Logo YouVersion
Icona Cerca

Matthew 14

14
1ထိုအချိန်တွင် ဟေရုဒ်ဘုရင်သည် ကိုယ်တော်ယေရှု၏ သတင်းတို့ကို ကြားသိတော်မူ၍ 2.သူ၏အရာရှိတို့အား ‘ဒီလူဟာရေနစ်မင်္ဂလာဆရာယောဟန်ပဲဖြစ်ရမယ်၊ သူဟာသေရာမှပြန်ရှင်လာတာဖြစ်ရမယ်။ ဒါကြောင့်သူရဲ့ဘုန်းတန်ခိုးတွေနဲ့ ဒီထူးဆန်းအံ့ဩဖွယ်ရာများကို ပြုလုပ်ခြင်းဖြစ်တယ်’ဟူ၍ပြောဆိုလေသည်။ 3ဟေရုဒ်ဘုရင်သည် ယောဟန်အားဦးစွာကပင် ဖမ်းဆီး၍ သံကြိုးခတ်ကာ အကျဉ်းချထားခဲ့သည်။ 4.အဘယ်ကြောင့်ဆိုသော် သူသည်ဘုရင်အား ‘ဟေရောဒိသည် သင့်ညီ၏ဇနီးဖြစ်သောကြောင့် မသိမ်းယူသင့်’ဟုတားမြစ်ခဲ့သောကြောင့်ဖြစ်သည်။ ဟေရောဒိသည် သူ၏ညီဖြစ်သူ ဖိလစ်၏ဇနီဖြစ်သည်။ 5.ဟေရောဒိသည် ယောဟန်အား အသေသတ်လိုခဲ့သည်။ သို့ရာတွင် တိုင်းသူပြည်သားများသည် ယောဟန်အား ပညာရှိပရောဖက်ဟု သိထားကြသောကြောင့် ဟေရောဒိသည် ထိုတိုင်းသူပြည်သားတို့ကိုကြောက်ရွံ့၍ မသတ်ဝံ့ချေ။ 6ဘုရင်ဟေရုဒ်၏မွေးနေ့သို့ရောက်သောအခါ ဟေရောဒိ၏သမီးတော်သည် ကပြဖျော်ဖြေ၏။ သူမသည် ဘုရင်ဟေရုဒ်အား အလွန်တရာနှစ်သက်ကြည်နူးစေခဲ့သည်။ 7.ထို့ကြောင့်သူမအလိုရှိသော မည်သည့်အရာကိုမဆိုပေးမည်ဟု ကတိပြုလေသည်။ 8သို့ရာတွင်မိန်းကလေး၏ မိခင်ဖြစ်သူကတိုက်တွန်းသောကြောင့် သူမက ‘ဒီလင်ဗန်းပေါ်မှာတင်ထားတဲ့ယောဟန်ရဲ့ဦးခေါင်းကို လိုချင်ပါတယ်’ဟု တောင်းဆိုလိုက်လေတော့သည်။ 9.ဘုရင်သည် သူပြောခဲ့သောစကားအတွက် များစွာစိတ်မချမ်းမသာဖြစ်သွားခဲ့ရသည်။ သို့သော်လည်း ဧည့်သည်တော်များရှေ့တွင် မိမိပေးသောကတိစကားကို မချိုးဖောက်လိုပေ။ ထို့ကြောင့်သူသည် ကိုယ်ရံတော် တစ်ဦးအား သူမတောင်းဆိုတဲ့အတိုင်းလုပ်ပေးရန်အမိန့်ပေးခဲ့လေသည်။ 10ထိုသူကလည်းအကျဉ်းသားယောဟန်၏ ဦးခေါင်းကိုဖြတ်ပြီးယူလာရန် စစ်သားများအားစေခိုင်းလိုက်သည်။ 11.ထိုယောဟန်၏ဦးခေါင်းကို လင်ဗန်းပေါ်တွင်တင်၍ မိန်းကလေးထံ ပေးအပ်ခဲ့လေသည်။ထိုမိန်းကလေးသည်လည်း သူမ၏မိခင်အား ယောဟန်၏ဦးခေါင်းကို ပေးအပ်လိုက်လေသည်။ 12.ယောဟန်၏နောက်လိုက်များသည် သူ၏ကိုယ်ခန္ဓာအား ယူဆောင်လာပြီး သင်္ဂြိုလ်ခဲ့ကြလေသည်။ ထို့နောက်သူတို့သည် ထိုအဖြစ်အပျက်တို့အား ကိုယ်တော်ယေရှုအားလျှောက်တင်ခဲ့ကြလေသည်။ 13ကိုယ်တော်သည် ယောဟန်အကြောင်းကို ကြားရပြီးနောက် သူသည်ဂါလိလဲရေအိုင်ကို ကူးဖြတ်လာခဲ့ပြီး ဆိတ်ငြိမ်ရာအရပ်သို့ကြွတော်မူလေ၏။ သို့ရာတွင် လူထုပရိသတ်တို့သည် ကိုယ်တော်ထွက်သွားသည်ကိုတွေ့လျှင် မြို့မှခြေကျင်ခရီးဖြင့် သူ့နောက်သို့လိုက်လာခဲ့ကြသည်။ 14.