Logo ya YouVersion
Elilingi ya Boluki

ရှင်ယောဟန် 7

7
ယေ​ရှု​နှင့်​ညီ​တော်​များ
1ထို​နောက်​မှ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်၌ လှည့်​လည်​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ယု​ဒ​ပြည်၌ လှည့်​လည်​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။
2ယု​ဒ​လူ​တို့၏ သ​ကေ​နေ​ပွဲ​ခံ​ခါ​နီး​တွင်၊-#ဝတ်၊ ၂၃:၃၄။ တ​ရား၊ ၁၆:၁၃။ 3ညီ​တော်​တို့​က၊ သင်​ပြု​သော​အ​မှု​တို့​ကို တ​ပည့်​များ​တို့​သည် မြင်​စေ​ခြင်း​ငှာ ဤ​အ​ရပ်​မှ​ထွက်၍ ယု​ဒ​ပြည်​သို့​ကြွ​ပါ။- 4ကျော်​စော​ကိ​တ္တိ​ကို အ​လို​ရှိ​သော​သူ​မည်​သည်​ကား မ​ထင်​ရှား​သော​အား​ဖြင့် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​လျှင်၊ ဤ​လော​က၌ ကိုယ်​ကို​ထင်​ရှား​စွာ ပြ​ပါ​ဟု၊- 5မ​ယုံ​ကြည်​သော​ကြောင့် ယေ​ရှု​အား​ဆို​ကြ၏။- 6ယေ​ရှု​က​လည်း၊ ငါ့​အ​ချိန်​မ​ရောက်​သေး။ သင်​တို့​ဖို့ ခပ်​သိမ်း​သော​အ​ချိန် သင့်​လျက်​ရှိ၏။- 7လော​ကီ​သား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မုန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သူ​တို့၏​အ​ကျင့်​ဆိုး​ညစ်​ကြောင်း​ကို သက်​သေ​ခံ၏။- 8ထို​ပွဲ​သို့ သင်​တို့​သွား​ကြ​လော့။- 9ငါ​မ​သွား​သေး။ ငါ့​အ​ချိန်​မ​ပြည်​စုံ​သေး​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ဂါ​လိ​လဲ​ပြည်​မှာ နေ​တော်​မူ၏။
သ​ကေ​နေ​ပွဲ​သို့​ကြွ​တော်​မူ​ခြင်း
10ညီ​တော်​တို့​သွား​ပြီး​မှ ကိုယ်​တော်​သည် ထို​ပွဲ​သို့ မ​ထင်​မ​ရှား​ကြွ​တော်​မူ၏။- 11ထို​ပွဲ၌​ယု​ဒ​လူ​တို့​က၊ ယေ​ရှု​သည်​အ​ဘယ်​မှာ ရှိ​သ​နည်း​ဟု မေး​မြန်း​ရှာ​ဖွေ​ကြ၏။- 12လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို​အ​ကြောင်း​ပြု၍ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ၏။ အ​ချို့​တို့​က၊ သူ​သည် သူ​တော်​ကောင်း​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​တို့​က၊ သူ​တော်​ကောင်း​မ​ဟုတ်၊ လူ​များ​ကို​လှည့်​ဖြား​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ၏။- 13သို့​သော်​လည်း ယု​ဒ​လူ​တို့​ကို​ကြောက်​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​တည့်​အ​လင်း​မ​ပြော​ဝံ့​ကြ။
14ထို​ပွဲ​ကို ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့​တက်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏၊- 15ယု​ဒ​လူ​တို့​သည် အံ့​ဩ၍၊ ဤ​သူ​သည် စာ​မ​သင်​ဘဲ​လျက် အ​ဘယ်​သို့ တတ်​ဘိ​သ​နည်း​ဟု ဆို​ကြ၏။- 16ယေ​ရှု​က​လည်း၊ ငါ​ဟော​သော​ဒေ​သ​နာ​သည် ငါ၏​ဒေ​သ​နာ​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ၏​ဒေ​သ​နာ​ဖြစ်၏။- 17ထို​သူ၏​အ​လို​တော်​သို့ လိုက်​ချင်​သော​သူ​မည်​သည်​ကား၊ ဤ​ဒေ​သ​နာ​သည် ဘု​ရား​သ​ခင်၏ ဒေ​သ​နာ​တော်​ဖြစ်​သ​လော၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သ​လော​ဟု ပိုင်း​ခြား၍​သိ​လိမ့်​မည်။- 18ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော​သူ​သည် မိ​မိ​ဘုန်း​အ​သ​ရေ​ကို ရှာ​တတ်၏။ မိ​မိ​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ​ကို ရှာ​သော​သူ​မူ​ကား၊ ယုံ​လောက်​သော​သူ​ဖြစ်၏။ ထို​သူ၌ မု​သား​မ​ရှိ။- 19မော​ရှေ​သည် ပ​ညတ်​တ​ရား​ကို သင်​တို့​အား ပေး​သည်​မ​ဟုတ်​လော။ ထို​တ​ရား​ကို သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ​မ​ကျင့်။ ငါ့​ကို​သတ်​အံ့​သော​ငှာ အ​ဘယ်​ကြောင့် ရှာ​ကြံ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။- 