ရှင်လုကာ 5

5
ခန်း (၅)
ပထမဆုံးဗြိတော်ဒွေ
(ရှင်မဿဲ ၄.၁၈-၂၂ရှင်မာကု ၁.၁၆-၂၀)
1နေ့မှာ ကိုယ်တော်ဟ ဂင်နေသရက်ရေအိုင်#5.1 ဂင်နေသရက်ရေအိုင် ဂါလိလဲရေအိုင်နတူတူဘဲ့ဖြစ်ရယ်နီးမှာ ရပ်တော်မူနေခီ လူထုပရိသတ်ဟ ဘုရားရှင်ရဲ့ ဒန်းဂါးဒွေဝို ကြားနာဝို့တွက် ကိုယ်တော်နားဝို ရော့ဝို့တွက် တိုးဝှေ့လာဂေ့လေရယ်။ 2အဲနော့ ကိုယ်တော်ဟ ကမ်းဇပ်မှာ ကပ်ရားဝို ငါးဖမ်းလှေနှေ့စင်းဝို ဗြင်တော်မူလေရယ်။ တံငါသည်ဒွေဟလဲ လှေပေါ်ဟဆင်းပီး သူ့နို့ရဲ့ငါးဖမ်းပိုက်ကွန်ဒွေဝို ဆေးကြောနေလေရယ်။ 3အဲခါမှာ ကိုယ်တော်ယေရှုဟ လှေနှေ့စီးထဲဟ ရှိမုန်ရဲ့လှေပေါ်ဝို တက်လိုက်ပီး ကမ်းခြေဟနေ နဲနဲ ခွာခိုင်းလေရယ်။ အဲနော့ ကိုယ်တော်ဟ လှေပေါ်မှာထိုင်လိုက်ပီး လူဒွေဝို သွန်သန်ဆုံးမလေရယ်။
4လူဒွေဝို ဟောပြောသွန်သန်ပီးခါမှာ ကိုယ်တော်ဟ ရှိမုန်ဝို “လှေဝိုရေနက်ပိုင်းဆီ လှော်ပီး နန့်ပိုက်ကွန်ဝိုခလပီး ငါးဖမ်းလိုက်ပါ” ဆိုပီး မိတော်မူလေရယ်။
5ရှိမုန်ဟ “ဆရာ ၊ ကျနော်ဒို့ ညစ်လုံးကြိုးစားပီး ငါးဖမ်းဂိုမှ ငါးဂေါ်မှဖမ်းမိရ၊ အယ်ဘေမဲ့ သင်ခိုင်းရိတွက်ဂျော့ ပိုက်ကွန်ဝို ကျနော် ခလလိုက်ပါမယ်” ဆိုပီး ပလန်လည်ရှော့တံလိုက်လေရယ်။
6သူ့နို့ အဲမျိုးလုပ်လိုက်ဝိုခီမှာ ငါးဖမ်းမိဇာ များဗျင်းရိတွက် ငါးဖမ်းပိုက် ကွဲမတတ် ဖြစ်ရားလေရယ်။ 7အဲဂျော့ သူနို့ဟ ခြားလှေပေါ်မှာရှေ့ဝို သူ့နို့ရဲ့ပေါဖော်ဒွေဖြစ်ဝို တံငါသည်ဒွေဝို လာပီး ကူညီဝို့ ချင့်ပြပီး ခေါ်ယူလိုက်လေရယ်။ အဲမိုတံငါသည်ဒွေရော့လာပီး လှေနှေ့စီးဝို ငါးဒွေဖလဲ့ထည့်ဂေ့ဝိုခီမှာ ပလဲ့လျှံပီး လှေနစ်မြုပ်နီးနီး ဖြစ်ရားလေရယ်။
