ရှင်မာကုခရစ်ဝင် 15:42-45
ရှင်မာကုခရစ်ဝင် 15:42-45 MSBZ
ထိုနေ့သည် ပြင်ဆင်ရာနေ့တည်းဟူသော အဖိတ်နေ့ဖြစ်သဖြင့် ညနေချမ်းအချိန်ရောက်သောအခါ ဂုဏ်သရေကြီးမြင့်သော လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်သော အရိမသဲမြို့သားယောသပ်သည်ရောက်လာ၍ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်ကာ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် ယေရှုသေဆုံးပြီလောဟုအံ့ဩ၍ တပ်မှူးကိုခေါ်လျက် ယေရှုသေဆုံးပြီဖြစ်ကြောင်း ဟုတ်၊ မဟုတ်မေးလေ၏။ တပ်မှူးထံမှ ဟုတ်မှန်ကြောင်းသိရလျှင် အလောင်းတော်ကို ယောသပ်အားပေးလေ၏။