20လူ​အ​စု​အ​ဝေး​က​လည်း၊ သင်​သည် နတ်​ဆိုး​စွဲ​သော​သူ​ဖြစ်၏။ သင့်​ကို သတ်​အံ့​သော​ငှာ အ​ဘယ်​သူ​ရှာ​ကြံ​သ​နည်း​ဟု ဆို​ကြ၏။- 21ယေ​ရှု​က​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု​ကို သင်​တို့​ရှိ​သ​မျှ​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။- 22မော​ရှေ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို သင်​တို့​အား​ပေး၏။ ထို​သို့​ဆို​သော် မော​ရှေ​မှ အ​စ​စွာ​ခံ​ရ​သည်​ဟု မ​ဆို​လို။ ဘိုး​ဘေး​များ​မှ ဆက်​ခံ​ရ​သ​တည်း၊ ထို​ကြောင့် ဥ​ပုသ်​နေ့၌ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ကြ၏။-#က၊ ၁၇:၁၀။ ဝတ်၊ ၁၂:၃။ 23မော​ရှေ၏​တ​ရား​မ​ပျက်​စေ​ခြင်း​ငှာ လူ​သည်​ဥ​ပုသ်​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​ရ​လျှင်၊ ငါ​သည် ဥ​ပုသ်​နေ့၌ လူ​တစ်​ကိုယ်​လုံး​ကို ကျန်း​မာ​စေ​သော​ကြောင့်၊ သင်​တို့​သည် ငါ့​ကို အ​မျက်​ထွက်​ရာ​သ​လော။-#ယော၊ ၅:၉။ 24မျက်​နှာ​ကို​သာ​ကြည့်၍ မ​စီ​ရင်​ကြ​နှင့်။ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။
ဤ​သူ​သည်​ခ​ရစ်​တော်​ပေ​လော။
25ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သား​အ​ချို့​က​လည်း၊ ဤ​သူ​ကို​သတ်​အံ့​သော​ငှာ ရှာ​ကြ​သည်​မ​ဟုတ်​လော။- 26ကြည့်​ပါ။ သူ​သည် ထင်​ရှား​စွာ​ဟော​ပြော၍ အ​ဘယ်​မြစ်​တား​ခြင်း​ကို​မျှ မ​ပြု​ကြ​ပါ​တ​ကား၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို မင်း​များ​တို့​သည် အ​မှန်​သိ​ကြ​သ​လော။- 27သို့​သော်​လည်း ဤ​သူ​သည် အ​ဘယ်​က​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ၏။ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ဘယ်​က​ဖြစ်​တော်​မူ​သည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ရ​ဟု ဆို​ကြ၏။- 28ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​သိ​ကြ၏။ ငါ​သည် အ​ဘယ်​က ဖြစ်​သည်​ကို​လည်း သိ​ကြ၏။ သို့​သော်​လည်း ငါ​သည် ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။ ထို​သူ​ကို သင်​တို့​မ​သိ​ကြ။- 29ငါ​မူ​ကား​သိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ၏​အ​ထံ​တော်​မှ ငါ​လာ၏။ သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ၏​ဟု ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင် ကြွေး​ကြော်၍ မိန့်​တော်​မူ​လျှင်၊- 30ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​အ​ခွင့်​ကို ရှာ​ကြ၏။ သို့​သော်​လည်း ကိုယ်​တော်၏​အ​ချိန်​မ​စေ့ မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။- 31လူ​အ​စု​အ​ဝေး​ထဲ၌ ပါ​သော​လူ​အ​များ​တို့​သည် ယုံ​ကြည်​သည်​ဖြစ်၍၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ဤ​သူ​ပြ​သော နိ​မိတ်​လ​က္ခ​ဏာ​ထက် သာ၍​များ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပြ​တော်​မူ​မည်​လော​ဟု ဆို​ကြ၏။
ကိုယ်​တော်​ကို​ဖမ်း​ဆီး​စေ​ခြင်း