8ရှိမုန်ပေတရု#5.8 ရှိမုန်ပေတရု ရှိမုန်ဝို ကိုယ်တော်ဟ ပေတရုဆိုပီး နော်မယ်ပေးရယ်၊ အဲမိုနော်မယ်ဓိပ္ပာယ်ဟ ဟေဘရူးဂါးနဆိုဝါ ကလော့ဖြစ်ရယ်။ဟ အဲမိုဖြစ်ပျစ်ဒွေဝို ဗြင်ရဝိုခီမှာ ကိုယ်တော်ယေရှုရှေ့မှာ ဒူးထော့ပီး “အရှင်၊ ကျနော်ဟ ဒုစရိုက်ပြစ်သားတစ်ယော့ ဖြစ်ရိဂျော့ ကျနော့်ဆီဟနေ ထွက်ရားပါ” ဆိုပီး ရှော့တံလေရယ်။ 9ရှိမုန်ဟ ဟဲဖြစ်ရိ အဲမျိုးပြောရနူးဆိုဝါ သူ့နခြားသူဒွေဟ ဖမ်းမိဝို ငါးရေတွက်ဟ များဗျင်းရိတွက် အံ့ဩနေဂေ့ဇာဖြစ်ရယ်။
10အဲမိုထဲမှာ သူ့ရဲ့ပေါသင်းဒွေဖြစ်ဝို ဇေဗေဒဲရဲ့သားနှေ့ယော့ဖြစ်ဝို ယာကုပ် န ယောဟန်ဒို့လဲ အံ့ဩနေဂေ့လေရယ်။ ကိုယ်တော်ယေရှုဟ ရှိမုန်ဝို “ကြော့ပါန၊ ခုခီဟစပီး နန်ဟ ငါးဒွေဝိုဖမ်းရဝို့စား လူဒွေဝို စုပီး ငါ့နော့လိုက်ဗြိတော်ဒွေဖြစ်အော် လုပ်ဆော်ရမယ်#5.10 ငါ့နော့လိုက်ဗြိတော်ဒွေဖြစ်အော် လုပ်ဆော်ရမယ် မူရင်းကျမ်းမှာ လူဒွေဝို ဖမ်းရဝို့သူဖြစ်လိမယ် ဆိုပီး ရေးသားရားရယ်။” ဆိုပီး မိတော်မူလေရယ်။ 11အဲနော့ သူ့နို့ဟ လှေဒွေဝို ကမ်းပေါ်ဝို တံပီးနော့ ရှေ့ဇာမှန်သမျှဝို စွန့်ခွာပီး ကိုယ်တော်ရဲ့နော့ဝို လိုက်ပါသွားဂေ့လေရယ်။
နာဂီးရောဂါသည်ယော့ဝို ပျော့ကမ်းဇေခြင်း
(ရှင်မဿဲ ၈.၁-၄ရှင်မာကု ၁.၄၀-၄၅)
12ကိုယ်တော်ယေရှုဟ ဗြို့တစ်ဗြို့မှာ ရှေ့တော်မူနေခီမှာ အဲမိုဗြို့မှာရှေ့နေဝို သူ့ကိုယ်ဂိုလုံးမှာ နာဂီးရောဂါဖြစ်နေဝို လူတယော့ဟ ကိုယ်တော်ဆီဝို လာလေရယ်။ သူဟ ကိုယ်တော်ဝို ဗြင်ခီမှာ မလေဂီးပေါ်မှာ ဦးညွှတ်ပီး “ဆရာ၊ ဗြိတော်ရဲ့ရောဂါဝို ပျော့ကမ်းဇေလိုဝို ဆန္ဒရှေ့ရုံန ပျော့ကမ်းဇေနိုင်ပါရယ်” ဆိုပီး တောဘန်လေရယ်။
13ကိုယ်တော်ယေရှုဟ လက်တော်ဝိုဆန့်ပီး အဲမိုလူဝို ထိလိုက်ပီး “ငါလိုတော်ရှေ့ပါရယ်၊ ခုဘဲ့ နန်ပျော့ကမ်းရားပါပီ” ဆိုပီး မိတော်မူလိုက်လေရယ်။ ပီးန ချင့်ချင်း အဲမိုလူရဲ့နာဂီးရောဂါဟ ပျော့ကမ်းရားလေရယ်။
14အဲခါ ကိုယ်တော်ယေရှုဟ အဲမိုလူဝို “ အယ်မိုဇာဝို ဟယ်သူ့ဝိုမှ ပြောပါန။ အယ်ဘေမဲ့ ရောဂါပျော့ကမ်းဝို ထော့ထားဖြစ်န ဂျူးပုရောဟိတ်ဆီသွားပီး နန့်ကိုနန့် ပြသပါ။ ပီးရယ်ဆိုဝါ မောရှေ ပညတ်ကျမ်းတိုင်း ပူဇော်ဒဲ့မှုဝို သွားပီး ဆော်ဝက်ပါ” ဆိုပီး ပြောလေရယ်။
