YouVersion လိုဂို
ရှာရန် အိုင်ကွန်

Matthew 4

4
1ထို့နောက်ဘုရားရှင်၏ဝိညာဉ်တော်သည် ကိုယ်တော်ယေရှုအား မာရ်နတ်ဖြင့် စမ်းသပ်သွေးဆောင်ရန် သဲကန္တာရကြီးထဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။ 2.ကိုယ်တော်ယေရှုသည် ရက်ပေါင်းလေးဆယ်လုံးလုံး နေ့ရောညပါ အစားအစာ လုံးဝမသုံးဆောင်ဘဲ နေသောအခါ သူသည် အလွန်ဆာလောင်လာ၏။ 3.ထို့နောက်မာရ်နတ်က ကိုယ်တော်အား “အရှင်ဟာ ဘုရားသားတော်ဆိုရင် ဒီကျောက်တုံးကျောက်ခဲတွေကို ပေါင်မုန့်ဖြစ်စေဟု အမိန့်ပေးလိုက်ပါ” ဟုပြောလေသည်။ 4.ထိုအခါကိုယ်တော်က နှုတ်ကပတ်တော်ကျမ်းစာမှာ ဖော်ပြထားတာကတော့ “ဘယ်သူမဆို အစာအာဟာရတစ်ခုတည်းအတွက် အသက်ရှင်ရမှာ မဟုတ်ဘူး၊ လူတိုင်း ဘုရားရှင်မိန့်တော်မူခဲ့တဲ့ တရားတော် တွေကို လိုက်နာရမယ်” ဟုမိန့်တော်မူလေသည်။ 5ထို့နောက် မာရ်နတ်သည် ကိုယ်တော်ယေရှုအားမြင့်မြတ်သော မြို့တော်ကို ခေါ်ဆောင်သွားပြီး ဗိမာန်တော်၏ အမြင့်ဆုံးနေရာတွင် မတ်တပ်ရပ်စေပြီး 6.“အရှင် ဟာ ဘုရားသားတော်ဆိုရင် ဒီနေရာကခုန်ချလိုက်ပါ၊ဘုရားရှင်က အရှင့်ကို စောင့်‌ရှောက်ဖို့ သူ့ရဲ့နတ်ဒေဝါတွေကို မှာထားပါလိမ့်မယ်။ သူ့ရဲ့နတ်ဒေဝါတွေက လည်း သူတို့ရဲ့ လက်နဲ့ပွေ့ချီထားမှာဖြစ်တဲ့အတွက် အရှင်ရဲ့ခြေထောက်တွေဟာကျောက်တုံးတွေနဲ့ထိမှာမဟုတ်ဘူး”ဟု ကျမ်းချက်ကိုညွှန်းဆို၍ သွေးဆောင်ပြောပြန်လေ၏။ 7ကိုယ်တော်က “အရှင် ဘုရား ၏ ဘုန်းတန်ခိုးတော်ကို မစမ်းသပ်ရ"လို့ ကျမ်းမှာဖော်ပြထားပါတယ်"ဟု ပြောလိုက်လေသည်။ 8နောက်ဆုံးတွင် မာရ်နတ်သည် ကိုယ်တော်ယေရှုအား အလွန်မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်၍ ကမ္ဘာလောကရှိ တိုင်းနိုင်ငံများနှင့် ထိုနိုင်ငံတို့၏ ကြီးကျယ်ခမ်းနားပုံတို့ကို လိုက်လံပြသလေသည်။ 9.မာရ်နတ်က "တကယ်လို့ အရှင်ဟာ ငါ့ကို ဦးညွှတ်ရှိခိုး ရင် ဒီတိုင်းနိုင်ငံတွေအားလုံးကို ပေးမယ်” ဟုပြောလိုက် လေသည်။ 10ကိုယ်တော်က “စေတန်မာရ်နတ် ဒီနေရာက ထွက်သွားပါ၊" သင်၏ အရှင်ဘုရားကိုသာဦးညွှတ်ရှိခိုးကိုးကွယ်ပြီး ၊အမှုတော်ထမ်းဆောင်ရမည်” လို့ကျမ်းမှာဖော်ပြထားပါတယ်"ဟု ပြန်လည်မိန့်တော်မူလိုက်လေသည်။ 11.ထိုအခါ မာရ်နတ်သည် အဝေးသို့ထွက်ခွာသွားသည်နှင့်ချက်ချင်း နတ်စေတမန်တို့သည် ကိုယ်တော်ယေရှုအား စောင့်ရှောက်ရန် ရောက်လာကြ လေသည်။ 12ကိုယ်တော်ယေရှုသည်အရှင်ယောဟန်ကို အကျဉ်းချထားကြောင်း ကြားတော်မူလျှင် ကပေရနောင်အရပ်ဒေသသို့ ကြွရောက်လေသည်။ 13.သူသည် နာဇရပ်မြို့မှထွက်ခွာ၍ ဂါလိလဲရေအိုင်အနီး ကပေရနောင်မြို့တွင် နေတော်မူလေသည်။ ၎င်းဒေသသည် ဇာဗုလုန်နယ်နှင့် နဿလိနယ် အနီးတွင် တည်ရှိ၏။ 14ပရောဖက် ဟေရှာယကျမ်းတွင် ဖော်ပြပါရှိသော ဘုရားရှင်၏ ဗျာဒိတ်တော်လာအရ 15.“ ဇာဗုလုန်၊ နဿလိနယ်ပင်လယ်ကမ်းခြေတလျှောက်အရပ်ဒေသ၊ယော်ဒန်မြစ်အရှေ့ဘက် အရပ်ဒေသ၊ဂါလိလဲဒေသနှင့် တစ်ပါးသောလူမျိုးတို့၏ ဒေသမှလူများတို့ နားထောင်ကြပါ 16.