ကိုယ်တော်ယေရှုလှေပေါ်မှဆင်းလာသောအခါ ကြီးမားသောလူထုပရိသတ်ကို တွေ့လိုက်ရလေသည်။ ကိုယ်တော်သည် သူတို့အတွက်စိတ်မကောင်းဖြစ်သွားပြီး နေမကောင်းသူတိုင်းအား ကုသပေးတော်မူလေသည်။ 15ထိုနေ့ညနေစောင်းတွင် တပည့်များသည် ကိုယ်တော်ထံသို့လာရောက်ပြီး "ဒီနေရာဟာ တောကန္တာရနဲ့တူပြီး အချိန်လည်းနှောင်းနေပါပြီ။ ပရိသတ်တွေကို စားစရာဝယ်ဖို့ ကျေးရွာထဲကိုစေလွှတ်တော်မူပါ’ ဟုလျှောက်တင်ကြလေသည်။ 16ကိုယ်တော်က ‘သူတို့သွားစရာမလိုဘူး၊ မင်းတို့သူတို့ကိုပေးဖို့ စားစရာတွေပေးလိုက်ပါ’ဟုပြောရာ 17.သူတို့က ‘ကျွန်တော်တို့မှာ ပေါင်မုန့်အသေးငါးလုံးနှင့် ငါးနှစ်ကောင်ပဲရှိပါတယ်’ဟုဖြေကြလေသည်။ 18.ကိုယ်တော်ကသူ့တပည့်တို့အား "ပေါင်မုန့်နဲ့ငါးကို ဒီကိုယူလာခဲ့"ဟူ၍မိန့်တော်မူလိုက်လေသည်။ 19သူသည်လူထုပရိသတ်တို့ကို မြက်ခင်းပေါ်၌ထိုင်စေသည်။ ကိုယ်တော်သည်ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူလာခဲ့သည်။ သူသည်နိဗ္ဗာန်ရွှေမြို့တော်သို့ ရည်မှန်း၍ အစားအစာများကို ကောင်းချီးပေးသနားရန် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းလေသည်။ ပြီးလျှင်သူသည် ပေါင်မုန့်များအားဖဲ့၍ သူ၏တပည့်တို့အား ပေးအပ်ခဲ့ပြီး သူတို့သည်လည်း လူတို့အားဝေငှပေးလေသည်။ 20.လူတိုင်း သူတို့စိတ်ကြိုက်အားလုံးစားသောက်ပြီးနောက် ကိုယ်တော်၏တပည့်များက စားကြွင်းစားကျန်များအား ကောက်ယူသိမ်းဆည်းရာ တောင်းကြီးတစ်ဆယ့်နှစ်တောင်း ပြည့်လျှံအောင်ရကြလေသည်။ 21.ထိုနေရာတွင် မိန်းမများနှင့် ကလေးများအားရေတွက်ခြင်းမပြုဘဲ ယောက်ျားဦးရေ သက်သက်မှာ လူပေါင်းငါးထောင်ခန့်ရှိလေသည်။ 22ကိုယ်တော်သည် တပည့်တို့ကို လှေပေါ်သို့ ချက်ခြင်းတက်စေ၍ ရေအိုင်သို့စတင်ဖြတ်ကူးပြီး ပြန်စေသည်။ 23.ထို့နောက် သူတစ်ဦးတည်းသာတောင်ပေါ်သို့ ကြွတော်မူပြီး ဆုတောင်းတော်မူလေသည်။ ညနေမိုးချုပ်သည်အထိ ထိုနေရာတွင် နေတော်မူလေသည်။ 24.ဤအချိန်တွင် တပည့်တော်တို့၏လှေသည် ကမ်းခြေမှများစွာကွာဝေးသွားပြီးဖြစ်သည်။ ထိုလှေသည် လေဆန်ကိုကျော်ဖြတ်နေရသောကြောင့် လှိုင်းတံပိုးများ ရိုက်ခတ်လျက်ရှိလေသည်။ 25မိုးသောက်ယံအချိန်တွင် ကိုယ်တော်ယေရှုသည် သူ့တပည့်များဆီသို့ ရေပေါ်တွင်လမ်းလျှောက်၍ ကြွလာ၏။ 26.သူတို့သည် ထိုသို့မြင်တွေ့သောအခါ တစ္ဆေသရဲတစ်ကောင်လာနေသည်ဟု ထင်နေကြသည်။ သူတို့သည်ထိတ်လန့်တုန်လှုပ်သွားကြသည်။ 27.တစ်ချိန်တည်းမှာပင် ကိုယ်တော်ကသူတို့အား ‘မစိုးရိမ်ကြပါနဲ့ ငါဟာကိုယ်တော်ယေရှုပဲ၊ မကြောက်ကြပါနဲ့’ဟုမိန့်တော်မူရာ 28ပေတရုက ‘အရှင်၊ တပည့်တော်ကို ကိုယ်တော်ထံသို့ ရေပေါ်မှာလမ်းလျှောက်လာပါလို့ အမိန့်ပေးတော်မူပါ’ဟု ပြန်လည်လျှောက်တင်လေသည်။ 29.ကိုယ်တော်က ‘လာခဲ့’ဟု အမိန့်ပေးလိုက်ရာ ပေတရုက လှေပေါ်မှဆင်းပြီး ကိုယ်တော်ထံသို့ ရေပေါ်မှလျှောက်လှမ်း၍ကိုယ်တော်ထံသို့သွားလေသည်။ 30.သို့သော်ပေတရုသည် လေပြင်းတိုက်သည်ကို မြင်ရသောအခါတွင် ကြောက်လန့်သွားပြီး နစ်မြုပ်လေသည်။ ထို့ကြောင့် ‘ကယ်တော်မူပါအရှင်’ ဟုအော်လိုက်လေသည်။ 31ချက်ခြင်းပင် ကိုယ်တော်သည် သူ၏လက်တော်ကို ဆန့်ထုတ်၍ ပေတရုကို ဆွဲကိုင်၍ဆယ်ယူလိုက်ပြီး ‘သင့်မှာ ယုံကြည်ခြင်းအားနည်းနေသေးတယ်၊ ဘာကြောင့် သံသယရှိနေသေးတာလဲ’ဟု မေးလိုက်လေသည်။ 32.ကိုယ်တော်ယေရှုနှင့် ပေတရုတို့သည် လှေထဲသို့ဝင်လိုက်သောအခါ လေလည်းငြိမ်သက်သွားတော့၏။ 33.လှေသမားတို့သည် ကိုယ်တော်ကို ‘အရှင်ဘုရားသည် အမှန်စင်စစ် ဘုရားသားတော်ဖြစ်ပါတယ်’ဟု ဦးညွှတ်ရှိခိုးလျက်လျှောက်တင်ကြလေသည်။ 34ကိုယ်တော်နှင့်သူ၏တပည့်များသည် ရေအိုင်ကိုဖြတ်ကူးပြီး ဂင်နေသရက်ကမ်းခြေသို့ ဆိုက်ရောက်လာခဲ့သည်။ 35.ကိုယ်တော်ထိုနေရာ၌ ရှိသည်ကို လူအများသိရှိသွားသောအခါတွင် ထိုတိုင်းပြည်ဘက်ခြမ်းရှိ လူတို့ထံသို့ သတင်းဖြန့်ဝေလိုက်ကြသည်။ ထို့ကြောင့် နေမကောင်းသူများအားလုံးအား ကိုယ်တော်ယေရှုထံသို့ ခေါ်ဆောင်လာခဲ့ကြသည်။ 36.သူတို့သည်ကိုယ်တော်၏ ဝတ်ရုံတော်အားတို့ထိခွင့်တောင်းကြသည်။ ထိုသို့တို့ထိခွင့်ရသူအားလုံး ကျန်းမာသွားကြလေသည်။

Attualmente Selezionati:

Matthew 14: TPV-RV

Evidenzia

Condividi

Copia

None

Vuoi avere le tue evidenziazioni salvate su tutti i tuoi dispositivi?Iscriviti o accedi