Kisary famantarana ny YouVersion
Kisary fikarohana

ရှင်မဿဲ 4

4
စုံ​စမ်း​သွေး​ဆောင်​ခံ​ရ​ခြင်း
(​မာ၊ ၁:၁၂-၁၃။ လု၊ ၄:၁-၁၃။)
1ထို​အ​ခါ မာရ်​နတ်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​စေ​မည်​အ​ကြောင်း၊ ဝိ​ညာဉ်​တော်​သည် ယေ​ရှု​ကို တော​သို့​ပို့​ဆောင်​တော်​မူ၍၊-#ဟေ​ဗြဲ၊ ၂:၁၈၊ ၄:၁၅။ 2ယေ​ရှု​သည် အ​ရက်​လေး​ဆယ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ကို မ​သုံး​ဆောင်​ဘဲ​နေ​ပြီး​မှ မွတ်​သိပ်​ခြင်း​သို့ ရောက်​တော်​မူ၏။- 3ထို​အ​ခါ စုံ​စမ်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင်၊ ဤ​ကျောက်​ခဲ​တို့​ကို မုန့် ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- 4ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​မည် မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။-#တ​ရား၊ ၈:၃။
5ထို​အ​ခါ မာရ်​နတ်​သည် ယေ​ရှု​ကို သန့်​ရှင်း​သော​မြို့​တော်​သို့ ဆောင်​သွား၍ ဗိ​မာန်​တော်၏​အ​ထွတ်၌ တင်​ထား​ပြီး​လျှင်၊- 6ကျမ်း​စာ​လာ​သည်​ကား၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည် ဖြစ်၍၊ သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ သူ​တို့​သည်​သင့်​ကို လက်​နှင့် မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ကိုယ်​ကို အောက်​သို့​ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-#ဆာ၊ ၉၁:၁၁-၁၂။ 7ယေ​ရှု​က​လည်း သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟု ကျမ်း​စာ​လာ​ပြန်​သည်​ဟု မိန့်​တော်​မူ၏။-#တ​ရား၊ ၆:၁၆။
8တစ်​ဖန်​မာရ်​နတ်​သည် ယေ​ရှု​ကို အ​လွန်​မြင့်​လှ​စွာ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌ ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို​လည်း​ကောင်း၊ ထို​တိုင်း​နိုင်​ငံ​တို့၏ ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း ပြ​ညွှန်၍၊- 9ကိုယ်​တော်​သည် ငါ့​ကို ညွှတ်​ပျပ်​ကိုး​ကွယ်​လျှင် ယ​ခု​ပြ​လေ​သ​မျှ​တို့​ကို ငါ​ပေး​မည်​ဟု​ဆို​လေ၏။- 10ယေ​ရှု​က​လည်း အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု မိန့်​တော်​မူ၏။-#တ​ရား၊ ၆:၁၃။ 11ထို​အ​ခါ မာရ်​နတ်​သည် အ​ထံ​တော်​မှ​ထွက်​သွား၍ ကောင်း​ကင်​တ​မန်​တို့​သည် ချဉ်း​ကပ်​လျက် လုပ်​ကျွေး​ကြ၏။-
ဂါ​လိ​လဲ​ပြည်​တွင်​အ​မှု​တော်​စ​တင်
(​မာ၊ ၁:၁၄-၁၅။ လု၊ ၄:၁၄-၁၅။)
12ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​ကြောင်း​ကို ယေ​ရှု​သည်​ကြား​လျှင်၊ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ၍၊-#မ၊ ၁၄:၃။ မာ၊ ၆:၁၇။ လု၊ ၃:၁၉-၂၀။ 13နာ​ဇ​ရက်​မြို့​ကို စွန့်​သွား​လျက်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​စပ်​ကြား​တွင် အိုင်​နှင့်​နီး​စပ်​သော က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ နေ​တော်​မူ၏။-#ယော၊ ၂:၁၂။ 14ဤ​အ​ကြောင်း​အ​ရာ​ကား၊ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ နှုတ်​ထွက်​ပြည့်​စုံ​မည် အ​ကြောင်း​တည်း။- 15နှုတ်​ထွက်​အ​ချက် ဟူ​မူ​ကား၊ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​တည်း​ဟူ​သော အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်၊-#ဟေ​ရှာ၊ ၉:၁-၂။ 16မှောင်​မိုက်​ထဲ​မှာ​ရှိ​နေ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏​ဟု ဟော​ထား​သ​တည်း။- 17ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။-#မ၊ ၃:၂။
တံ​ငါ​သည်​လေး​ယောက်​ကို​ခေါ်​ခြင်း
(​မာ၊ ၁:၁၆-၂၀။ လု၊ ၅:၁-၁၁။)
18ဂါ​လိ​လဲ​အိုင်​နား​မှာ ကြွ​တော်​မူ​စဉ်၊ ပေ​တ​ရု​ဟူ၍​ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် အ​န္ဒြေ၊ ညီ​အစ်​ကို နှစ်​ယောက်​တို့​သည် တံ​ငါ​ဖြစ်၍၊ အိုင်​တွင် ပိုက်​ကွန်​ဖြန့်​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊ 19ထို​သူ​တို့​အား ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​သည် လူ​ကို မျှား​သော​တံ​ငါ ဖြစ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု အ​မိန့်​တော်​ရှိ​လေ​သော်၊ 20ထို​သူ​တို့​သည် ချက်​ချင်း ပိုက်​ကွန်​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။ 21ထို​မှ​လွန်​ပြန်​လျှင် အ​ခြား​သော​ညီ​အစ်​ကို​နှစ်​ယောက်၊ ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည် သူ​တို့​အ​ဘ​နှင့်​အ​တူ လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ခေါ်​တော်​မူ၏။ 22ထို​သူ​တို့​သည်​လည်း ချက်​ချင်း အ​ဘ​နှင့် လှေ​ကို စွန့်​ပစ်၍ နောက်​တော်​သို့​လိုက်​ကြ၏။
လူ​ထု​ကြီး​ကို​ဟော​ပြော​ခြင်း
(​လု၊ ၆:၁၇-၁၉။)
23ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။#မ၊ ၉:၃၅။ မာ၊ ၁:၃၉။ 24သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။ 25ဂါ​လိ​လဲ​ပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေ​ရှု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​မှ လာ​သော လူ​များ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့​လိုက်​ကြ၏။

Voafantina amin'izao fotoana izao:

ရှင်မဿဲ 4: JBMLE

Asongadina

Hizara

Dika mitovy

None

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra