Matthew 13
13
1ထိုနေ့၌ပင်ကိုယ်တော်ယေရှုသည် နေအိမ်မှထွက်ခွာ၍ ဂါလိလဲရေအိုင်ကမ်းဘေးတွင်ထိုင်ပြီး တပည့်တော်များကို သွန်သင်တော်မူလေသည်။ 2.တဖြေးဖြေးစုရုံးလာသောလူထုပရိသတ်များပြားလာ၍ ကိုယ်တော်ကလှေတစ်စီးထဲသို့ဝင်ထိုင်ရလေသည်။ထိုစဉ်တွင်လူများကကမ်းခြေတွင်မတ်တပ်ရပ်နေခဲ့ရလေသည်။ 3ထို့နောက်ကိုယ်တော်ယေရှုသည် လူများအား ပုံဥပမာများဖြင့် သွန်သင်တော််မူလေသည်။ သူက "လယ်သမားတစ်ဦးဟာပျိုးကြဲဖို့လယ်ကွင်းထဲကိုဆင်းသွားတယ်။ 4.ပျိုးကြဲတဲ့အခါမှာ မျိုးစေ့တစ်ချို့လမ်းပေါ်ကိုကျသွားတယ်။ဒါကြောင့်မျိုးစေ့တွေကိုငှက်တွေစားလိုက်ကြတယ်။ 5နောက်မျိုးစေ့တစ်ချို့ဟာ မြေဆီလွှာပါးလွှာတဲ့ကျောက်ခံမြေပေါ်မှာကျတဲ့အတွက်ချက်ချင်းအပင်ပေါက်လာတယ်။ 6ဒါပေမယ့်အမြစ်မစွဲတဲ့အတွက်နေထွက်လာတဲ့အခါ အဲဒီအပင်တွေဟာ ခြောက်သွေ့ သွားတယ်။ 7နောက်မျိုးစေ့ တချို့ဟာ ဆူးပင်အောက်ကိုရောက်သွားတဲ့အတွက် လောင်းရိပ်မိပြီးအပင်ဟာမကြီးထွားလာတော့ဘူး။ 8.မျိုးစေ့တစ်ချို့ဟာမြေဩဇာကောင်းတဲ့နေရာမှာကျသွားတဲ့အခါမှာ ကြဲချလိုက်တဲ့မျိုးစေ့တွေထက် အဆပေါင်း တစ်ရာ ၊ တစ်ချို့မျိုးစေ့တွေကအဆပေါင်းခြောက်ဆယ် ၊တစ်ချို့ကသုံးဆယ်အထိ တိုးပွားလာခဲ့ကြတယ်။ 9.ဒီပုံပြင်ကိုနားလည်ရင်ငါပြောခဲ့တဲ့စကားတွေကိုသေသေချာချာစဉ်းစားဆင်ခြင်ပါ”ဟု မိန့်တော်မူလေသည်။ 10ကိုယ်တော်ယေရှုထံသို့တပည့်များရောက်ရှိလာပြီး ‘လူတွေကို သွန်သင်တော်မူတဲ့အခါ ဘာကြောင့်ပုံဥပမာများကို အသုံးပြုပြောဆိုရပါသလဲ’ဟုမေးမြန်းလေသည်။ 11.ကိုယ်တော်က ‘နိဗ္ဗာန်ရွှေမြို့တော်ရဲ့ လျှို့ဝှက်ချက်တွေကို မင်းတို့ကို ရှင်းပြပြီးဖြစ်ပေမယ့်အခြားသူတွေကိုမရှင်းပြရသေးဘူး။ 12ဘုရားရှင်က ငါ သွန်သင်သမျှတို့ကိုလက်ခံတဲ့သူတွေကို ပိုပြီးနားလည်တဲ့အခွင့်ကိုပေးသနားမှာဖြစ်တဲ့အတွက် သူဟာဉာဏ်ပညာတွေကြွယ်ဝတဲ့သူဖြစ်လာလိမ့်မယ်။ဒါပေမယ့် ငါသွန်သင်သမျှ လက်မခံတဲ့သူဟာ သူ့ဆီမှာရှိတဲ့ဉာဏ်ပညာ နည်းနည်းလေးပါမကျန်အောင်ရုတ်သိမ်းတော်မူလိမ့်မယ်။ 13သူတို့ကို ဥပမာဆောင်ပြီးပြောရတဲ့အကြောင်းရင်းက သူတို့ဟာ ကြည့်ပေမယ့်မမြင်နိုင်၊ နားထောင်ပေမယ့် နားမလည်နိုင်တဲ့အတွက်ဖြစ်တယ်။ 14ပရောဖက်ဟေရှာယကျမ်းမှာဖော်ပြထားတဲ့အတိုင်း "သင်တို့သည် နားထောင်သော်လည်း နားလည်လိမ့်မည်မဟုတ်၊ ကြည့်သော်လည်း မြင်ကြရလိမ့်မည်မဟုတ်၊သို့သော် သင်တို့သည် ဆိုလိုရင်းအဓိပ္ပါယ်ကိုလည်း လေ့လာကြမည်မဟုတ်"ဆိုတဲ့ကျမ်းချက် ဟာပြည့်စုံမှန်ကန်နေခြင်းပင်ဖြစ်တယ်။ 15ဟေရှာ ယကျမ်းမှာ"လူတို့သည် တစ်ယူသန်များဖြစ်ကြသည်။ သူတို့၏နားဖြင့်ကြားသော်လည်းနားမလည်ကြ၊မျက်စိဖြင့်ကြည့်သော်လည်းအမှန်ကိုမမြင်နိုင်၊ထို့ကြောင့်စိတ်နှလုံးသားကိုလည်း မပြောင်းလဲနိုင်ကြ၊အကယ်၍သူတို့နောင်တသံဝေဂရပါကငါသည် သူတို့၏ဝေဒနာအားကုသပေးပါမည်’ လို့ဖော်ပြထားတယ်။ 16မင်းတို့ရဲ့ မျက်လုံးတွေမြင်နိုင်ပြီး နားတွေလည်း ကြားနေရတဲ့အတွက် မင်းတို့ မင်္ဂလာရှိတဲ့သူတွေဖြစ်တယ်။ 17မင်းတို့ကိုငါ အမှန်အကန်ပြောပြရမယ်ဆိုရင် ၊မင်းတို့မြင်ရတဲ့အရာတွေကို ပရောဖက်တွေနဲ့သူတော်ကောင်းအပေါင်းတို့ မြင်လိုကြပေမယ့်မမြင်နိုင်ကြဘူး၊ မင်းတို့ကြားတဲ့အရာတွေသူတို့ကြားချင်ပေမယ့်လည်းသူတို့မကြားရကြ။ 18အခုလယ်သမားပုံဥပမာရဲ့ အနက်အဓိပ္ပါယ်ကို နားထောင်ကြပါ။ 19.လမ်းမှာကျသွားတဲ့မျိုးစေ့ဆိုတာ ဘုရားရှင်ရဲ့တရားတော်တွေကိုနာကြားရပေမယ့်နားမလည်တဲ့သူနဲ့တူတယ်။ သူ့ရဲ့နှလုံးသားထဲမှာကြဲထားတဲ့တရားတော်မျိုးစေ့ တွေကို မကောင်းဆိုးဝါးကလာပြီး ဆွဲနှုတ်သွားတယ်။ 20ကျောက်ခံမြေသားပေါ်မှာကျရောက်သွားတဲ့မျိုးစေ့ဆိုတာ တရားတော်တွေကို နာကြားရတဲ့အခါ ချက်ခြင်းပင်ရွှင်လန်းဝမ်းမြောက်စွာနာခံသူနဲ့တူတယ်။ 21.ဒါပေမယ့်သူ့ရဲ့စိတ်နှလုံးမှာအမြစ်မစွဲတဲ့အတွက်ကြောင့် ခဏလေးသာ သည်းခံပြီးလက်ခံထားနိုင်တယ်။ သူတို့ရဲ့ ဘဝကိုခက်ခက်ခဲခဲရပ်တည်ရတဲ့အခါ ဒါမှမဟုတ် တရားတော်ကြောင့် ဒုက္ခတွေတွေ့ရတဲ့အခါ ချက်ချင်း အဲဒီတရားတော််တွေကို ပစ်ပယ်လိုက်ကြတယ်။ 22ဆူးခြုံအောက်ရောက်သွားတဲ့မျိုးစေ့ဆိုတာ တရားတော်တွေကိုနာကြားရပေမယ့်သူတို့ရဲ့စိုးရိမ်ကြောင့်ကြမှုတွေ ချမ်းသာလိုတဲ့ဆန္ဒတို့ကြောင့် တရားတော် မျိုးစေ့ကိုဖုံးဝှက်ခံရတဲ့သူနဲ့တူတယ်။သူတို့ဟာ ဘုရားရှင်ရဲ့အလိုတော်ကို မဆောင်ရွက်တဲ့အတွက်် တရားတော်ရဲ့အသီးအပွင့်တွေလည်း ဖြစ်ထွန်းမလာတော့ပေ။ 23.မြေဩဇာကောင်းမွန်တဲ့မြေကြီးပေါ်ကို ကျရောက်တဲ့မျိုးစေ့ ဆိုတာ တရားတော်ကို အား နာကြားရတာနဲ့နားလည်တဲ့သူတွေဖြစ်တယ်။သူတို့အတွက် တရားတော်ရဲ့အသီးအပွင့်တွေဟာ အဆပေါင်း တစ်ရာ၊ အဆပေါင်းခြောက်ဆယ်၊ အဆပေါင်းသုံးဆယ် လောက်ထိ ပွားများ လာတော့တယ်"ဟုမိန့်တော်မူလေသည်။ 24ကိုယ်တော်ယေရှုသည်တစ်ခြားသောပုံဥပမာများကို သူတို့အားရှင်းပြပြန်လေသည်။ "ဘုရားရှင်ရဲ့ သာသနာတော်ဆိုတာ "လယ်သမားက မြေဩဇာကောင်းတဲ့ လယ်မှာ ပျိုးကြဲပြီး ပေါက်လာတဲ့ပျိုးပင်နဲ့တူတယ်။ 25လူတိုင်းအိပ်ပျော်နေတဲ့အခါ သူ့ရန်သူတစ်ယောက်က လယ်ကွင်းထဲကိုလာပြီး ပေါင်းပင်မျိုးစေ့တွေ ကြဲပြီး ထွက်သွားတယ်။ 26ဂျုံပင် တွေပေါက်လာပြီး ဂျုံနှံတွေထွက်လာတဲ့အခါ ပေါင်းပင်တွေလည်းထွက်လာကြတယ်။ 27လယ်ပိုင်ရှင်ရဲ့အလုပ်သမားတွေလာပြီးသူ့ကို ‘ဆရာ ဒီလယ်ကွင်းထဲမှာ မျိုးကောင်းမျိုးသန့်တွေကိုသာကြဲထားတာမဟုတ်လား။ ဒီပေါင်းပင်တွေဘယ်ကရောက်လာကြပါသလဲ’ဆိုပြီးမေးမြန်းလိုက်တယ်။ 28အဲဒီအခါ လယ်သမားက ‘ဒါရန်သူတစ်ယောက် လက်ချက်ပဲ’ဟုပြန်လည်ဖြေဆိုလိုက်သည်။ သူ၏အလုပ်သမားများက ‘ကျွန်တော်တို့ ပေါင်းပင်တွေကို နှုတ်ပစ်လိုက်ရမလား’ ဟုထပ်မံမေးပြန်တယ်။ 29လယ်သမားက ‘မလုပ်နဲ့၊ မင်းတို့ပေါင်းပင်တွေကိုနှုတ်လိုက်ရင် ဂျုံပင်တွေကိုပါရောနှုတ်မိလိမ့်မယ်။ 30.ပေါင်းပင်တွေကို ဂျုံပင်တွေနဲ့အတူတူ ကောက်ရိတ်သိမ်းတဲ့အချိန်အထိ ဒီအတိုင်းထားလိုက်ပါ။ ကောက်ရိတ်ချိန်ရောက်မှ ကောက်ရိတ်သူတွေကို ပထမဆုံး ပေါင်းပင်တွေကို ရိတ်ခိုင်းပြီး မီးရှို့ဖျက်ဆီးခိုင်းမယ်။ ဒါပေမယ့်ဂျုံခင်းထဲကဂျုံတွေကို စုစည်းပြီးကျီထဲမှာလှောင်ထားပါ လို့မှာလိုက်မယ်" ဟူ၍ကိုယ်တော်ကမိန့်တော်မူလေသည်။ 31ကိုယ်တော်သည် သူတို့အား အခြားပုံပြင်တစ်ပုဒ်ကိုပြောပြလေ၏။" ဘုရားရှင်ရဲ့ သာသနာတော်ဟာ ဥယျာဉ်ခြံတစ်ခုမှာညောင်စေ့ စိုက်တာနဲ့တူတယ်။ 32.