32ထို​သို့​လူ​များ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် တိုင်​ပင်​ပြီး​မှ ကိုယ်​တော်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ မင်း​လု​လင်​တို့​ကို စေ​လွှတ်​ကြ၏။- 33ယေ​ရှု​က​လည်း၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ပြီး​လျှင်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ထံ​သို့ သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။- 34ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ​လျှင်၊- 35ယု​ဒ​လူ​တို့​က၊ ငါ​တို့​ကို​မ​တွေ့​စေ​ခြင်း​ငှာ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​လိမ့်​မည်​နည်း။ ဟေ​လ​သ​လူ​တို့​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​လျက်​နေ​သော သူ​တို့​ရှိ​ရာ​သို့​သွား၍ ဟေ​လ​သ​လူ​တို့​အား တ​ရား​ဟော​လိမ့်​မည်​လော။- 36သင်​တို့​သည် ငါ့​ကို ရှာ​ကြ​လိမ့်​မည်။ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ ဟူ​သော​စ​ကား​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။
အ​သက်​စမ်း​ရေ​တွင်း
37ထို​ပွဲ​ကို​ခံ၍ နောက်​ဆုံး​ဖြစ်​သော​နေ့​မြတ်၌ ယေ​ရှု​သည်​ရပ်၍ ကြွေး​ကြော်​တော်​မူ​သည်​ကား၊ ရေ​ငတ်​သော​သူ​ရှိ​လျှင် ငါ့​ထံ​သို့​လာ၍ သောက်​လော့။-#ဝတ်၊ ၂၃:၃၆။ 38ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း အ​သက်​ရေ​ထွက်​ရာ စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-#ယေ​ဇ၊ ၄၇:၁။ ဇာ၊ ၁၄:၈။ 39ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။
လူ​တို့​စိတ်​သ​ဘော​ကွဲ​ပြား​ခြင်း
40စ​ကား​တော်​ကို ကြား​သော​လူ​အ​များ​တို့​က၊ ဤ​သူ​သည် လာ​လ​တ္တံ့​သော​ပ​ရော​ဖက် အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။- 41အ​ချို့​က​လည်း၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က​လည်း၊ ခ​ရစ်​တော်​သည် ဂါ​လိ​လဲ​ပြည်​သား ဖြစ်​ရ​သ​လော။- 42ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​အ​မျိုး၊ ဒါ​ဝိဒ်​နေ​ရာ​ဌာ​န၊ ဗက်​လင်​ရွာ​သား​ဖြစ်​ရ​မည်​ဟု ကျမ်း​စာ​လာ​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။-#၂​ရာ၊ ၇:၁၂။ မိ၊ ၅:၂။ 43ထို​သို့​လူ​များ​တို့​သည် ကွဲ​ပြား​ကြ​သည်​ဖြစ်၍၊ အ​ချို့​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- 44သို့​သော်​လည်း အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။
ခေါင်း​ဆောင်​များ​မ​ယုံ​ကြည်​ခြင်း
45ထို​အ​ခါ မင်း​လု​လင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဖာ​ရိ​ရှဲ​ထံ​သို့​ပြန်၍၊ ထို​မင်း​တို့​က၊ အ​ဘယ်​ကြောင့် သူ့​ကို​မ​ဆောင်​ခဲ့​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊- 46မင်း​လု​လင်​တို့​က၊ ထို​သူ​ဟော​ပြော​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​ဟော​စ​ဖူး​ပါ​ဟု လျှောက်​ကြ၏။- 47ဖာ​ရိ​ရှဲ​တို့​က​လည်း၊ သင်​တို့​ကို​ပင် လှည့်​ဖြား​ပြီ​လော။- 48မင်း​များ၊ ဖာ​ရိ​ရှဲ​များ​တို့​တွင် သူ့​ကို​ယုံ​ကြည်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​သ​လော။- 49တ​ရား​ကို​မ​သိ​သော ဤ​လူ​များ​တို့​သည် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ဆို​ကြ၏။- 50အ​ထက်​က ည​အ​ခါ၌ အ​ထံ​တော်​သို့​လာ​သော သူ​တည်း​ဟူ​သော ထို​မင်း​များ​အ​ဝင်​ဖြစ်​သော နိ​ကော​ဒင်​က​လည်း၊-#ယော၊ ၃:၁-၂။ 51ငါ​တို့​တ​ရား​သည် လူ​ကို​မ​စစ်၊ သူ့​အ​မှု​ကို မ​သိ​မီ​က​ပင် ရှေ့​မ​ဆွ​က ဆုံး​ဖြတ်​တတ်​သ​လော​ဟု ဆို​လျှင်၊- 52သူ​တို့​က၊ သင်​သည်​လည်း ဂါ​လိ​လဲ​ပြည်​သား ဖြစ်​သ​လော။ စစ်​ဦး​လော့၊ ဂါ​လိ​လဲ​ပြည်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ပေါ်​ထွန်း​သည်​ကို​မှတ်​လော့​ဟု ဆို​ကြ​ပြီး​မှ၊- 53ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​အိမ်​သို့​သွား​ကြ၏။

Tya elembo

Share

Copy

None

Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo