ယောဟန် 5
5
ရီကန်၌ ကျန်းမာစီခြင်း
1ထို့နောက် ယေသျှုသည် ယုဒဘာသာရေးပွဲတော် ဟိသည်ဖြစ်၍ ယေရုဆလင်မြို့သို့ ကြွတော်မူ၏။ 2ယေရုဆလင်မြို့၌ ဟိသော သိုးတန်းခါးနားတွင် ရီကန်တစ်ကန် ဟိ၏။#၅.၂ ယေရုဆလင်မြို့၌ ဟိသော သိုးတန်းခါးနားတွင် ရီကန်တစ်ကန် ဟိ၏၊ သို့မဟုတ် သိုးရီကန်အနား … နီရာတစ်နီရာ။ ထိုရီကန်အား ဆင်ဝင်ငါးခုဖြင့် ကာရံထားပြီး ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒ#၅.၂ ဗေသေသဒ၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် ဗက်ဇဓ၊ ဟု ပါဟိသည်။ ဟု ခေါ်ဆို၏။ 3မျက်စိမမြင်သောသူ၊ ကိုယ်လက်မသန်စွမ်းသူနှင့် လီဖြတ်သောသူ — စသည့် လူမမာများစွာရို့သည် ထိုဆင်ဝင်များ၌ လဲလျောင်းလျက် နိန်ကြ၏။ 4#၅.၄ တချို့သော လက်ရီးမူရင်းကျမ်းတွင် အခန်းငယ် ၃ခ–၄ ကို၊ ထိုသူရို့သည် ရီကန်ထဲ၌ ဟိသောရီ လှုပ်ခတ်မည်ကို စောင့်မျှော်နိန် ကြခြင်းဖြစ်၏၊ ၄ အကြောင်းမူကား သခင်ဘုရား၏ ကောင်းကင်တမန်သည် ထိုရီကန်၌ မကြာမကြာ ဆင်းသက်ပြီး ရီကို လှုပ်လေ့ဟိ၏။ ထိုကဲ့သို့ ရီလှုပ်ခတ်ပြီးသည်နှင့် ရီကန်အတွင်းသို့ အယင်ဆုံး ဝင်ရောက်နိုင်သော သူသည် မည်သည့်ရောဂါမျိုးမဆို ပျောက်ကင်း၏၊ ဟူ၍ ပေါင်းထည့်ထားသည်။ 5သုံးဆယ်သျှစ်နှစ်ပတ်လုံး ဖျားနာခြင်းဝေဒနာကို ခံစားနိန်ရသော လူတစ်ဦးသည်လည်း ထိုနီရာ၌ ဟိ၏။ 6ယေသျှုသည်လည်း လဲလျောင်းနိန်သော ထိုသူကို မြင်လျှင် ကာလကြာမြင့်စွာ ရောဂါခံစားနိန်ရကြောင်းကို သိတော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူအား “သင်သည် ကျန်းမာခြင်း ရလိုသလော” ဟု မိန်းလေ၏။
7ထိုဖျားနာနိန်သောသူကလည်း “ဆရာ၊ ရီလှုပ်ခတ်လာသောအခါ အကျွန့်အား ရီကန်ထဲသို့ ချပီးမည့်လူ တစ်ယောက်မျှ မဟိပါ။ အကျွန်သည် ရီကန်ထဲသို့ ဆင်းခြင်းငှာ ကြိုးစားနိန်စဉ် တခြားသူတစ်ယောက်သည် ဦးစွာ ရောက်လားတတ်ပါ၏” ဟု လျှောက်လေ၏။
8ယေသျှုကလည်း “ထလော့၊ သင်၏ ဖျာကိုယူ၍ လှမ်းလားလော့” ဟု မိန့်တော်မူလျှင်၊ 9ထိုသူသည် ချက်ချင်းပင် ကျန်းမာလားသဖြင့် မိမိဖျာကို ယူ၍ လှမ်းလားလေ၏။
ထိုအမှုအရာ ဖြစ်ပျက်သောနိ့ကား ဥပုသ်နိ့၌ ဖြစ်၏။ 10ထို့ကြောင့် ယုဒအာဏာပိုင်ရို့သည် ကျန်းမာလားသောသူအား “ဤနိ့သည် ဥပုသ်နိ့ဖြစ်သောကြောင့် သင်၏ဖျာကို သယ်ယူခြင်းသည် ငါရို့၏ ပညတ်ကို ဆန့်ကျင်ခြင်းဖြစ်၏” ဟု ဆို၏။
11ထိုသူကလည်း “အကျွန့်ကို ကျန်းမာစီသော သူသည် ဖျာကို ကောက်၍ လှမ်းလားစီခြင်းငှာ အကျွန့်အား မိန့်တော်မူခပါ၏” ဟု ပြောလေ၏။
