1
ရှင်မာကုခရစ်ဝင် 14:36
မြန်မာ့စံမီသမ္မာကျမ်
“အို အဖခမည်းတော်၊ ကိုယ်တော်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်ပါ၏။ ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ”ဟု တောင်းလျှောက်တော်မူ၏။
နှိုင်းယှဉ်
ရှင်မာကုခရစ်ဝင် 14:36ရှာဖွေလေ့လာလိုက်ပါ။
2
ရှင်မာကုခရစ်ဝင် 14:38
ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် 14:38ရှာဖွေလေ့လာလိုက်ပါ။
3
ရှင်မာကုခရစ်ဝင် 14:9
သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် 14:9ရှာဖွေလေ့လာလိုက်ပါ။
4
ရှင်မာကုခရစ်ဝင် 14:34
“ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ သတိနှင့်စောင့်နေကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် 14:34ရှာဖွေလေ့လာလိုက်ပါ။
5
ရှင်မာကုခရစ်ဝင် 14:22
ထို့နောက် သူတို့စားလျက်နေကြစဉ် ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက်“ယူကြလော့။ ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏”ဟု မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် 14:22ရှာဖွေလေ့လာလိုက်ပါ။
6
ရှင်မာကုခရစ်ဝင် 14:23-24
ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် သူတို့အား ပေးတော်မူရာ သူတို့အားလုံးသည် ထိုခွက်ကိုသောက်ကြ၏။ ကိုယ်တော်ကလည်း“ဤသည်ကား လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။
ရှင်မာကုခရစ်ဝင် 14:23-24ရှာဖွေလေ့လာလိုက်ပါ။
7
ရှင်မာကုခရစ်ဝင် 14:27
ထိုအခါ ယေရှုက“ ‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးတို့သည် ကွဲလွင့်သွားကြရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ သင်တို့အားလုံးသည် စိတ်ပျက်ကြလိမ့်မည်။
ရှင်မာကုခရစ်ဝင် 14:27ရှာဖွေလေ့လာလိုက်ပါ။
8
ရှင်မာကုခရစ်ဝင် 14:42
ထကြ။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူရောက်လာပြီ”ဟု မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် 14:42ရှာဖွေလေ့လာလိုက်ပါ။
9
ရှင်မာကုခရစ်ဝင် 14:30
ယေရှုကလည်း“သင့်အား ငါအမှန်ဆိုသည်ကား ယနေ့၊ ဤညတွင်ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် 14:30ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