1
ရှင်လုကာခရစ်ဝင် 9:23
မြန်မာ့စံမီသမ္မာကျမ်
ထို့နောက် လူအပေါင်းတို့အား“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။
နှိုင်းယှဉ်
ရှင်လုကာခရစ်ဝင် 9:23ရှာဖွေလေ့လာလိုက်ပါ။
2
ရှင်လုကာခရစ်ဝင် 9:24
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။
ရှင်လုကာခရစ်ဝင် 9:24ရှာဖွေလေ့လာလိုက်ပါ။
3
ရှင်လုကာခရစ်ဝင် 9:62
ယေရှုကလည်း“ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့်မထိုက်တန်”ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် 9:62ရှာဖွေလေ့လာလိုက်ပါ။
4
ရှင်လုကာခရစ်ဝင် 9:25
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း သူကိုယ်တိုင်ပျက်စီးလျှင်၊ သို့မဟုတ် ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။
ရှင်လုကာခရစ်ဝင် 9:25ရှာဖွေလေ့လာလိုက်ပါ။
5
ရှင်လုကာခရစ်ဝင် 9:26
မည်သူမဆို ငါနှင့်ငါ့တရားစကားအတွက်ရှက်လျှင် လူ့သားသည်လည်း မိမိ၏ဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေနှင့် သန့်ရှင်းသောကောင်းကင်တမန်များ၏ဘုန်းအသရေတို့ကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်။
ရှင်လုကာခရစ်ဝင် 9:26ရှာဖွေလေ့လာလိုက်ပါ။
6
ရှင်လုကာခရစ်ဝင် 9:58
ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်များရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် 9:58ရှာဖွေလေ့လာလိုက်ပါ။
7
ရှင်လုကာခရစ်ဝင် 9:48
“ဤသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။ အကြောင်းမူကား သင်တို့အားလုံးတွင် အငယ်ဆုံးသောသူသည် ကြီးမြတ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် 9:48ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