1
သုတ္တံကျမ်း 11:25
မြန်မာ့စံမီသမ္မာကျမ်
စိတ်စေတနာကောင်းသောသူသည် ကြွယ်ဝ၍ ရေလောင်းပေးသောသူသည် ကိုယ်တိုင်လည်း ရေလောင်းပေးခြင်းကိုခံရလိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း 11:25ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 11:24
စွန့်ကြဲသော်လည်း ဥစ္စာပို၍တိုးပွားသူရှိ၏။ ပေးသင့်သည့်အရာကိုပင် ဆုပ်ကိုင်ထားသော်လည်း ချို့တဲ့နွမ်းပါးခြင်းသို့ရောက်သူလည်းရှိ၏။
သုတ္တံကျမ်း 11:24ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 11:2
မာနထောင်လွှားခြင်းလာသောအခါ အရှက်ကွဲခြင်းလိုက်လာတတ်၏။ ဉာဏ်ပညာကား စိတ်နှိမ့်ချသောသူတို့နှင့်အတူ လိုက်လာ၏။
သုတ္တံကျမ်း 11:2ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 11:14
လမ်းညွှန်မှုမရှိလျှင် လူမျိုးတစ်မျိုးသည် ကျဆုံးတတ်၏။ အကြံပေးသူများစွာရှိလျှင်မူကား အောင်မြင်တတ်၏။
သုတ္တံကျမ်း 11:14ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 11:30
ဖြောင့်မတ်သောသူ၏အသီးအပွင့်သည် အသက်ပင်သဖွယ်ဖြစ်၏။ စိတ်ဝိညာဉ်များကိုဆွဲဆောင်စည်းရုံးနိုင်သောသူသည် ပညာရှိဖြစ်၏။
သုတ္တံကျမ်း 11:30ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 11:13
အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကိုပေါက်ကြားစေတတ်၏။ ယုံကြည်စိတ်ချရသောစိတ်သဘောရှိသူမူကား အမှုကိစ္စကို ဖုံးကွယ်ထားတတ်၏။
သုတ္တံကျမ်း 11:13ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 11:17
မေတ္တာကရုဏာထားတတ်သောသူသည် ကိုယ့်ကိုယ်ကိုယ်အကျိုးပြုတတ်၏။ ရက်စက်သောသူမူကား ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးတတ်၏။
သုတ္တံကျမ်း 11:17ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း 11:28
မိမိ၏ဓနဥစ္စာကို ကိုးစားသောသူသည် ကျဆုံးလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သစ်ရွက်ကဲ့သို့ ပွင့်လန်းဝေဆာလိမ့်မည်။
သုတ္တံကျမ်း 11:28ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံကျမ်း 11:4
အမျက်တော်ထင်ရှားရာနေ့၌ စည်းစိမ်ဥစ္စာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှကယ်နုတ်တတ်၏။
သုတ္တံကျမ်း 11:4ရှာဖွေလေ့လာလိုက်ပါ။
10
သုတ္တံကျမ်း 11:3
ဖြောင့်မှန်သောသူတို့၏သမာဓိသည် သူတို့ကိုဦးဆောင်လမ်းပြတတ်၏။ သစ္စာမဲ့သောသူတို့၏ကောက်ကျစ်စဉ်းလဲခြင်းမူကား သူတို့ကိုဖျက်ဆီးတတ်၏။
သုတ္တံကျမ်း 11:3ရှာဖွေလေ့လာလိုက်ပါ။
11
သုတ္တံကျမ်း 11:22
အဆင်းလှသော်လည်း ဆင်ခြင်တုံတရားကင်းမဲ့သောမိန်းမသည် ဝက်နှာခေါင်း၌တပ်ထားသော ရွှေနှာဆွဲနှင့်တူ၏။
သုတ္တံကျမ်း 11:22ရှာဖွေလေ့လာလိုက်ပါ။
12
သုတ္တံကျမ်း 11:1
မမှန်ကန်သောချိန်ခွင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
သုတ္တံကျမ်း 11:1ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