1
သုတ္တံကျမ်း 15:1
မြန်မာ့စံမီသမ္မာကျမ်း
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
နှိုင်းယှဉ်
သုတ္တံကျမ်း 15:1ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 15:33
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
သုတ္တံကျမ်း 15:33ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 15:4
ညင်သာသောလျှာသည် အသက်ပင်သဖွယ်ဖြစ်၏။ ကောက်ကျစ်စဉ်းလဲသောလျှာမူကား စိတ်ကိုကြေကွဲစေတတ်၏။
သုတ္တံကျမ်း 15:4ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 15:22
ဆွေးနွေးတိုင်ပင်ခြင်းမရှိလျှင် အကြံအစည်များပျက်တတ်၏။ အကြံပေးသူများစွာရှိလျှင်မူကား အကြံအစည်ထမြောက်တတ်၏။
သုတ္တံကျမ်း 15:22ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 15:13
ဝမ်းမြောက်သောစိတ်နှလုံးသည် မျက်နှာကိုရွှင်လန်းစေတတ်၏။ သို့သော် ဝမ်းနည်းပူဆွေးသောစိတ်နှလုံးကြောင့် စိတ်ထိခိုက်နာကျင်ရတတ်၏။
သုတ္တံကျမ်း 15:13ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 15:3
ထာဝရဘုရား၏မျက်စိတော်သည် နေရာတိုင်း၌ရှိ၍ မကောင်းမှုပြုသောသူတို့နှင့် သူတော်ကောင်းတို့ကို စောင့်ကြည့်နေတော်မူ၏။
သုတ္တံကျမ်း 15:3ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 15:16
ဥစ္စာဘဏ္ဍာအနည်းငယ်သာရှိပြီး ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဥစ္စာဘဏ္ဍာများစွာရှိပြီး ရှုပ်ထွေးသောပြဿနာနှင့်ကြုံရခြင်းထက် ပို၍ကောင်း၏။
သုတ္တံကျမ်း 15:16ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း 15:18
ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
သုတ္တံကျမ်း 15:18ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံကျမ်း 15:28
ဖြောင့်မတ်သောသူ၏စိတ်နှလုံးသည် မည်သို့ဖြေကြားရမည်ကို တွေးဆတတ်၏။ ဆိုးယုတ်သောသူတို့၏နှုတ်မူကား မကောင်းသောအရာများကို သွန်ထုတ်တတ်၏။
သုတ္တံကျမ်း 15:28ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