YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 122

122
ဂျေရုဆလင်အတွက် ဆုတောင်းခြင်း
ဒါဝိဒ်​၏​အတက်လမ်း​သီချင်း
1“​ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​ကြ​ကုန်စို့​”​ဟု
ငါ့​ကို​ပြော​ကြ​သောအခါ ငါ​သည် ဝမ်းမြောက်​၏​။
2အို ဂျေရုဆလင်​မြို့​၊ ငါ​တို့​၏​ခြေ​သည်
သင်​၏​တံခါး​တို့​အတွင်း​၌ ရပ်​နေ​ကြ​၏​။
3ဂျေရုဆလင်​မြို့​ကို ကျစ်လျစ်​စုစည်း​သော​မြို့​အဖြစ်
တည်ဆောက်​ထား​၏​။
4လူမျိုးစု​တည်းဟူသော ထာဝရဘုရား​၏​လူမျိုးစု​တို့​သည်
အစ္စရေး​အမျိုး​၌​ထားရှိ​တော်မူ​သော သက်သေခံချက်​နှင့်အညီ
ထာဝရဘုရား​၏​နာမ​တော်​ကို​ချီးမွမ်း​ရန် ထို​အရပ်​သို့​တက်သွား​ကြ​၏​။
5အကြောင်းမူကား ထို​အရပ်​၌ တရားစီရင်​ရာ​ပလ္လင်​များ​တည်းဟူသော
ဒါဝိဒ်​အမျိုးအနွယ်​၏​ပလ္လင်​များ​ရှိ​၏​။
6-7“​သင့်​ကို​မြတ်နိုး​သော​သူ​တို့​သည် ကောင်းစား​ကြ​ပါစေသော​။
သင်​၏​တံတိုင်း​အတွင်း​၌ ငြိမ်းချမ်းသာယာ​ခြင်း​ရှိ​ပါစေသော​။
သင်​၏​ခံတပ်​များ​အတွင်း​၌ လုံခြုံစိတ်ချမှု​ရှိ​ပါစေသော​”​ဟု ဂျေရုဆလင်​မြို့​၏​ငြိမ်းချမ်းသာယာ​ခြင်း​အတွက် ဆုတောင်း​ကြ​လော့​။
8ငါ​၏​ညီအစ်ကို​များ​နှင့် ငါ​၏​မိတ်ဆွေ​များ​ကို ထောက်ထား​၍
“​သင့်​အထဲ​၌ ငြိမ်းချမ်းမှု​ရှိ​ပါစေသော​”​ဟု ငါ​ဆို​မည်​။
9ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​အိမ်​တော်​ကို​ထောက်ထား​၍
သင်​၏​ကောင်းကျိုးချမ်းသာ​ကို ငါ​ရှာ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 122: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