Matthew 15
15
1ဤအချိန်တွင် အချို့သော ဖာရိရှဲနှင့် မောရှေဥပဒေကျမ်းတတ်ဆရာများသည် ယေရုရှလင်မြို့မှ လာကြလေသည်။ သူတို့သည် ကိုယ်တော်အားမေးမြန်းကြပုံမှာ 2.‘အရှင်ရဲ့တပည့်တွေဟာ ဘာကြောင့်ရှေးလူကြီးတွေရဲ့ထုံးတမ်းစဉ်လာတွေကို မလိုက်နာကြပါသလဲ။ သူတို့ဟာ အစာမစားမှီလက်ကိုပင်မဆေးကြချေ’ဟု လျှောက်တင်လေသည်။ 3.ကိုယ်တော်ပြန်လည်ဖြေကြားပုံမှာ ‘ခင်ဗျားတို့ဘာကြောင့် ဘုရားရှင်ရဲ့ ပညတ်တော်ကို ပစ်ပယ်ပြီး မိမိတို့ရဲ့ထုံးတမ်းစဉ်လာတွေကို လိုက်နာကြပါသလဲ၊ 4ဘုရားရှင်ရဲ့ပညတ်တော်မှာ' မိဘများကို ရိုသေပါ။မိဘကို ကျိန်ဆဲသောသူကို သေဒဏ်ပေးရမည်'လို့ ပညတ်ထားခဲ့တယ်။ 5ဒါပေမယ့် ခင်ဗျားတို့ကလူတွေကို "အဖေနဲ့အမေ ကိုထောက်ပံ့မယ့်ပစ္စည်းတွေကို အခု ကျွန်တော် ဘုရားကိုလှူလိုက်ပြီ"လို့ မိ ၊ဖ တွေကို ပြောခွင့်ရှိတယ် လို့ မှာထားကြတယ်။ 6.သူဟာ မိ၊ ဖကို ထောက်ပံ့ရန်မလို လို့ မှာထားကြတယ်။ဒီနည်းလမ်းဟာ မိမိတို့ရဲ့ ထုံးတမ်းစဉ်လာတွေကို လိုက်နာစေဖို့အတွက် ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကို ပစ်ပယ် ခြင်းပဲဖြစ်တယ်။ 7သူတော်ကောင်းယောင်ဆောင်သူတို့၊မင်းတို့နဲ့ပက်သက်လို့ ပရောဖက်ဟေရှာယရေးသားထားတာကတော့ 8.‘သင်တို့သည် ငါ့အားနှုတ်ဖြင့်ချီးမွမ်းကြသော်လည်း ငါ့အကြောင်းကို ဘယ်သောအခါမှ အမှန်တကယ်မတွေးတောကြ၊ 9.သို့ဖြစ်၍ သင်တို့သည် လူတို့ပြုလုပ်ထားသော ပညတ်တရားကို သင်တို့သင်ကြားပြီး ငါ့အားကိုးကွယ်နေကြခြင်းသည် အချဉ်းအနှီးပင်ဖြစ်သည်။"ဆိုပြီးဖော်ပြထားကြတယ်။ 10ကိုယ်တော်သည် လူထုပရိသတ်တို့အား ခေါ်ဆောင်ပြီး ‘ငါပြောတဲ့စကားတွေကို နားထောင်ပြီးကို နားလည်ရန်ကြိုးစားကြပါ။ 11ပါးစပ်က စားလိုက်တဲ့အစားအစာကြောင့် လူတွေကို မညစ်ပတ်စေနိုင်ဘူး၊ ပါးစပ်က ထွက်တဲ့စကားတွေကသာ လူတွေကိုညစ်ညမ်းစေနိုင်တယ်"ဟုမိန့်တော်မူလေသည်။ 12ထို့နောက် တပည့်တော်များသည်ကိုယ်တော်ထံသို့လာ၍ ‘အရှင်မိန့်တော်မူလိုက်တဲ့စကားတွေကြောင့် ဖာရိရှဲတို့အရှင့် ကို စိတ်ဆိုးသွားကြတာကို သိပါသလား’ဟု မေးမြန်းကြ၏။ 13.ကိုယ်တော်က "နိဗ္ဗာန်ရွှေမြို့တော်က အဖဘုရားမစိုက်ပျိုးတဲ့အပင်တိုင်းဟာ အမြစ်က ဆွဲနှုတ်ခြင်းခံရလိမ့်မယ်။ 14သူတို့ကို ဂရုမစိုက်ပါနဲ့၊သူတို့ဟာ မျက်မမြင်တွေကို မျက်စိကန်းနေသူက ခေါင်းဆောင်လမ်းပြနေတာနဲ့တူတယ် ။ သူတို့အားလုံး တွင်းထဲထိုးကျသွားကြပါလိမ့်မယ်။ 15ပေတရုက "ဒီပုံဥပမာ ကို ကျွန်တော်တို့ကိုရှင်းပြတော်မူပါ" ဟုလျှောက်တင်ကြလေ၏။ 16.ထိုအခါကိုယ်တော်က ‘ခုထက်ထိငါပြောခဲ့တဲ့ အကြောင်းအရာတွေကို မင်းတို့နားမလည်ဘူးလား" 17.