15အယ်ဘေမဲ့ ကိုယ်တော်ယေရှုရဲ့ဒန်းဟ ပိုပီးဂိုမှ ပလန့်နှံ့သွားရိတွက် လူအုပ်ဂီးဟ ကိုယ်တော်ရဲ့ရားတော်ဒွေဝို ကြားနာဝို့န သူ့နို့ရဲ့ နာရောဂါဒွေဝို ကုသဝို့ ကိုယ်တော်ဆီဝို စုပီး ရော့လာဂေ့လေရယ်။ 16အယ်ဘေမဲ့ ကိုယ်တော်ဟ တောကန္တာရဝို ခဏခဏသွားပီး ဘုရားရှင်ဆီ ဆုတောတော်မူလေရယ်။
ဒုဇရိုက်ပြစ်ဒွေဝို ခွမ့်လွှတ်ပီး လေဖြတ်နေသူဝို ပျော့ကမ်းဇေခြင်း
(ရှင်မဿဲ ၉.၁-၈ရှင်မာကု ၂.၁-၁၂)
17နော့နေ့မှာ ကိုယ်တော်ယေရှုဟ လူဒွေဝို ဟောပြောသွန်သန်တော်မူနေခီမှာ ဂါလိလဲပြည်၊ ယုဒပြည်၊ ဂျေရုဆလင်ဗြို့မှာရှေ့ဝို ဝါဒွေဂူလုံးဟ လာဂေ့ဝို ချို့ဖာရိရှဲ#5.17 ဖာရိရှဲ ဖာရိရှဲဆိုဇာဟ ဂရိဘာသာဂါးရ (သီးသန့်နေသူဒွေ)၊ ဟေဘရူးဂါးနဆိုဝါ ခွဲခွာသူ၊ သီးသန့်နေထိုင်သူဖြစ်ရယ်။ အယ်မိုဖွဲ့စည်းဟ ဓမ္မဟောခေတ်ထဲဟ စပေါ်နေဇာဖြစ်ရယ်။ နော့ပိုင်း ယေရှုကာလမှာလော ပိုပီးထံရှားပီး ဘာသာရေးအာဏာရဖွဲ့စည်းခုဖြစ် ခိုင်ခိုင်မာမာရပ်တည်နေဇာဝို ဓမ္မသစ်ကျမ်းမှာတွီ့ရလိမယ်။ နဂိုဦးတည်ချစ်ဟ မှန်ပေမဲ့ ကြာလာလောဝါ ဦးတည်ချစ်ပျော့ပီး ဘာသာရေးဟန်ဆော်ကိုင်ရှိုင်းသူ အဖြစ် ဖြစ်လာရယ်။ဒွေန ကျမ်းတတ်ဆရာဒွေဟ အဲမိုနေရာနားမှာ ထိုင်နေဂေ့လေရယ်။ ဘုရားရှင်ဟလဲ လူဒွေရဲ့နာရောဂါ ကုသဝို့တွက် ကိုယ်တော်ဝို ဂိုးတော်ပေးအပ်ရားတော်မူရယ်။ 18အဲခါမှာ လူချို့ဟ လေဖြတ်နေသူယော့ဝို ဖျာပေါ်မှာတံပီး သယ်ဆော်လာဂေ့လေရယ်။ သူနို့ဟ အဲမိုလူဝို အီထဲသွမ်းပီး ကိုယ်တော်ယေရှုရှေ့မှာ ခလထားနိုင်ဝို့ ကြိုးစားလေရယ်။ 19အယ်ဘေမဲ့ လူအုပ်များဂီးရှေ့နေရိတွက် အဲမိုလူဝို အီထဲဝို သွမ်းဝို့ ဝမ်ဇာလမ်းရှာတွီ့ရ။ အဲဂျော့ သူ့နို့ဟ အီခေါ်မိုးပေါ်ဝို တက်ရားပီး ခေါ်မိုးဝို ခွာလိုက်လေရယ်။ အဲနော့ သူ့နို့ဟ အဲလူဝို အိယာဖျာချပ်န တွဲခယ်ပီး လူဒွေရဲ့ဂျားမှာရှေ့ဝို ကိုယ်တော်ယေရှုရှေ့ဝို ရော့အော် လျှောခလလိုက်လေရယ်။
