1
သုတ္တံကျမ်း 16:3
မြန်မာ့စံမီသမ္မာကျမ်း
သင်ပြုသောအမှုတို့ကို ထာဝရဘုရားထံအပ်နှံလော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း 16:3ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 16:9
လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။
သုတ္တံကျမ်း 16:9ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 16:24
နှစ်လိုဖွယ်စကားတို့သည် ပျားလပို့မှပျားရည်ကဲ့သို့ စိတ်ဝိညာဉ်၌ချိုမြိန်၍ အရိုးကိုကျန်းမာစေတတ်၏။
သုတ္တံကျမ်း 16:24ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 16:1
စိတ်နှလုံး၏တွေးတောကြံစည်မှုတို့သည် လူနှင့်ဆိုင်၏။ လျှာဖြေကြားသောစကားမူကား ထာဝရဘုရားထံတော်မှလာ၏။
သုတ္တံကျမ်း 16:1ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 16:32
စိတ်ရှည်သောသူသည် သူရဲကောင်းထက် ပို၍ကောင်း၏။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်သောသူသည်လည်း မြို့ကိုသိမ်းပိုက်နိုင်သောသူထက် ပို၍ကောင်း၏။
သုတ္တံကျမ်း 16:32ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 16:18
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
သုတ္တံကျမ်း 16:18ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 16:2
လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို သန့်ရှင်းစင်ကြယ်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်သဘောကိုချိန်တွယ်တော်မူ၏။
သုတ္တံကျမ်း 16:2ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း 16:20
နှုတ်ကပတ်တော်ကို ဂရုပြုသောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရလိမ့်မည်။ ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူသည်လည်း မင်္ဂလာရှိလိမ့်မည်။
သုတ္တံကျမ်း 16:20ရှာဖွေလေ့လာလိုက်ပါ။
9
သုတ္တံကျမ်း 16:8
တရားသဖြင့်ရသော အမြတ်အစွန်းအနည်းငယ်သည် မတရားသဖြင့်ရသော အမြတ်အစွန်းများစွာထက် ပို၍ကောင်း၏။
သုတ္တံကျမ်း 16:8ရှာဖွေလေ့လာလိုက်ပါ။
10
သုတ္တံကျမ်း 16:25
လူ့အမြင်၌ မှန်သောလမ်းဖြစ်သော်လည်း အဆုံး၌ သေခြင်းသို့ရောက်စေသောလမ်းရှိ၏။
သုတ္တံကျမ်း 16:25ရှာဖွေလေ့လာလိုက်ပါ။
11
သုတ္တံကျမ်း 16:28
ဖောက်ပြန်လွဲမှားသောသူသည် အငြင်းပွားမှုကိုဖြစ်ပွားစေတတ်၏။ အတင်းအဖျင်းပြောဆိုသောသူသည်လည်း အပေါင်းအဖော်ကိုကွဲပြားစေတတ်၏။
သုတ္တံကျမ်း 16:28ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