။

Chwazi Kounye ya:

Matthew 9: INT

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte