YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 32:6-9

ယောဘဝတ္ထု 32:6-9 MSBZ

ထို့ကြောင့် ဗုဇ​အမျိုး​၊ ဗာရခေလ​၏​သား ဧလိဟု​က “​အကျွန်ုပ်​သည် အသက်ငယ်​၍ သင်​တို့​သည် အသက်ကြီး​သောကြောင့် အကျွန်ုပ်​၏​ထင်မြင်ချက်​ကို ထုတ်ဖော်ပြ​ဖို့ ကြောက်ရွံ့​လျက် မဝံ့မရဲ ဖြစ်​ရ​ပါ​၏​။ ‘အသက်ကြီးသူ​သည် ပြောဆို​သင့်​၏​၊ နှစ်​ပေါင်း​များစွာ​အသက်ရှင်​ခဲ့​သူ​သည် ဉာဏ်ပညာ​အကြောင်း​ကို သွန်သင်​ပေး​သင့်​၏’​ဟု အကျွန်ုပ်​တွေး​မိ​ပါ​၏​။ သို့သော် လူ​၌ ဝိညာဉ်​ရှိ​၏​။ အနန္တတန်ခိုးရှင်​၏​ဝိညာဉ်​တော်​သည် လူ​တို့​အား နားလည်နိုင်စွမ်း​ကို ပေး​တော်မူ​ပါ​၏​။ အသက်ကြီး​တိုင်း ပညာရှိ​သည်​မ​ဟုတ်​။ သက်ကြီးဝါကြီး​တိုင်း အမှန်တရား​ကို နားလည်​သည်​မ​ဟုတ်​။

ယောဘဝတ္ထု 32:6-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။