Matthew 7
7
1သူတစ်ပါးကို အ ပြစ်တင်ရှုံ့ချခြင်းမလုပ်ရင်ဘုရားရှင်ကလည်း မင်းကိုအပြစ်တင်ရှုံ့ချမှာ မဟုတ်ဘူး။ 2.တစ်ခြားသူအပေါ်ပြစ်တင်ရှုံ့ချတဲ့နည်းလမ်း အတိုင်း ဘုရားရှင်ကလည်း မင်းကို စီရင်ပါလိမ့်မယ်။တစ်ခြားသူတွေကို ပြုမူဆက်ဆံကြတဲ့အတိုင်း မင်းတို့အပေါ်မှာလည်း ဘုရားရှင်က တိုင်းတာ သတ်မှတ်ပါလိမ့်မယ်။ 3မင်းဟာ မင်း ညီအစ်ကိုတွေရဲ့မျက်လုံးထဲက ကောက်ရိုးမျှင်လောက်ရှိတဲ့ မျက်ချေးသေးသေးလေးကို မြင်ပေမယ့် မင်းမျက်လုံးထဲက သစ်တုံးလောက်ကြီးတဲ့ မျက်ချေးအကြီးကြီး ကိုမမြင်နိုင်ကြဘူး။ 4.မင်းမျက်လုံးထဲက သစ်တုံးလောက်ရှိတဲ့မျက်ချေးကြီးကိုမဖယ်မထုတ်ဘဲ ‘မင်းမျက်စိထဲကမျက်ချေးကို ငါသုတ်ပေးမယ်’လို့ ဘယ်လိုပြောလို့ရမလဲ။ 5မင်းတို့တွေဟာ မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးတွေဘဲ၊ပထမဆုံးမင်းတို့ရဲ့မျက်စိထဲက သစ််တုံးလောက်ရှိတဲ့မျက်ချေးတွေကို ဖယ်ထုတ်ပြီးမှသာ မင်းညီ အစ်ကိုတွေရဲ့ မျက်စိထဲကကောက်ရိုးမျှင်လောက်ရှိတဲ့မျက်ချေးကို သုတ်ပေးလို့ရမယ်။ 6မွန်မြတ်တဲ့အသုံးအဆောင်တွေကို ခွေးတွေကိုမပေးပါနဲ့၊ အဲဒီခွေးကကျွေးတဲ့လက်ကို ပြန်ကိုက်ပါလိမ့်မယ်။ ဝက်ရဲ့ရှေ့မှာ လှပတဲ့ပုလဲရတနာကို ပစ်မချပါနဲ့၊ ဝက်တွေဟာ ထိုပုလဲရတနာကို နင်းခြေဖျက်ဆီးပစ်ပါလိမ့်မယ်။ 7တောင်းပါ၊ တောင်းရင် ပေးလိမ့်မယ်။ ရှာဖွေပါ၊ ရှာရင်တွေ့လိမ့်မယ် ။ တံခါးခေါက်ပါ၊ခေါက်ရင် တံခါးဖွင့်ပေးလိမ့်မယ်။ 8.တောင်းတဲ့သူတွေ ရကြလိမ့်မယ်။ရှာတဲ့သူတွေတွေ့ကြလိမ့်မယ်။ တံခါးခေါက်သူတိုင်း ကို တံခါးဖွင့်ပေးလိမ့်မယ်။ 9. မင်းတို့အထဲမှာ သားသမီးတွေ ဆာလောင်လို့ စားစရာ တောင်းကြရင် ကျောက်ခဲကို ပေးမယ့်သူ၊ 10ငါးကိုတောင်းရင် မြွေကိုပေးမယ့်သူတွေရှိကြသလား။ 11မင်းတို့ဟာ ဆိုးသွမ်းတဲ့မိဘတွေဖြစ်ပေမယ့် မင်းတို့ရဲ့ သားသမီးတွေကို ကောင်းမွန်တဲ့ဆုလက်ဆောင်တွေကိုသာ ပေးတတ်ကြတယ်။ နိဗ္ဗာန်ရွှေမြို့တော်မှာရှိတဲ့အဖဘုရားကလည်း တောင်းခံတဲ့သူတွေအားလုံးကို ကောင်းမွန်တဲ့ အရာတွေကိုသာ ပေးမှာသေချာတယ် မဟုတ်လား။။ 12မင်းတို့ဟာ မိမိတို့အပေါ်မှာပြုမူဆက်ဆံစေလိုတဲ့အတိုင်း သူတစ်ပါးကို လည်း ပြုမူဆက်ဆံကြပါ။ဒီအရာတွေဟာ ပညတ်ကျမ်းများနဲ့ပရောဖက်တွေရဲ့သွန်သင်ချက် တွေပဲဖြစ်တယ်။ 13ကျဉ်းမြောင်းတဲ့တံခါးပေါက် ကိုသာ ဝင်ကြပါ။ လူတွေကိုသေကြေပျက်စီးခြင်းရောက်စေတတ်တဲ့ တံခါးပေါက်ဟာ ကျယ်ဝန်းတဲ့အတွက် ထိုလမ်းကိုလျှောက်တဲ့သူ များတယ်။ 14.ဒါပေမယ့် အသက်ကို ရစေနိုင်တဲ့နိဗ္ဗာန်ရွှေမြို့တော်ရဲ့တံခါးပေါက်ကတော့ ကျဉ်းမြောင်းတဲ့အတွက် လျှောက်လှမ်းရတဲ့သူတွေ အလွန်ခက်ခဲတယ်။ဒါကြောင့်နိဗ္ဗာန်ရွှေမြို့တော်ရဲ့ ကျဉ်းမြောင်းတဲ့တံခါးပေါက်ကိုတွေ့တဲ့သူက နည်းနည်းလေးဘဲရှိတယ်။။ 15သိုးရေခြုံထားတဲ့ ဝံပုလွေနဲ့တူတဲ့ ပရောဖက် အတုအယောင်တွေကို သတိထားရှောင်ကြဉ်ကြပါ။ 16.အသီးကိုကြည့်ပြီး အပင်ကိုသိနိုင်သလို သူတို့ရဲ့အမူအကျင့်ကိုကြည့်ပြီး သူတို့ရဲ့စရိုက်ကိုသိနိုင်တယ်။ စပျစ်သီးကို ဆူးခြုံပင်၊သင်္ဘောသဖန်းပင်နဲ့ဆူးလေပင် က ခူးဆွတ်လို့ရနိုင်ပါ့မလား။ 17.အပင်ကောင်းက အသီးကောင်းရသလို အပင်ဆိုးအပင်ညံ့ ဆီကလည်း မကောင်းတဲ့အသီး အညံ့အဖျင်းတွေသာ သီးတတ်တယ်။ 18ကောင်း တဲ့အပင်ကအသီးညံ့၊အသီးဖျင်း တွေမသီးနိုင်သလို ညံ့တဲ့အပင်ကလည်း အသီးကောင်းကို မရနိုင်ဘူး ။ 19.အသီး အညံ့အဖျင်းတွေသာ သီးတတ်တဲ့ သစ်ပင်တိုင်းကို ခုတ်လှဲပြီး မီးရှိ့တတ်ကြတယ်။ 20ဒါကြောင့် မင်းတို့ဟာ အသီးကိုကြည့်ပြီး အပင်ကောင်းမကောင်း သိနိုင်သလို ၊သူတို့ရဲ့အမူအကျင့်တွေကို ကြည့်ပြီး သူတို့ရဲ့သဘောမနောကိုသိနိုင်တယ်။ 21ငါ့ကို သခင်၊ သခင်လို့ခေါ်တိုင်း နိဗ္ဗာန်ရွှေမြို့တော်ကို ဝင်ရမှာမဟုတ်ဘူး။နိဗ္ဗာန်ရွှေမြို့တော်မှာရှိနေတဲ့ ငါ့ရဲ့ အဖဘုရားအလိုတော်အတိုင်း လိုက်နာမှသာ နိဗ္ဗာန်ကို ရောက်ကြရလိမ့်မယ်။ 22.