ဝတ်ပြု 12
12
သားဖွားပြီးစအမျိုးသမီးသန့်စင်ခြင်းနှင့် ဆိုင်ရာပညတ်များ
1-2ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့လိုက်နာရန်အောက်ပါပညတ်များကို မောရှေမှတစ်ဆင့်ချမှတ်ပေးတော်မူ၏။ အမျိုး သမီးတစ်ဦးသည်ဓမ္မတာရာသီပေါ်ချိန်၌ မသန့်ရှင်းသကဲ့သို့ သားယောကျာ်းကိုဖွားမြင် ပြီးခုနစ်ရက်အတွင်းတွင်ဘာသာရေးထုံး နည်းအရမသန့်ရှင်းချေ။- 3အဋ္ဌမနေ့၌အရေဖျားလှီးခြင်းမင်္ဂလာကို သားအားပေးရမည်။-#က၊ ၁၇:၁၂။ လု၊ ၂:၂၁။ 4မိခင်သည်နောက်ထပ်သုံးဆယ့်သုံးရက်အတွင်း ဘာသာရေးထုံးနည်းအရမသန့်ရှင်းသဖြင့် သွေးသန့်သည့်ကာလမတိုင်မီသန့်ရှင်းသော အရာတစ်စုံတစ်ခုကိုမထိမကိုင်ရ။ တဲ တော်အတွင်းသို့လည်းမဝင်ရ။
5သမီးကိုဖွားမြင်သောအမျိုးသမီးသည် ဓမ္မ တာရာသီပေါ်ချိန်၌မသန့်ရှင်းသကဲ့သို့ မီး ဖွားပြီးတစ်ဆယ့်လေးရက်အတွင်းဘာသာ ရေးထုံးနည်းအရမသန့်ရှင်းချေ။ မိခင်သည် သွေးသန့်သည့်ကာလမတိုင်မီ နောက်ထပ်ခြောက် ဆယ့်ခြောက်ရက်အတွင်းဘာသာရေးထုံးနည်း အရမသန့်ရှင်းချေ။
6မိခင်သည်သားကိုဖွားမြင်သည်ဖြစ်စေ၊ သမီးကို ဖွားမြင်သည်ဖြစ်စေသွေးမသန့်သည့်ကာလပြီး ဆုံးသောအခါ မီးရှို့ရာယဇ်ပူဇော်ရန်တစ်နှစ်သား သိုးကလေးကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ပူ ဇော်ရန် ချိုးသို့မဟုတ်ခိုတစ်ကောင်ကိုလည်းကောင်း ထာဝရဘုရားစံတော်မူရာတဲတော်တံခါးဝ သို့ယူဆောင်ခဲ့၍ယဇ်ပုရောဟိတ်ထံအပ်ရမည်။- 7ယဇ်ပုရောဟိတ်သည်ထိုယဇ်များကို ထာဝရ ဘုရားအားပူဇော်လျက် မိခင်အတွက်သန့်ရှင်း စေခြင်းဝတ်ကိုဆောင်ရွက်သဖြင့် မိခင်သည် ဘာသာရေးထုံးနည်းအရသန့်ရှင်းလာလိမ့် မည်။ ဤပညတ်ကားသားဖွားပြီးအမျိုး သမီးတို့လိုက်နာရမည့်ပညတ်ဖြစ်သတည်း။
8မိခင်သည်သိုးကလေးကိုမပူဇော်နိုင်လျှင် ချိုး နှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကိုယူခဲ့ရမည်။ တစ်ကောင်သည်မီးရှို့ရာယဇ်အတွက်ဖြစ်၍ အ ခြားတစ်ကောင်သည်အပြစ်ဖြေရာယဇ်အတွက် ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်မိခင်အတွက် သန့်ရှင်းစေခြင်းဝတ်ကိုဆောင်ရွက်သဖြင့် မိခင် သည်ဘာသာရေးထုံးနည်းအရသန့်ရှင်းလာ လိမ့်မည်။-#လု၊ ၂:၂၄။
လက်ရှိရွေးချယ်ထားမှု
ဝတ်ပြု 12: MCLZV
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Myanmar Common Language Bible Zawgyi Version © Bible Society of Myanmar, 2020.

: