1
ဆာလံကျမ်း 71:5
မြန်မာ့စံမီသမ္မာကျမ်
အကြောင်းမူကား အို ဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏မျှော်လင့်ရာဖြစ်ပါ၏။ အကျွန်ုပ်ပျိုရွယ်စဉ်မှစ၍ အကျွန်ုပ်၏ကိုးစားရာဖြစ်ပါ၏။
နှိုင်းယှဉ်
ဆာလံကျမ်း 71:5ရှာဖွေလေ့လာလိုက်ပါ။
2
ဆာလံကျမ်း 71:3
အကျွန်ုပ်အစဉ်မပြတ်ဝင်ရောက်မှီခိုနိုင်သောကျောက်ဆောင်ဖြစ်တော်မူပါ။ အကျွန်ုပ်ကိုကယ်တင်ရန် ကိုယ်တော်အမိန့်ရှိတော်မူပြီ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်နှင့် အကျွန်ုပ်၏ရဲတိုက်ဖြစ်ပါ၏။
ဆာလံကျမ်း 71:3ရှာဖွေလေ့လာလိုက်ပါ။
3
ဆာလံကျမ်း 71:14
အကျွန်ုပ်မူကား ကိုယ်တော်ကို အစဉ်မပြတ်မျှော်လင့်ကိုးစား၍ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ပို၍ပို၍ချီးမွမ်းပါမည်။
ဆာလံကျမ်း 71:14ရှာဖွေလေ့လာလိုက်ပါ။
4
ဆာလံကျမ်း 71:1
အို ထာဝရဘုရား၊ ကိုယ်တော်၌အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကို မည်သည့်အခါမျှ အရှက်တကွဲဖြစ်စေတော်မမူပါနှင့်။
ဆာလံကျမ်း 71:1ရှာဖွေလေ့လာလိုက်ပါ။
5
ဆာလံကျမ်း 71:8
အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်နှင့် ကိုယ်တော်၏ဘုန်းအသရေတော်ဖြင့် တစ်နေ့လုံးပြည့်လျက်ရှိပါ၏။
ဆာလံကျမ်း 71:8ရှာဖွေလေ့လာလိုက်ပါ။
6
ဆာလံကျမ်း 71:15
ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်ကယ်တင်ခြင်းကို အကျွန်ုပ် အကုန်အစင်မသိနိုင်သော်လည်း အကျွန်ုပ်၏နှုတ်သည် ထိုအကြောင်းတို့ကို တစ်နေ့လုံးပြောကြားပါမည်။
ဆာလံကျမ်း 71:15ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