1
ရှင်ယောဟန်ခရစ်ဝင် 12:26
မြန်မာ့စံမီသမ္မာကျမ်
မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။
နှိုင်းယှဉ်
ရှင်ယောဟန်ခရစ်ဝင် 12:26ရှာဖွေလေ့လာလိုက်ပါ။
2
ရှင်ယောဟန်ခရစ်ဝင် 12:25
မိမိအသက်ကိုတွယ်တာသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား ထိုအသက်ကို ထာဝရအသက်အတွက် စောင့်ရှောက်လိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် 12:25ရှာဖွေလေ့လာလိုက်ပါ။
3
ရှင်ယောဟန်ခရစ်ဝင် 12:24
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ဂျုံစေ့တစ်စေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် တစ်စေ့တည်းရှိနေ၏။ ပျက်စီးလျှင်မူကား များစွာသောအသီးကို ဖြစ်ထွန်းစေတတ်၏။
ရှင်ယောဟန်ခရစ်ဝင် 12:24ရှာဖွေလေ့လာလိုက်ပါ။
4
ရှင်ယောဟန်ခရစ်ဝင် 12:46
ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်ထဲ၌မနေရစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ။
ရှင်ယောဟန်ခရစ်ဝင် 12:46ရှာဖွေလေ့လာလိုက်ပါ။
5
ရှင်ယောဟန်ခရစ်ဝင် 12:47
တစ်စုံတစ်ယောက်သည် ငါ့စကားတို့ကိုကြားလျက် မစောင့်ထိန်း လျှင်လည်း ငါသည် ထိုသူကိုပြစ်ဒဏ်မစီရင်။ အကြောင်းမူကား ဤလောကကို ပြစ်ဒဏ်စီရင်ရန် ငါလာသည်မဟုတ်။ ဤလောကကို ကယ်တင်ရန် ငါလာ၏။
ရှင်ယောဟန်ခရစ်ဝင် 12:47ရှာဖွေလေ့လာလိုက်ပါ။
6
ရှင်ယောဟန်ခရစ်ဝင် 12:3
ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်နှစ်ဆယ်သားကိုယူ၍ ယေရှု၏ခြေတော်ကိုလိမ်းပြီးလျှင် မိမိဆံပင်နှင့် ခြေတော်ကိုသုတ်လေ၏။ ထိုဆီမွှေး၏ရနံ့သည်လည်း တစ်အိမ်လုံးပျံ့နှံ့သွား၏။
ရှင်ယောဟန်ခရစ်ဝင် 12:3ရှာဖွေလေ့လာလိုက်ပါ။
7
ရှင်ယောဟန်ခရစ်ဝင် 12:13
စွန်ပလွံခက်များကိုကိုင်ဆောင်လျက် ကိုယ်တော်ကိုကြိုဆိုရန် ထွက်သွားကြ၍ “ဟောရှဏ္ဏ၊ ထာဝရဘုရား၏နာမတော်အားဖြင့် ကြွလာတော်မူသောအရှင်၊ အစ္စရေးဘုရင်သည် မင်္ဂလာရှိစေသတည်း”ဟု ကြွေးကြော်ကြ၏။
ရှင်ယောဟန်ခရစ်ဝင် 12:13ရှာဖွေလေ့လာလိုက်ပါ။
8
ရှင်ယောဟန်ခရစ်ဝင် 12:23
ထိုအခါ ယေရှုက“လူ့သားကို ဘုန်းတော်ထင်ရှားစေမည့်အချိန် ရောက်လာပြီ။
ရှင်ယောဟန်ခရစ်ဝင် 12:23ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