ညောင်စေ့ဟာအခြားမျိုးစေ့တွေထက်သေးငယ်ပေမယ့်အပင်ပေါက်ပြီးကြီးထွားလာတဲ့အခါ ခြံထဲမှာရှိတဲ့အခြားအပင်တွေထက် ကြီးထွားတယ်။ အဲဒီအပင်ရဲ့အကိုင်းအခက်တွေမှာကျေးငှက်သာရကာတွေအသိုက်အမြုံ လုပ်နိုင်ကြတယ်"ဟုမိန့်တော်မူလေသည်။ 33ကိုယ်တော်ထပ်မံပြောပြသည်မှာ "ဘုရားရှင်ရဲ့သာသနာတော်ဟာ အမျိုးသမီးတစ်ဦးက ဂျုံမုန့်နှစ် တစ်တင်းထဲကို တဆေးနဲ့ရောလိုက်တဲ့အခါ ဖောင်းကြွလာတဲ့မုန့်နှစ်နဲ့တူတယ်" ဟုမိန့်ဆိုခဲ့သည်။ 34ကိုယ်တော်ယေရှုသည်လူထုပရိသတ်တို့အား ဤအရာအားလုံးတို့ကို တရားဟောရာ၌ ပုံဥပမာ များဖြင့် ဟောပြောခဲ့သည်။ ပုံဥပမာမပါဘဲ မည်သည့်အကြောင်းအရာကိုမှ ဟောပြောခြင်းမရှိခဲ့ပါ။ 35‘ငါသည်ပုံဥပမာများဆောင်၍ဟောပြောတော်မူမည်။ ဤလောကကိုဖန်ဆင်းတော်မူချိန်ကစ၍ ကွယ်ဝှက်ထားခဲ့သမျှတို့ကို ဟောတော်မူမည်’ ဟူသော ပရောဖက် ပညာရှိတို့၏ကျမ်းချက်သည် အမှန်ပင်ဖြစ်လာလေသည်။ 36ကိုယ်တော်သည် လူအုပ်ကြီးကိုထားခဲ့ပြီး အိမ်ထဲသို့ဝင်သွားလေသည်။ သူ၏တပည့်များက သူ့ထံသို့လာ၍ ‘ကျွန်တော်တို့ကို ပေါင်းပင်ပုံဥပမာအကြောင်းရှင်းပြပေးပါ’ဟု လျှောက်ထားကြလေသည်။ 37.ကိုယ်တော်က ‘မျိုးကောင်းမျိုးသန့်များကို ကြဲသူမှာ ‘လူ့သားတော်’ဖြစ်တယ်။ 38.လယ်ကွင်းမှာဒီကမ္ဘာကြီးဖြစ်ပြီး မျိုးကောင်းမျိုးသန့်မှာ ဘုရားရှင်ရဲ့သားသမီးတွေကိုဆိုလိုတယ်။ ပေါင်းပင်မျိုးစေ့မှာ မာရ်နတ်ရဲ့ ယုတ်မာတဲ့သူတွေဖြစ်တယ်။ 39ပေါင်းပင်မျိုးစေ့ကိုကြဲသူမှာ မာရ်နတ်ဖြစ်တယ်။ ကပ်ကမ္ဘာကုန်ဆုံးချိန်ဟာ ရိတ်သိမ်းချိန်ဖြစ်တယ်။ရိတ်သိမ်းသူမှာ ဘုရားရှင်ရဲ့နတ်စေတမန် တွေဖြစ်ပြီးတော့သီးနှံတွေကို ရိတ်သိမ်းမယ့်သူတွေအဖြစ် ဥပမာပေးထားတာဖြစ်တယ်။ 40ပေါင်းပင်တွေကိုစုသိမ်းပြီး မီးရှို့ခံရမယ် ဆိုတာ ကပ်ကမ္ဘာကုန်ဆုံးချိန်မှာ မာရ်နတ်ရဲ့သားသမီးတွေဟာဒီလိုမီးရှိုံ့ဖျက်စီးတာခံရလိမ့်မယ်။ 41.