ထိုအခါ ရှမွေလက ရှောလုမင်းကြီးအား “သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားမိန့်မှာထားသောပညတ်တော်တို့ကို မစောင့်ထိန်းဘဲ မိုက်မဲစွာပြုမိလေပြီတကား။ စောင့်ထိန်းခဲ့လျှင် အစ္စရေးနိုင်ငံအား အစဉ်အုပ်စိုးရသောအခွင့်ကို သင့်အား ထာဝရဘုရားပေးတော်မူမည်သာဖြစ်၏။ ယခုမှာ သင့်အား ထာဝရဘုရား မိန့်မှာထားသည့်အတိုင်း သင်မစောင့်ထိန်းသောကြောင့် သင်၏နိုင်ငံ တည်မြဲမည်မဟုတ်။ ထာဝရဘုရားသည် မိမိစိတ်နှင့်တွေ့သောသူကို ရှာတော်မူပြီ။ ထာဝရဘုရားသည် ထိုသူအား မိမိလူမျိုးတော်ကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူလိမ့်မည်”ဟု ဆို၏။