20ကို‌ယ်တော်ယေရှုဟ အဲမိုလူဒွေရဲ့ယုံကြည်ချင့်ဝို ဗြင်ရဝိုခါမှာ အဲမိုလေဖြတ်နေသူဝို “မိဆွေ၊ နန့်ပြစ်ဒွေဝို ခွမ့်လွှတ်လိုက်ပါပီ” ဆိုပီး မိတော်မူလိုက်လေရယ်။
21အဲခါ ဖာရိရှဲဒွေန ကျမ်းတတ်ဆရာဒွေဟ “ဘုရားရှင်ဝို အယ်မိုမျိုးပြစ်မှားစော်ဂါးဝို ဂါးဒွေပြောဆိုနေဝို အဲမိုလူဟ ဟယ်သူနူး။ ဘားထဲရှေ့ဝို ဘုရားရှင်ဟဘဲ့ လူဒွေရဲ့ပြစ်ဒွေဝို ခွမ့်လွှတ်ပေးနိုင်ရယ်” ဆိုပီး သူ့နို့ကိုယ်သူ့နို့ စတံ စဥ်းစားပြောဆိုဂေ့လေရယ်။
22အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ သူ့နို့ဟဲမျိုး တွီးနေဇာဝို သိတော်မူပီး “နန်းနို့စိထဲမှာ ဟဲဂျော့အဲမျိုး တွီးတောနေဂေ့နူး” ဆိုပီး မိတော်မူလေရယ်။ 23“အဲမိုလေဖြတ်နေသူဝို ‘နန့်ပြစ်ဒွေ ခွမ့်လွှတ်လိုက်ပီ’ ဆိုပီး ပြောဇာန ‘နန်ထပီး လမ်းရှော့လိုက်ပါ’ ဆိုပီး ပြောဝိုဇာမှာ ဟယ်ခုဟ ပိုပီး လွယ်ကူမယ်ထံနူး။ 24အယ်ဘေမဲ့ လူ့သားတော်#5.24 လူ့သားတော် လူ့​သားတော် ဆိုဇာဟ ဓမ္မဟောင်းကျမ်းမှာ ခနခနဖော်ပြပါရှေ့ပီး ကိုယ်တော်ယေရှုဟ သူ့ကိုယ်သူ တံစားပီးခေါ်ဇာဖြစ်ရယ်။ ဟ အယ်မိုဘာလောကမှာရှေ့ဝို ပြစ်ဒွေဝို ခွမ့်လွှတ်နိုင်ဒဲ့ ခွမ့်အာဏာရှေ့ဇာ မှန်ဘဲ့ဖြစ်ကြောဝို နန်းနို့ဝို ငါသိဇေရှင်ရယ်” ဆိုပီး မိတော်မူလေရယ်။ အဲနော့ အဲမိုလေဖြတ်နေသူဝို “ငါနန့်ဝို ပြောမယ်။ ထလော့၊ နန့်အိယာဝိုယူပီး အီပလန်လော့” ဆိုပီး မိတော်မူလိုက်လေရယ်။ 25အဲမျိုးမိတော်မူပီး ချင့်ချင်းဘဲ့ အဲမိုလူဟ လူဒွေရှေ့မှာ မတ်တပ်ရပ်လိုက်ပီး သူလှဲနေရားဝို အိယာဝို ကော့ယူလိုက်ပီး ဘုရားရှင်ဝို ချီးမွမ်းပီး အီဝိုပလန်လေရယ်။ 26အဲမိုဇာဝို ဗြင်ဝိုလူဒွေဂူလုံးဟ အံ့ဩဝါးဂေ့ပီး ဘုရားရှင်ဝို ချီးမွမ်းဂေ့လေရယ်။ “ကျနော်ဒို့ဟ အံ့ဩဆန်းကြယ်ဝိုဇာဒွေဝို အယ်နေ့ တွီ့ဗြင်ဂေ့ရလေပီ” ဆိုပီး အံ့ဩထိလန့်ခြင်းပလဲ့န ပြောဆိုနေဂေ့လေရယ်။
