1
သုတ္တံကျမ်း 23:24
မြန်မာ့စံမီသမ္မာကျမ်
ဖြောင့်မတ်သောသူ၏ဖခင်သည် အလွန်ရွှင်လန်းလိမ့်မည်။ ပညာရှိသောသားကိုရသောသူသည်လည်း ထိုသားအတွက် ဝမ်းမြောက်လိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း 23:24ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 23:4
ချမ်းသာကြွယ်ဝစေရန် ပင်ပန်းကြီးစွာမပြုနှင့်။ သင်၏အသိဉာဏ်အားဖြင့် ထိုသို့ပြုခြင်းကိုရပ်တန့်လော့။
သုတ္တံကျမ်း 23:4ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 23:18
သို့ပြုလျှင် သင့်အတွက် အနာဂတ် မုချရှိလိမ့်မည်။ သင်၏မျှော်လင့်ခြင်းသည်လည်း ဖျက်ဆီးခြင်းခံရလိမ့်မည်မဟုတ်။
သုတ္တံကျမ်း 23:18ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 23:17
သင်၏စိတ်နှလုံးသည် အပြစ်သားတို့ကို မငြူစူနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့၍သာနေလော့။
သုတ္တံကျမ်း 23:17ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 23:13
ကလေးသူငယ်ကို ဆုံးမပဲ့ပြင်ခြင်းမပြုဘဲမနေနှင့်။ သူ့ကိုကြိမ်လုံးနှင့်ရိုက်သော်လည်း သူမသေနိုင်။
သုတ္တံကျမ်း 23:13ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 23:12
ဆုံးမပဲ့ပြင်ခြင်းကို နှလုံးသွင်း၍ အသိပညာစကားတို့ကို နားစွင့်လော့။
သုတ္တံကျမ်း 23:12ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 23:5
ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ ၎င်းသည် ရှိတော့မည်မဟုတ်။ အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍ လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
သုတ္တံကျမ်း 23:5ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း 23:22
သင့်ကိုမွေးဖွားလာစေသော သင့်ဖခင်၏စကားကို နားထောင်လော့။ သင့်မိခင်အိုမင်းသောအခါလည်း မထီမဲ့မြင်မပြုနှင့်။
သုတ္တံကျမ်း 23:22ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