YouVersion လိုဂို
ရှာရန် အိုင်ကွန်

YouVersion အကြောင်း

ဆီလျော်မှု

လွန်ခဲ့သောခေတ်ကာလတွင် သမ္မာကျမ်းစာကို လက်ဝယ်ရရှိဖတ်ရှုနိုင်သည့် အခွင့်အလမ်းသည် အလွန်နည်းလှသည်။ ယနေ့၊ ဤကိစ္စအတွက် ပြဿနာမရှိတော့ပါ။ သို့သော်၊ သမ္မာကျမ်းစာကို လက်ဝယ်ရရှိဖတ်ရှုနိုင်သူတို့တွင် ၎င်း၏သတင်းစကားသည် မိမိတို့အသက်တာနှင့် ကိုက်ညီမှုမရှိဟု ထင်မှတ်သူရှိကြသည်။ အချို့တို့မှာမူ ကျမ်းစကားသည် မိမိတို့အသက်တာနှင့် ဆက်နွှယ်မှုရှိသည်ဟု ယုံကြည်ကြသည်။

သတင်းအချက်အလက်ပြောင်းလဲမှု

ဤဆယ်စုနှစ်တွင် အင်တာနက်သည် လူ့အသိုင်းအဝိုင်းထဲမှာ ထူးခြားသောပြောင်းလဲမှုကို ဖြစ်စေခဲ့သည်။ မျှဝေခြင်း၊ ဆင်နွှဲခြင်း၊ ဖန်တီးခြင်း၊ အသံလွင့်ခြင်းနှင့် ဆက်သွယ်ခြင်းတို့ကို ပြုနိုင်သောအခါ မိမိအကြောင်းနှင့် မိမိ၏ယုံကြည်ခြင်းအကြောင်းတို့ကို အခြားသူများအား လွယ်ကူစွာ သိမြင်စေနိုင်သည်။

YouVersion

(၁၉၉၆) ခုနှစ်စတင်ချိန်မှစ Life Church အသင်းတော်ဟာ လူတွေကို ခရစ်တော်နောက်လိုက်ပြီး အပြည့်အဝ ဆက်ကပ်နိုင်ဖို့ ဦးဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်၊ လူတွေရဲ့နေ့စဉ်အသက်တာကို သမ္မာကျမ်းစာနဲ့ထိတွေ့နိုင်မည့် နည်းလမ်းသစ်များရှာဖွေခဲ့ပါတယ်။ အမျိုးမျိုးသောနည်းပညာများနဲ့ နည်းဗျူဟာများကို ထည့်သွင်းထားလို့ ကျွန်ုပ်တို့ရဲ့နည်းလမ်းများဟာ နှစ်များကြာလာတာနဲ့အမျှ ပြောင်းလဲလျှက်ရှိနေပါတယ်။ ကျွန်ုပ်တို့ရဲ့အဓိကရည်မှန်းချက်ကတော့ ဘဝမှာ ဘယ်နေရာမှာပဲရှိရှိ၊ လူတိုင်းဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို သွန်သင်ပြသပေးဖို့ကို ကျွန်ုပ်တို့ အဆက်မပြတ် ကြိုးစားနေပါတယ်။ You Version ဟာ Life Church (ဘဝအသင်းတော်)ရဲ့ကြိုးစားအားထုတ်မှုအသစ်ကို ကိုယ်စားပြုခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဆန်းသစ်တဲ့နည်းပညာကို အသုံးပြုပြီး ကမ္ဘာကြီးကို လွှမ်းမိုးဖို့ တန်ဆာပလာတစ်ခုအဖြစ် တီထွင်ခဲ့ရုံသာမက၊ ပိုပြီးအရေးကြီးတာက လူတွေဟာသမ္မာကျမ်းစာကို သူတို့ဘဝအတွက်ရှာဖွေဖို့အတွက် ကျွန်ုပ်တို့ဟာဘုရားသခင်နဲ့ လူတွေရဲ့ကြား ဆက်ဆံရေးကိုချိတ်ဆက်ပေးဖို့ ကူညီပေးနေပါတယ်။