‘လူ့သားတော်’ဟာ သူ့ရဲ့နတ်စေတမန်တွေကိုစေလွှတ်ပြီး အကုသိုလ်ဒုစရိုက်ကျူးလွန်သူများကို စုဝေးပြီးခေါ်ဆောင်လာလိမ့်မယ်။ 42ပြီးတော့သူဟာ အဲဒီလူတွေကို တောက်လောင်နေသောမီးထဲသို့ ပစ်ချလိုက်လိမ့်မယ်။လူအပေါင်းတို့လည်း အဲဒီနေရာမှာအံကြိတ်ပြီးငိုကြွေးနေရလိမ့်မယ်။ 43ဒါပေမယ့် သူတော်ကောင်းတွေကတော့ အဖဘုရားရှင်ရဲ့ရွှေမြို့တော်မှာ နေကဲ့သို့ ထွန်းလင်းတောက်ပနေပါလိမ့်မယ်။ နားရှိသူတို့ ကြားစေတော့’ဟူ၍ မိန့်တော်မူလေသည်။ 44နိဗ္ဗာန်ရွှေမြို့တော်ရဲ့ ဘုရားသာသနာဟာ လယ်ကွင်းမှာမြုပ်ထား တဲ့ရတနာသိုက်ကိုတွေ့ရှိခဲ့ပြီး ပြန်မြုပ်ထားသူနဲ့တူတယ်။သူဟာ အရမ်းပျော်ရွှင်သွားပြီး အဲဒီလယ်ကိုဝယ်ယူနိုင်ဖို့အတွက် သူ့မှာရှိသမျှ အရာအားလုံးကိုရောင်းချလိုက်တဲ့ အဖြစ်အပျက်နဲ့တူတယ်။ 45.နိဗ္ဗာန်ရွှေမြို့တော်ရဲ့ သာသနာတော်သည် ဒီလိုအဖြစ်အပျက်နဲ့လည်းတူသေးတယ်။ အဖိုးထိုက်တန်တဲ့ပုလဲတွေကိုရှာပြီးကုန်ကူးနေတဲ့ကုန်သည်နဲ့တူတယ်။ 46.အလွန်အဖိုးထိုက်တန်တဲ့ပုလဲတစ်လုံးကိုတွေ့တဲ့အခါ ကုန်သည်ဟာ အဲဒီပုလဲလုံးကို ဝယ်ယူဖို့အတွက် ရှိသမျှအားလုံး သွားရောင်းလိုက်ပြီးအဲဒီပုလဲကိုဝယ်လိုက်တော့တယ်။ 47နိဗ္ဗာန်ရွှေမြို့တော်ရဲ့သာသနာဟာ ပိုက်ကွန်နဲ့ရေအိုင်ထဲကို ကွန်ပစ်တာနဲ့တူတယ်။ကွန်ပစ်တဲ့အခါငါးအမျိုးမျိုးကိုဖမ်းမိတယ်။ 48.ပိုက်ကွန်မှာငါးတွေပြည့်လာတဲ့အခါ ကမ်းခြေကို ဆွဲတင်လိုက်ပြီး ငါးဖမ်းသမားတွေဟာထိုင်ပြီး ငါးအမျိုးအစားတွေကို ခွဲထုတ်ကြတယ်။ ကောင်းတဲ့ငါးတွေကိုရေပုံးထဲမှာထည့်ပြီး ညံ့တဲ့ငါးတွေကို အဝေးကိုလွှင့်ပစ်လိုက်တော့တယ်။။ 49ဒီအဖြစ်အပျက်လို ကပ်ကမ္ဘာကုန်ဆုံးချိန်မှာဖြစ်ပေါ်လာပါလိမ့်မယ််။နတ် စေတမန်တွေဟာ သူတော်ကောင်းထဲကသူယုတ်မာတွေကိုရွေးထုတ်ဖို့ လာကြလိမ့်မယ်။ 50.