မင်းတို့ပါးစပ်ကစားလိုက်တဲ့အစားအစာတွေဟာ ခံတွင်းကနေတစ်ဆင့် အစာအိမ်ထဲကို ရောက်လာပြီး အိမ်သာမှာစွန့်ပစ်လိုက်ကြတယ်မဟုတ်လား၊ 18ဒါပေမဲ့ ပါးစပ်ကထွက်လာတဲ့ စကားလုံးတွေဟာ စိတ်နှလုံးထဲက ထွက်လာခြင်းဖြစ်တယ်။ ဒီ အရာတွေကသာ လူတွေကို ညစ်ညမ်းစေနိုင်တယ်။။ 19.လူ့အသက်ကို သတ်ခြင်း၊ သူ့အိမ်ရာကို ပြစ်မှားခြင်း၊ကာမဂုဏ်လိုက်စားခြင်း၊သူတစ်ပါးဥစ္စာခိုးယူခြင်း ၊မမှန်သောသက်သေထွက်ဆိုခြင်း၊ သူ့အသရေကိုဖျက်ခြင်း အစရှိတဲ့ ညစ်ညမ်းတဲ့အကြံအစည်တွေဟာလည်း စိတ်နှလုံးထဲကထွက်လာခြင်းဖြစ်တယ်။ 20ဒီအရာတွေကသာ လူတွေကို ညစ်ညမ်းစေနိုင်တယ်။ လက်မဆေးဘဲ စားလို့ လူတွေကိုမညစ်ညမ်းစေနိုင်ဘူး။ 21ကိုယ်တော်သည်ဆက်လက်ထွက်ခွါလာရာ တုရုနှင့်ဇိဒုန်နယ်အနီးတစ်ဝိုက်တွင်ရှိသောမြို့များသို့ ကြွရောက်တော်မူလေသည်။ 22.ရုတ်တရက် ထိုဒေသမှ ခါနန်အမျိုးသမီးတစ်ယောက်သည် ‘ဒါဝိဒ်၏သားတော် အရှင်ဘုရား ကျွန်မကိုသနားတော်မူပါ။ ကျွန်မသမီးမှာ မကောင်းဆိုးဝါးတွေ ပူးဝင်နေပါတယ်”ဟုဟစ်အော်လာခဲ့၏။ 23.ကိုယ်တော်က မည်သို့မှမဖြေကြားဘဲနေ၏။ သို့သော် အမျိုးသမီးကြီးသည် ကိုယ်တော်၏နောက်ကလိုက်၍ လမ်းတောက်လျှောက်အော်ပြီးလိုက်ပါလာ၏။ ထို့ကြောင့်သူ၏တပည့်တော်များသည် ကိုယ်တော်ထံသို့ရောက်လာပြီး ‘ ဒီအမျိုးသမီး ဟာ ကျွန်တော်တို့နောက်က အော်ဟစ်ပြီးလိုက်နေပါတယ်၊သူ့ကို နှင်ထုတ်လိုက်ရမလား’ဟု မေးလေ၏။ 24ကိုယ်တော်က ‘ငါဟာ ပျောက်ဆုံးနေတဲ့ သိုးစုများဖြစ်တဲ့ဣဿရေလ လူမျိုးတို့အတွက်သာ ကြွလာခြင်းဖြစ်တယ်”ဟု မိန့်တော်မူလေ၏။ 25.အမျိုးသမီးကြီးသည် ကိုယ်တော်ယေရှု ရှေ့မှောက်သို့လာ၍ ဒူးထောက်ပျပ်ဝပ်လျှက် "အရှင် ကျွန်မကို ကယ်တော်မူပါ" ဟုတောင်းပန်လေသည်။ 26.ကိုယ်တော်က ‘သားသမီးတို့ဆီက အစားအသောက်တွေကို ခွေးတွေကို မကျွေးအပ်’ ဟုပြန်၍ မိန့်တော်မူလေသည်။ 27ထိုအမျိုးသမီးက '‘မှန်ပါတယ်အရှင်၊ ခွေးတွေတောင် သခင်ရဲ့စားပွဲပေါ်ကကျတဲ့ စားကြွင်းစားကျန်တွေကို စားရပါတယ်'’ ဟုလျှောက်တင်လေသည်။ 28.ထိုအခါ ကိုယ်တော်က "အမျိုးသမီး မင်းရဲ့ယုံကြည်မှုပြင်းပြတဲ့အတွက်ကြောင့် မင်းဆန္ဒအတိုင်း ဖြစ်စေ'’ဟု မိန့်တော်မူလေသည်။ ထိုခဏမှာပင် ထိုအမျိုးသမီး၏သမီး ရောဂါသည်ပျောက်ကင်းသွားလေတော့သည်။ 29ကိုယ်တော်သည် ထိုအရပ်မှ ဂါလိလဲကမ်းခြေအတိုင်းကြွရောက်တော်မူလေသည်။ ထို့နောက်သူသည် တောင်ကုန်းတစ်ခုပေါ်သို့တက်၍ ထိုင်နေလေသည်။ 30.လူထုပရိသတ်များသည် ခြေလက်မသန်စွမ်းသူများ၊ မျက်မမြင်များ၊ လေဖြတ်သူများ၊ ဆွံ့အသူများအမြောက်အများကို ခေါ်ဆောင်လာခဲ့သည်။ ထို့နောက်လူတို့သည်ကိုယ်တော်၏ ခြေရင်း ၌ပျပ်ဝပ်လျှက်နေသောအခါကိုယ်တော်သည်ထိုသူတို့၏အနာရောဂါများကိုငြိမ်းစေ၏ 31.လူတိုင်းသည် သူတို့မြင်ရကြားရသော အရာများအား အံ့အားသင့်နေကြသည်။ မည်သည့်အခါမှ စကားမပြောနိုင်သူများမှာ စကားပြောနိုင်လာကြသည်။ လေဖြတ်သူများမှာ ကောင်းသွားကြပြီး ခြေလက်မသန်စွမ်းသူများ ပြန်လည်လမ်းလျှောက်လာကြပြီး မျက်မမြင်တို့သည်လည်း မျက်စိမြင်လာကြသည်။ လူတိုင်းသည် ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်များကိုချီးကျုးကြလေသည်။ 32ကိုယ်တော်ယေရှုသည် တပည့်တော်တို့အား အတူတစ်ကွ ခေါ်ဆောင်တော်မူ၍ '‘ဒီလူတွေဟာ ကိုယ်တော်နဲ့အတူ သုံးရက်တိုင်တိုင်နေခဲ့ကြတယ်။ သူတို့မှာအစားအစာတွေ မရှိတော့တဲ့အတွက် သူတို့ကိုငါသနားတယ်။ သူတို့ကိုဘာမှ မကျွေးဘဲ အိမ်ပြန်လွှတ်လိုက်ရင် လမ်းမှာအာဟာရပြတ်ပြီး မူးမေ့သွားနိုင်တယ်'’ ဟုမိန့်တော်မူလေသည်။ 33.ထိုအခါ တပည့်တော်များက "ဒီလိုတောကန္တာရကြီးမှာ ဒီလောက်များတဲ့လူတွေကို လောက်ငှအောင်ကျွေးဖို့ အစားအစာတွေကို ဘယ်နေရာက ရှာရပါမလဲ'’ ဟုလျှောက်တင်ကြလေသည်။ 34.ကိုယ်တော်က ‘'မင်းတို့ဆီမှာ ပေါင်မုန့်ဘယ်နှစ်လုံး ရှိသလဲ"ဟုမေးလေသည်။သူတို့က '‘ပေါင်မုန့်ခုနှစ်လုံးနဲ့ငါးနည်းနည်းရှိပါတယ်'’ ဟုပြန်လည်လျှောက်တင်လိုက်ကြသည်။ 35.ကိုယ်တော်သည် လူထုပရိသတ်တို့အား မြေကြီးပေါ်တွင် ထိုင်ခိုင်းလိုက်လေသည်။ 36သူသည် ပေါင်မုန့်ခုနှစ်လုံးနှင့်ငါးတို့ကိုယူ၍ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များကို ချီးမွမ်းလေသည်။ထို့နောက်သူသည် ပေါင်မုန့်နှင့် ငါးများကိုဖဲ့၍ တပည့်တို့အား ပေးတော်မူလေသည်။ ထိုတပည့်တို့သည်လည်း လူထုပရိသတ်တို့အား တစ်ဆင့်ပေးဝေကြလေသည်။ 37.လူပရိသတ်တို့သည် မိမိတို့စိတ်ကြိုက်အဝစားပြီး၍ ကျန်သောအစားအစာများမှာ ခြင်းတောင်းကြီးခုနှစ်တောင်းပြည့်သွားသည်။ 38.စားသုံးသူများမှာ မိန်းမများနှင့်ကလေးကို ထည့်မတွက်ဘဲ ယောက်ျားဦးရေ လေးထောင်ခန့်ရှိလေသည်။ 39.ထို့နောက်ကိုယ်တော်သည် လူတို့အား ပြန်လွှတ်လိုက်ပြီးလျှင် ကိုယ်တော်ကမူ လှေကိုရွက်လွှင့်၍ ဂါလိလဲရေအိုင်ကို ဖြတ်ကူးပြီး မာဂဒါလမြို့အနီးရှိ ကမ်းခြေသို့ ကြွတော်မူလေသည်။
Attualmente Selezionati:
Matthew 15: TPV-RV
Evidenzia
Condividi
Copia

Vuoi avere le tue evidenziazioni salvate su tutti i tuoi dispositivi?Iscriviti o accedi
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.