12ထိုအခါ သူရို့သည် “သင့်ကို ဤပိုင် လုပ်ခိုင်းသောသူကား ဇာသူနည်း” ဟု ထိုသူအား မိန်းလေ၏။
13သို့ရာတွင် ထိုကျန်းမာလာသောသူသည် မိမိအား စီခိုင်းသောသူသည် ယေသျှုဖြစ်သည်ကို မသိပေ။ အကြောင်းမူကား ထိုနီရာ၌ လူများ၍ ယေသျှုသည်လည်း အဝီးသို့ မထင်မရှား ကြွလားတော်မူသောကြောင့် ဖြစ်၏။
14ထို့နောက်မှ ယေသျှုသည် ထိုသူအား ဗိမာန်တော်၌ တွိ့လျှင် “နားထောင်၊ အဂု သင် နီကောင်းယာ။ ထို့ကြောင့် ဒုစရိုက်အပြစ်ပြုခြင်းကို ရပ်တန့်လော့၊ ထိုသို့ မဟုတ်လျှင် ဤထက်ဆိုးသော အရာတိ သင်၌ ဖြစ်လာလိမ့်မည်” ဟု မိန့်တော်မူလေ၏။
15ထိုအခါ ကျန်းမာလာသောသူသည် ထွက်လား၍ ယုဒအာဏာပိုင်ရို့ကို မိမိအား ကျန်းမာစီသောသူသည် ယေသျှုဖြစ်ကြောင်းကို ပြောကြားလေ၏။ 16ထို့ကြောင့် ယုဒအာဏာပိုင်ရို့သည် ယေသျှုအား ညှည်းပန်းခြင်းငှာ စတင်လေ၏။ အကြောင်းမူကား ကိုယ်တော်သည် ဥပုသ်နိ့၌ ကျန်းမာခြင်းအမှုအား ပြုသောကြောင့်ဖြစ်၏။ 17ယေသျှုကလည်း “ငါ့ခမည်းတော်သည် အစဉ်မပြတ် အလုပ်လုပ်နိန်၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်ရမည်” ဟု ထိုသူရို့အား မိန့်တော်မူ၏။
18ဤသို့ မိန့်တော်မူသောကြောင့် လည်းကောင်း၊ ဥပုသ်နိ့၏ စည်းကမ်းကို ဖောက်ဖျက်ခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင်ကို မိမိ၏အဖဟု ခေါ်၍ မိမိကိုယ်မိမိ ဘုရားသခင်နှင့် တစ်တန်းတည်း ထားသောကြောင့် လည်းကောင်း ယုဒအာဏာပိုင်တိက ကိုယ်တော်အား အသီသတ်ခြင်းငှာ ပို၍ ကြံစည်ကြ၏။
သားတော်၏ အခွင့်အာဏာ
19ထို့ကြောင့် ယေသျှုသည် ယုဒအာဏာပိုင်ရို့အား “ငါအမှန်ဆိုသည်ကား၊ သားတော်သည် မိမိအလိုအတိုင်း ဇာတစ်ခုမျှ မပြုနိုင်။ သူ၏ခမည်းတော် ပြုတော်မူသမျှသော အရာတိကို မြင်၍သာ ပြု၏။ ခမည်းတော်ပြုသမျှကို သားတော်လည်း ပြု၏။ 20ခမည်းတော်သည် သားတော်ကို ချစ်သောကြောင့် မိမိပြုသမျှ အလုံးစုံတိကို သားတော်အား ဖွင့်ပြတော်မူ၏။ ခမည်းတော်သည် ဤအမှုအရာထက် ကြီးစွာသောအရားတိကို ပြုခြင်းငှာ သားတော်အား ဖွင့်ပြပီးဦးမည် ဖြစ်သောကြောင့် သင်ရို့သည် အံ့ဩခြင်း ဟိကြလိမ့်မည်။ 21ခမည်းတော်သည် သီသောသူကိုပင် ထမြောက်စီပြီး ထိုသူရို့အား အသက်ကို ပီးတော်မူ၏။ ထိုနည်းတူ သားတော်သည်လည်း မိမိအလိုဟိသော သူရို့အား အသက်ကို ပီးလိမ့်မည်။ 22ခမည်းတော်သည် ဇာသူ့ကိုမျှ တရားစီရင်တော်မူမည် မဟုတ်။ သားတော်အား တရားစီရင်ရသောအခွင့် အလုံးစုံကို ပီးအပ်ထားပြီးဖြစ်၏။ 23အကြောင်းမူကား လူရို့သည် ခမည်းတော်အား ရိုသီသည့်နည်းတူ သားတော်ကိုလည်း ရိုသီကြစီရန် ဖြစ်၏။ သားတော်အား မရိုသီသောသူ ဟိသမျှရို့သည် ထိုသားတော်အား စီရွှတ်တော်မူသော ခမည်းတော်ကိုလည်း မရိုသီသောသူ ဖြစ်၏။
24“ငါအမှန်ဆိုသည်ကား၊ ငါ့စကားကို ကြားလျက် ငါအား စီရွှတ်သောသူကို ယုံကြည်သော သူရို့သည် ထာဝရအသက်ကို ရ၏။ ထိုသူရို့သည် တရားစီရင်ခြင်းကို မခံရဘဲ သီခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သော သူများ ဖြစ်ကြ၏။ 25ငါအမှန်ဆိုသည်ကား၊ သီသောသူရို့သည် ဘုရားသခင်သားတော်၏ အသံကို ကြားသောအခါ ပြန်၍ အသက်ရှင်လာမည့် အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။ 26အကြောင်းမူကား ခမည်းတော် ကိုယ်တိုင် အသက်၏ အရင်းအမြစ် ဖြစ်သကဲ့သို့ သားတော်ကိုလည်း ထိုသို့ ဖြစ်စီခြင်းငှာ အခွင့်ပီးတော်မူ၏။ 27ခမည်းတော်သည် သားတော်အား တရားစီရင်ပိုင်သော အခွင့်ကိုလည်း ပီးတော်မူ၏။ အကြောင်းမူကား ထိုသူသည် လူသား ဖြစ်တော်မူ၏။ 28-29ဤအမှုအရာကြောင့် မအံ့ဩကတ်ကေ့။ သီလွန်သောသူအားလုံးသည် သားတော်၏ အသံကိုကြား၍၊ သူရို့၏ အုတ်ဂူအသီးသီးမှ ထလာရမည့်အချိန်သည် အဂုပင် ရောက်လျက် ဟိ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူရို့သည် အသက်ကို ရ၍၊ မကောင်းသောအကျင့်ကို ကျင့်သောသူရိုသည် ထမြောက်ပြီး အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေသျှုအကြောင်း သက်သီများ
30ယေသျှုကလည်း “ငါသည် မိမိအခွင့်အာဏာဖြင့် ဇာအရာကိုမျှ မပြုနိုင်။ ဘုရားသခင် ဖော်ပြသမျှကိုသာ တရားစီရင်၏။ ထို့ကြောင့် ငါစီရင်ခြင်းသည် မှန်ကန်၏။ အကြောင်းမူကား ငါသည် ကိုယ့်အလိုသို့ လိုက်၍ ပြုခြင်းငှာ မကြိုးစားဘဲ၊ ငါ့အား စီရွှတ်တော်မူသော သူ၏အလိုသို့သာ လိုက်၍ ငါ ပြုသောကြောင့်ဖြစ်၏။
31“ငါသည် ကိုယ့်အကြောင်းကိုသာ သက်သီခံလျှင် ငါ၏သက်သီသည် လက်ခံနိုင်ဖွယ်မဟိ။ 32ငါ့ကိုယ်စား သက်သီခံသောသူ တစ်ပါးဟိ၏။ ငါ့အကြောင်းကို ထိုသူ၏ သက်သီခံချက်များသည် မှန်ကန်ကြောင်းကို ငါသိ၏။ 33#ယော ၁.၁၉–၂၇; ၃.၂၇–၃၀သင်ရို့သည် ယောဟန်ထံသို့ သင်ရို့၏တမန်ရို့ကို စီရွှတ်ခ၏။ ယောဟန်သည် သမ္မာတရားဖက်၌ သက်သီခံ၏။ 34လူတိဖက်မှ သက်သီခံပီးသည်ကို ငါ လို၍မဟုတ်။ သို့ရာတွင် သင်ရို့ ကယ်တင်ခံရစီခြင်းငှာ ငါဆို၏။ 35ယောဟန်သည် ထွန်းလင်းတောက်ပသော ဆီမီးနှင့် တူ၏၊ သင်ရို့သည် ထိုသူ၏ အလင်း၌ ခဏသာပျော်မွိ့ရန် ဆန္ဒဟိကြ၏။ 36သို့ရာတွင် ယောဟန်၏ သက်သီထက် ကြီးမြတ်သောသက်သီတစ်ခုသည် ငါ၌ ဟိ၏။ ခမည်းတော်သည် ငါ့အား အလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်ရန် အပ်ပီးတော်မူသဖြင့် အဂု ငါ လုပ်ဆောင်လျက်ဟိသော အမှုအရာတိကား၊ ငါ့အား ခမည်းတော် စီရွှတ်တော်မူကြောင်းကို သက်သီခံခြင်းဖြစ်၏။ 37#မ ၃.