1
ဝတ်ပြုရာကျမ်း 19:18
မြန်မာ့စံမီသမ္မာကျမ်
သင်၏အမျိုးသားချင်းကို လက်တုံ့မပြန်ရ။ အငြိုးမထားရ။ ကိုယ့်အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
နှိုင်းယှဉ်
ဝတ်ပြုရာကျမ်း 19:18ရှာဖွေလေ့လာလိုက်ပါ။
2
ဝတ်ပြုရာကျမ်း 19:28
သေသောသူအတွက် သင်တို့အသားကို မခုတ်မရှရ။ သင်တို့ကိုယ်ပေါ်၌ ဆေးမင်ကြောင် မထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ဝတ်ပြုရာကျမ်း 19:28ရှာဖွေလေ့လာလိုက်ပါ။
3
ဝတ်ပြုရာကျမ်း 19:2
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုလော့။ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည်လည်း သန့်ရှင်းသောသူများဖြစ်ရမည်။
ဝတ်ပြုရာကျမ်း 19:2ရှာဖွေလေ့လာလိုက်ပါ။
4
ဝတ်ပြုရာကျမ်း 19:17
သင်၏ညီအစ်ကိုကို စိတ်ထဲ၌ အမုန်းမထားရ။ သင့်အိမ်နီးချင်းကြောင့် သင်အပြစ်မသင့်မည့်အကြောင်း သူ့ကို မဆုံးမဘဲမနေနှင့်။
ဝတ်ပြုရာကျမ်း 19:17ရှာဖွေလေ့လာလိုက်ပါ။
5
ဝတ်ပြုရာကျမ်း 19:31
သင်တို့သည်နတ်ဝင်သည်များနှင့် နတ်ထိန်းများအားဖြင့် ညစ်ညူးခြင်းသို့မရောက်အောင် သူတို့ထံသို့ မသွားနှင့်။ သူတို့ကို မမေးမြန်းနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ဝတ်ပြုရာကျမ်း 19:31ရှာဖွေလေ့လာလိုက်ပါ။
6
ဝတ်ပြုရာကျမ်း 19:16
သင်၏လူမျိုးတို့တွင် လှည့်လည်၍ သူတစ်ပါးအသရေပျက်အောင် မပြောရ။ သင်၏အိမ်နီးချင်းကို အသက်အန္တရာယ်ဖြစ်အောင် မပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ဝတ်ပြုရာကျမ်း 19:16ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