လေဝိဆိုပီးခေါ်ဝို ခွန်ကော့သူဝို ကိုယ်တော်ယေရှု ဝွီးကော့ခြင်း
(ရှင်မဿဲ ၉.၉-၁၃ရှင်မာကု ၂.၁၃-၁၇)
27အဲနော့မှာ ကိုယ်တော်ယေရှုဟ အဲမိုနေရာဟနေ ဆစ်လက်ကြွတော်မူရာ ခွန်ရုံးမှာ ထိုင်နေဝို လေဝိ#5.27 လေဝိ သူ့ရဲ့ခြားနော်မယ်ဟ မဿဲဖြစ်ရယ်နော်မယ်ရှေ့သူ ခွန်ကော့သူတစ်ယော့ဝို တွီ့ဗြင်လေရယ်။ ကိုယ်တော်ဟ သူ့ဝို “ငါ့နတူတူလိုက်ပီး ငါ့ဗြိဖြစ်လော့” ဆိုပီး မိတော်မူလေရယ်။ 28အဲဂျော့ လေဝိဟ ရာအားလုံးဝို စွန့်ခွာရစ်ပီး ကိုယ်တော်ရဲ့နော့တော်ဝို လိုက်ပါရားလေရယ်။
29အဲနော့ လေဝိဟသူ့အီမှာ ကိုယ်တော်ယေရှုဝို ဂုဏ်ပြုဝို့တွက် ညစ်ဇာ စားဘွဲဂီးတစ်ခုဝို ကျင်းပလေရယ်။ ခွန်ကော့သူဒွေများဂီးန ခြားသူဒွေလဲ သူ့နို့နတူတူ စားသော့ဂေ့ရယ်။ 30အယ်ဘေမဲ့ သူ့နို့ဖွဲ့ထဲဟ ချို့ဖာရိရှဲဒွေန ကျမ်းတတ်ဆရာချို့ဟ ကိုယ်တော်ရဲ့ဗြိတော်ဒွေဝို “နန်းနို့ဟ ခွန်ကော့သူဒွေ၊ ပြစ်ရှေ့သူဒွေန ဟဲဂျော့ တူတူ စားသော့နေဂေ့နူး” ဆိုပီး ပြစ်တံကဲ့ရစ်ပီး မေးမြန်းဂေ့လေရယ်။
31ကိုယ်တော်ယေရှုဟ “ကျန်းမာသူဒွေတွက် ဆရာဝန်ဝို လိုအပ်လိမယ်မုဝ၊ အယ်ဘေမဲ့ ဖျားနာနေသူဒွေတွက်လော ဆရာဝန်လိုအပ်ပေလိမယ်” ဆိုပီး သူ့နို့ဝို ပလန်ဖြေလေရယ်။ 32“အဲမိုမျိုးဘဲ့ ဖြော့မတ်ရယ်ဆိုပီး ကိုယ့်ကိုယ်ကိုယ်ထံနေဝိုသူဒွေဝို ဖိခေါ်ဝို့ ငါ ကြွရော့လာဇာမုဝ။ ငါဟ ပြစ်ရှေ့သူဒွေ နော်ဒရဝို့တွက် ဖိခေါ်ဝို့ ကြွရော့လာခြင်းဖြစ်ရယ်။” ဆိုပီး မိတော်မူလေရယ်။
ကိုယ်တော်ယေရှု စားရှော်ဇာနပတ်သက်ပီး မေးခွန်းထုခံရခြင်း
(ရှင်မဿဲ ၉.၁၄-၁၇ရှင်မာကု ၂.၁၈-၂၂)
33အဲခီမှာ လူချို့ဟ ကိုယ်တော်ဝို “ယောဟန်ရဲ့ ဗြိဒွေ န ဖာရိရှဲဒွေရဲ့ ဗြိဒွေဟ ခဏခဏ စားရှော်ပီး ဆုတောတတ်ဂေ့ရယ်။ အယ်ဘေမဲ့ သင့်ရဲ့ ဗြိဒွေကလလောဝါ စားသော့နေဂေ့ပါလား” ဆိုပီး ပြောဂေ့လေရယ်။
34ကိုယ်တော်ဟလဲ “မြင်ဂလာပွဲဝို လာဝိုဧည့်သည်ဒွေဟ ဒို့သားနတူတူ ရှေ့နေဝိုခီမှာ စာရှော်ဂေ့မှာလော။ ဟယ်သူလဲ ရှော်ဂေ့မှာမုဝ။ 35အယ်ဘေမဲ့ ဒို့သားဖြစ်ဝို ငါ့ဝို သူနို့ဆီဟခေါ်ဝါးဝိုခီ ရော့လာပါလိမယ်၊ အဲခါမှဘဲ့ သူ့နို့ စားရှော်ဂေ့ပါလိမယ်” ဆိုပီး မိတော်မူလေရယ်။
36ကိုယ်တော်ဟ အဲမျိုးမိတော်မူပီးနော့ အယ်မိုပုံဥပမာဝို ပြောပြတော်မူလေရယ်။ “ဟယ်သူမှ ဝတ်သစ်ဟ ပိစဝို ဆုဖလဲ ဝတ်ဟောရဲ့ပေါ့ဝို ဖာထေးဟ။ အဲမျိုးလုပ်မယ်ဆိုဝါ ဝတ်သစ်ဝို ဆုဖလဲရဝို့ပြင် ဖာထေးလိုက်ဝို ပိစသစ်ဟလဲ ဝတ်ဟောန လိုက်မှာမုဝ။ 37အဲမိုမျိုးဘဲ့ ဟယ်သူမှ ဝိုင်သစ်ဝို သားရေဖူးဟောထဲ လောထည့်မှာမုဝ။ အဲမျိုးလုပ်ရယ်ဆိုဝါ ဝိုင်သစ်ဟ သားရေအိဝို ဆွေးမြေ့ပေါ့ပလဲစေနိုင်ရယ်။ အဲနော့ ဝိုင်ဒွေဆုံးရှုံးရပီး သားရေအိဟလဲ ပျစ်ဆီးရားပါလိမယ်။ 38အဲမိုစား ဝိုင်သစ်ဝို သားရေအိသစ်မှာဘဲ့ ထည့်ရမယ်ဖြစ်ရယ်။ 39အဲမိုဇာပြင် ဟဲသူမှ ဝိုင်ဟောဝို သော့ပီးနော့ ဝိုင်သစ်ဝို သော့ရှင်ဂေ့ရ။ သူနို့ဟ ‘ဝိုင်ဟော#5.39 ဝိုင်ဟော အယ်မိုနေရာမှာ ဝိုင်ဟောဟ ဂျူးဘာသာတရားရဲ့ နည်းလမ်းဟောဒွေန သွန်သန်ချင့်ဝို ကိုယ်စားပြုရယ်။ ဝိုင်သစ်ဟ ကိုယ်တော်ယေရှုရဲ့ နည်းလမ်းသစ်ဒွေန သွန်သင်ခြင်းဝို ကိုယ်စားပြုရယ်။ အယ်နေရာမှာ ကိုယ်တော်ယေရှုဟ လူဒွေဟ နည်းလမ်းဟောဒွေဝိုဘဲ့ ကောရယ်ဆိုပီး ထံနေဂေ့ရိတွက် နည်းလမ်းသစ်ဒွေဝို စဥ်းစားဂေ့ရှင်ဘဲဇာဝို သွယ်ဝိုက်ပြောဆိုဇာဖြစ်ရယ်။ ရသာဟ ပိုပီးကောရယ်’ ဆိုပီး ပြောဂေ့ပါလိမယ်” ဆိုပီး ကိုယ်တော်ဟ မိတော်မူလေရယ်။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 5: TVN

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល