1
ဟေရှာယအနာဂတ္တိကျမ်း 26:3
မြန်မာ့စံမီသမ္မာကျမ်း
စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်ကိုယုံကြည်ကိုးစားသောကြောင့် ကိုယ်တော်သည် သူ့ကိုစောင့်ရှောက်၍ ငြိမ်သက်ခြင်းအတိ ရှိစေတော်မူမည်။
နှိုင်းယှဉ်
ဟေရှာယအနာဂတ္တိကျမ်း 26:3ရှာဖွေလေ့လာလိုက်ပါ။
2
ဟေရှာယအနာဂတ္တိကျမ်း 26:4
ထာဝရဘုရားကို အစဉ်ယုံကြည်ကိုးစားကြလော့။ ထာဝရဘုရားသည် အစဉ်အမြဲတည်သောကျောက်ဖြစ်တော်မူ၏။
ဟေရှာယအနာဂတ္တိကျမ်း 26:4ရှာဖွေလေ့လာလိုက်ပါ။
3
ဟေရှာယအနာဂတ္တိကျမ်း 26:9
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ညအချိန်၌ ကိုယ်တော်ကို တောင့်တပါ၏။ အကျွန်ုပ်အထဲရှိ ဝိညာဉ်သည်လည်း ကိုယ်တော့်ကို ကြိုးစားရှာပါ၏။ ကမ္ဘာမြေကြီးကို ကိုယ်တော်တရားစီရင်တော်မူသောအခါ လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကို သင်ယူကြပါ၏။
ဟေရှာယအနာဂတ္တိကျမ်း 26:9ရှာဖွေလေ့လာလိုက်ပါ။
4
ဟေရှာယအနာဂတ္တိကျမ်း 26:12
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူပါပြီ။ အကယ်စင်စစ် အကျွန်ုပ်တို့၏အမှုရှိသမျှတို့ကို အကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုတော်မူပါပြီ။
ဟေရှာယအနာဂတ္တိကျမ်း 26:12ရှာဖွေလေ့လာလိုက်ပါ။
5
ဟေရှာယအနာဂတ္တိကျမ်း 26:8
အို ထာဝရဘုရား၊ ကိုယ်တော်၏တရားလမ်း၌ ကိုယ်တော်ကို အကျွန်ုပ်တို့စောင့်မျှော်ကြပါ၏။ ကိုယ်တော်၏နာမတော်၊ ကိုယ်တော်ပြုတော်မူသော အမှတ်ရစရာကို ကျွန်ုပ်တို့၏စိတ်ဝိညာဉ် တောင့်တပါ၏။
ဟေရှာယအနာဂတ္တိကျမ်း 26:8ရှာဖွေလေ့လာလိုက်ပါ။
6
ဟေရှာယအနာဂတ္တိကျမ်း 26:7
ဖြောင့်မတ်သောသူသွားရာလမ်းခရီးသည် ညီညာ၏။ အို ဖြောင့်မတ်တော်မူသောအရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူသွားရာလမ်းကို ဖြောင့်ဖြူးစေတော်မူ၏။
ဟေရှာယအနာဂတ္တိကျမ်း 26:7ရှာဖွေလေ့လာလိုက်ပါ။
7
ဟေရှာယအနာဂတ္တိကျမ်း 26:5
ကိုယ်တော်သည် မြင့်ရာအရပ်၌နေသောသူတို့ကို နှိမ့်ချတော်မူ၏။ မြင့်မားသောမြို့ကို နိမ့်ကျစေတော်မူ၏။ ထိုမြို့ကို မြေကြီးတိုင်အောင်နိမ့်ကျစေတော်မူ၏။ မြေမှုန့်တိုင်အောင်ရောက်စေတော်မူ၏။
ဟေရှာယအနာဂတ္တိကျမ်း 26:5ရှာဖွေလေ့လာလိုက်ပါ။
8
ဟေရှာယအနာဂတ္တိကျမ်း 26:2
မြို့တံခါးတို့ကို ဖွင့်ကြလော့။ သစ္စာစောင့်ထိန်း၍ ဖြောင့်မတ်သောလူမျိုးဝင်လာမည်။
ဟေရှာယအနာဂတ္တိကျမ်း 26:2ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