ဘုရားရှင်နှင့်ပက်သက်သောသမ္မာတရားများကိုမသိ၍မှောင်မိုက်ခြင်းအောက်သို့ရောက် နေသော သူတို့သည် ဘုရားရှင်အကြောင်းနှင့်ပက်သက်၍သမ္မာတရား၏ကြီးမြတ်တော်မူသောအလင်းရောင်ကို မြင်တွေ့ရပါလိမ့်မည်။ သေခြင်းတရား၏ အရိပ်အောက်တွင် နေထိုင်ကြသူအပေါင်းတို့ သင်တို့အပေါ်သို့ သမ္မာတရား၏ အလင်းရောင်ထွန်းလင်းလာပါတော့မည်”ဟု ကျမ်းစာတွင် ဖော်ပြထားပါသည်။ 17ထိုအခါမှစ၍ ကိုယ်တော်ယေရှုက “နောင်တရကြပါ။ ဘုရားရှင်ရဲ့သာသနာတော် ထွန်းကားလာတော့မယ်။” ဟုဟောပြောတော် မူလေသည်။ 18ကိုယ်တော်ယေရှုသည် ဂါလိလဲကမ်းခြေတစ်လျှောက် ကြွရောက်တော်မူသောအခါတွင် သူသည် ညီအစ်ကို နှစ်ယောက်ဖြစ်သော ရှိမုန်(ပေတရု)နှင့် ရှိမုန်၏ညီ အန္ဒြေတို့ကို တွေ့မြင်လေ၏။ ထိုညီအစ်ကိုနှစ်ယောက် တို့သည် ငါးဖမ်းသမား(တံငါသည်)များ ဖြစ်ကြသောကြောင့် ရေအိုင်ထဲမှ ငါးများကို ပိုက်ကွန်ဖြင့် ဖမ်းယူနေကြသည်။ 19.ကိုယ်တော်ယေရှုက “ကိုယ်တော့်နောက်ကိုလိုက်ခဲ့ကြပါ၊ ငါ မင်းတို့ကို ငါးတွေကိုဖမ်းသလိုလူတွေကိုစုရုံးနိုင်ဖို့သင်ပေးမယ်”ဟုပြောသောအခါ 20.ချက်ခြင်းပင်လျှင် ညီအစ်ကိုနှစ်ယောက်တို့သည် သူတို့၏ ပိုက်ကွန်များကို စွန့်ပစ်ထားခဲ့ကြပြီး ကိုယ်တော့်နောက်သို့ လိုက်လာခဲ့ကြ လေသည်။ 21ကိုယ်တော်ယေရှုသည် ဆက်လက်၍ ခရီး ထွက်ခွာလာရာ ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့ကို တွေ့မြင်လေသည်။ သူတို့သည် လှေထဲတွင် သူတို့၏ဖခင်နှင့်အတူ ပိုက်ကွန်များကို ဖာထေးပြုပြင် နေကြသည်။ 22.ကိုယ်တော်ယေရှုက ထိုညီအစ်ကို နှစ်ယောက်ကို လိုက်ခဲ့ရန်ပြောလိုက်ရာ သူတို့၏ ဖခင်နှင့်လှေကိုထားရစ်ခဲ့ပြီး ကိုယ်တော်ယေရှုနောက်သို့ချက်ချင်း လိုက်သွားကြလေသည်။ 23ကိုယ်တော်ယေရှုသည် ဂါလိလဲဒေသတစ်ဝိုက်ရှိ လူအပေါင်းတို့ကို ယုဒလူမျိုးတို့ တရားဇရပ်များတွင် နိဗ္ဗာန်ရွှေမြို့တော်အကြောင်း မင်္ဂလာသတင်းကောင်းများကို ဟောပြောတော်မူလေသည်။ သူသည် အနာရောဂါအမျိုးမျိုး နှိပ်စက်ခြင်းကြောင့် မကျန်းမာသောသူတို့အား ကုသပေးတော်မူ၏။ 24.ဤကဲ့သို့သော သတင်းကောင်းသည် ရှုရိပြည် တစ်လျှောက်တွင် ပြန့်နှံ့သွားလေ၏။ သူတို့သည် ကိုယ်တော်ယေရှုထံသို့ အနာရောဂါအမျိုးမျိုး ခံစားနေရသောလူနာများကို ခေါ်ဆောင် လာကြသည်။ မကောင်းဆိုးဝါးပူးခံနေရသူများ၊ ရူးသွပ် နေသူများ၊ ချိနဲ့နေပြီး လမ်းမလျှောက်နိုင်သူများ အားလုံးတို့ကို ကိုယ်တော်ယေရှု ကုသပေးတော်မူရာ ရောဂါဝေဒနာများ ပျောက်ကင်း သွားလေတော့သည်။ 25.ဒေကာပေါလိ ပြည်နယ်တွင်ပါဝင်သော မြို့နယ်ဆယ်မြို့နယ် ပတ်ဝန်းကျင်နှင့် ဂါလိလဲမြို့မှ ကြီးမားသောလူအုပ်ကြီးသည် ကိုယ်တော့်နောက်သို့ လိုက်လာကြလေသည်။ ထိုသူတို့ထဲတွင် ယေရုရှလင်၊ ယုဒပြည်နှင့် ယော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူတို့လည်း ပါဝင်ကြသည်။

လက်ရှိရွေးချယ်ထားမှု

Matthew 4: TPV-RV

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