တရားစီရင်တော်မူတဲ့နေ့မှာ လူတွေက ငါ့ကို သခင်၊ သခင်လို့ခေါ်ကြပါလိမ့်မယ်။ သူတို့က ‘ကျွန်ုပ်တို့ဟာ ကိုယ်တော်ရဲ့နာမတော်နဲ့ နှုတ်ကပတ်တော်တရားတွေကို ဟောကြားခဲ့ပါတယ်။ ကိုယ်တော်ရဲ့နာမတော်နဲ့ မကောင်း ဆိုးဝါးတွေကိုလည်း မောင်းထုတ်ခဲ့ပါတယ်။ကိုယ်တော်ရဲ့နာမတော်နဲ့အံ့ဩဖွယ်ရာ အမှုတော်တွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်’ လို့ကြေညာမောင်းခတ်ကြပါလိမ့်မယ်။ 23ဒါပေမယ့် ကိုယ်တော်က အဖဘုရားအလိုတော်အတိုင်း မလိုက်နာတဲ့သူတွေကို ‘မင်းတို့ငါ့ရဲ့နောက်လိုက်တပည့်တွေမဟုတ်ဘူး၊ ငါ့ဆီကထွက်သွားကြ၊ လူယုတ်မာတွေ’ လို့သာ ငါပြောလိမ့်မယ် ။ 24ငါ့ရဲ့တရားတော်ကိုနာခံပြီး လက်တွေ့လိုက်နာသူဟာ ကျောက်ဆောင်ပေါ်မှာအိမ်ဆောက်သူပညာရှိနဲ့ တူတယ်။ 25.မိုးတွေရွာပြီး မြစ်ရေတွေလျှံကာ လေပြင်းမုန်တိုင်းတိုက်ခတ်လို့ရှိရင်လည်း ဒီလိုအိမ်မျိုးဟာ မပြိုလဲနိုင်ဘူး ။ ဘာကြောင့်လဲဆိုတော့ အဲဒီအိမ်ဟာ ကျောက်ဆောင်ပေါ်မှာ တည်ဆောက်ထားလို့ပဲဖြစ်တယ်။ 26ငါ့ရဲ့တရားတော်တွေကို ကြားနာရပြီးနောက် မလိုက်နာတဲ့သူဟာ သဲပေါ်မှာအိမ်ဆောက်တဲ့လူမိုက်နဲ့တူတယ်။ 27မိုးတွေရွာပြီး မြစ်ရေလျှံကာ လေပြင်းမုန်တိုင်းတိုက်ခိုက်လို့ရှိရင် အဲဒီအိမ်ဟာအလုံးစုံ ပျက်စီးပြိုလဲသွားရလိမ့်မယ်"ဟူ၍မိန့်တော်မူလိုက်လေသည်။ 28ကိုယ်တော်သည် ဤသို့ဟောပြောပြီးသောအခါ လူထုပရိတ်သတ်တို့သညိ သူ၏ဟောပြောသွန်သင်ပုံများကို အံ့ဩသွားကြလေသည်။ 29.အဘယ်ကြောင့်ဆိုသော်သူသည် ကျမ်းတတ်ဆရာတို့လိုမဟုတ်ဘဲအခွင့်အာဏာရှိသူကဲ့သို့ ဟောပြောသောကြောင့်ဖြစ်သည်။
Attualmente Selezionati:
Matthew 7: TPV-RV
Evidenzia
Condividi
Copia

Vuoi avere le tue evidenziazioni salvate su tutti i tuoi dispositivi?Iscriviti o accedi
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.