သင်၏အသက်ပျိုရွယ်သောနေ့ရက်များ၌ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။ ဘေးဒုက္ခခံရာနေ့ရက်များရောက်လာသဖြင့် “ငါ၌မည်သည့်ပျော်ရွှင်မှုမျှမရှိ”ဟု သင်ပြောဆိုသောနှစ်ကာလများမကျရောက်မီ၊ နေနှင့်အလင်း၊ လနှင့်ကြယ်တို့ မှောင်မသွားမီ၊ မိုးရွာပြီးနောက် တိမ်တိုက်များပြန်မလာမီ ကိုယ်တော်ကိုအောက်မေ့လော့။