၁၇; မာ ၁.၁၁; လု ၃.၂၂ထို့ကြောင့် ငါ့ကို စီရွှတ်သောခမည်းတော်ကိုယ်တိုင် ငါ၏အကြောင်းကို သက်သီခံတော်မူ၏။ သင်ရို့သည် ခမည်းတော်၏ အသံတော်ကို ဇာခါမျှ မကြားဖူး၊ မျက်နှာတော်ကိုလည်း မမြင်ဖူး။ 38ခမည်းတော် စီရွှတ်တော်မူသောသူကို သင်ရို့သည် မယုံကြည်သောကြောင့် နှုတ်ကပတ်တော်သည် သင်ရို့၏စိတ်နှလုံးထဲ၌ မတည်ကြ။ 39သင်ရို့သည် ကျမ်းစာတော်မြတ်ကို ကြိုးစား၍ လေ့လာကြ၏။ အကြောင်းမူကား သင်ရို့သည် ထိုအထဲ၌ ထာဝရအသက်ကို ရှာတွိ့လိမ့်မည်ဟု ထင်သောကြောင့်ဖြစ်၏။ ထိုကျမ်းစာတော်မြတ်ပင်လျှင် ငါ၏အကြောင်းကို သက်သီခံ၏။ 40သို့သော် သင်ရို့သည် အသက်ကို ရအံ့သောငှာ ငါ့ထံပါးသို့ မလာလိုကြပေ။
41“ငါသည် လူတိ ချီးမွမ်းဂုဏ်ပြုခြင်းကို မရှာ။ 42သို့သော် သင်ရို့သည် ဇာပိုင် လူအမျိုးအစား ဖြစ်ခြင်းကို လည်းကောင်း၊ သင်ရို့၏စိတ်နှလုံး၌ ဘုရားသခင်ကို ချစ်ခြင်းမဟိသည်ကို လည်းကောင်း ငါသိ၏။ 43ငါ၏ ခမည်းတော် အခွင့်နှင့် ငါသည် ကြွလာသော်လည်း သင်ရို့သည် ငါ့ကို လက်မခံကြ။ သို့သော် အခြားသူတစ်ယောက်သည် မိမိအခွင့်နှင့် ကြွလာပါမူ သင်ရို့သည် ထိုသူအား လက်ခံကြလိမ့်မည်။ 44သင်ရို့သည် အချင်းချင်းပီးသော ချီးမြှောက်ခြင်းကို ခံလိုကြ၏။ သို့သော် တစ်ဆူတည်းဟိတော်မူသော သင်ရို့၏ ဘုရားသခင်ထံပါးမှ ချီးမြှောက်ခြင်းကိုမူ ရဟိခြင်းငှာ မကြိုးစားကြ။ သို့ဖြစ်၍ သင်ရို့သည် ငါ့ကို ဇာပိုင် ယုံကြည်နိုင်မည်နည်း။ 45သို့ရာတွင် ငါသည် သင်ရို့အား ငါ၏ ခမည်းတော်ရှိ့၌ အပြစ်တင်စွပ်စွဲလိမ့်မည် ဟူ၍ မထင်ကတ်ကေ့။ သင်ရို့အား အပြစ်တင်စွပ်စွဲမည့်သူကား သင်ရို့ မျှော်လင့်သော မောသျှေပင် ဖြစ်၏။ 46သင်ရို့သည် မောသျှေအား စစ်မှန်စွာ ယုံကြည်ခလျှင် ငါ့ကိုလည်း ယုံကြည်ခကြလိမ့်မည်။ အကြောင်းမူကား သူသည် ငါ့အကြောင်းကို ရီးသားထားသောကြောင့်ဖြစ်၏။ 47သို့သော်လည်း သင်ရို့သည် မောသျှေ ရီးသားထားသမျှကိုပင် မယုံကြည်လျှင် ငါပြောသောစကားကို ဇာပိုင် ယုံကြည်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
Pilihan Saat Ini:
ယောဟန် 5: NTRKB24
Sorotan
Berbagi
Salin
Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
The New Testament in Rakhine Language © The Word for the World International and the Rakhine Bible Translation Committee, 2024.