ပြီးတော့ သူယုတ်မာတွေကို တောက်လောင်နေတဲ့မီးပုံထဲကို ပစ်ချကြလိမ့်မယ်။ အဲဒီနေရာမှာသူတို့ဟာ အံကြိတ်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေကြရလိမ့်မယ်။ 51ကိုယ်တော်ယေရှုသည် သူ၏တပည့်တို့အား ‘ဤအကြောင်းအရာအားလုံးကို သင်တို့နားလည်ကြရဲ့လား’ဟုမေးရာ သူတို့က နားလည်ပါတယ်’ဟုပြန်လည်လျှောက်တင်ကြလေသည်။ 52.ထို့ကြောင့်ကိုယ်တော်သည် သူတို့အား ‘နိဗ္ဗာန်ရွှေမြို့တော်ရဲ့သာသနာတော်မှာ တပည့်ဖြစ်လာတဲ့သူတွေဟာ ဘဏ္ဍာတိုက်ကရတနာအသစ်၊အဟောင်းဟူသမျှတို့ကို ထုတ်ယူသူနဲ့တူတယ်’ ဟူ၍ မိန့်ကြား လိုက်လေသည်။ 53.ကိုယ်တော်သည် ပုံဥပမာများကို ပြောပြီးသောအခါထိုနေရာမှထွက်ခွါသွားလေသည်။ 54ထို့နောက် ကိုယ်တော်ယေရှုသည် သူ၏ဌာနေရင်းမြို့သို့ ဝင်၍ လူအပေါင်းတို့အား သူတို့၏ တရားဓမ္မာရုံများတွင်ဟောပြောသွန်သင်တော်မူလေသည်။လူတို့သည် အလွန်အံ့ဩကြပြီး “သူဟာဒီလိုအသိပညာတွေနဲ့ထူးဆန်းအံ့ဩဖွယ်ရာတန်ခိုးတွေကို ဘယ်နေရာကရလာသလဲ၊ 55.သူဟာလက်သမားရဲ့သား မဟုတ်ဘူးလား၊ သူ့အမေက မာရိမဟုတ်ဘူးလား၊ သူ့ညီတွေက ယာကုပ် ယောသပ်၊ ရှိမုန်နှင့် ယုဒတို့မဟုတ်ဘူးလား၊ 56.သူ့ရဲ့ညီမတွေ ဒီမြို့မှာပဲ နေထိုင်နေကြတုန်း မဟုတ်ဘူးလား၊ ဘယ်နေရာကနေ ဒီတန်ခိုးတွေနဲ့အသိပညာတွေရလာတာလဲ’ဟု အချင်ချင်းမေးမြန်းကြလေသည်။ 57သူတို့သည် ကိုယ်တော့်မှာရှိသောအခွင့်အာဏာတို့ကိုတွေ့ရသော်လည်း လက်မခံနိုင်ကြပေ။ သို့သော်ကိုယ်တော်က "ပညာရှိပရောဖက်ဟာ သူ့ရဲ့ဌာနေရင်းနဲ့သူ့မိသားစုကလွဲလို့ ဘယ်နေရာမှာမဆိုဂုဏ်ပြုချီးမွမ်းခြင်းခံရတယ်" ဟူ၍မိန့်တော်မူလေသည်။ 58.ထို့ပြင်လူတို့သည် ကိုယ်တော်ယေရှုအား မယုံကြည်ကြသဖြင့် ထူးဆန်းအံ့ဩဖွယ်ရာအမျိုးမျိုးတို့ကိုထိုမြို့တွင်မ ပြုလုပ်ခဲ့ပေ။
Attualmente Selezionati:
Matthew 13: TPV-RV
Evidenzia
Condividi
Copia

Vuoi avere le tue evidenziazioni salvate su tutti i tuoi dispositivi?Iscriviti o accedi
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: