1
သုတ္တံကျမ်း 17:17
မြန်မာ့စံမီသမ္မာကျမ်း
မိတ်ဆွေသည် အစဉ်အမြဲ ချစ်ခင်တတ်၏။ ညီအစ်ကိုသည်လည်း ဆင်းရဲဒုက္ခရောက်ချိန်အတွက် မွေးဖွားလာ၏။
နှိုင်းယှဉ်
သုတ္တံကျမ်း 17:17ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 17:22
ဝမ်းမြောက်သောစိတ်နှလုံးသည် ဆေးကောင်းတစ်လက်ဖြစ်၏။ စိတ်ထိခိုက်နာကျင်ခြင်းမူကား အရိုးကိုခြောက်သွေ့စေတတ်၏။
သုတ္တံကျမ်း 17:22ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 17:9
သူတစ်ပါးကျူးလွန်သောအပြစ်ကို ဖုံးအုပ်ပေးသောသူသည် ချစ်ခြင်းမေတ္တာကိုပြုစု၏။ အမှုအရာကိုထပ်တလဲလဲပြောဆိုသောသူမူကား အပေါင်းအဖော်ကို ကွဲပြားစေတတ်၏။
သုတ္တံကျမ်း 17:9ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 17:27
မိမိစကားကိုထိန်းချုပ်သောသူသည် အသိပညာရှိ၏။ စိတ်အေးဆေးတည်ငြိမ်သောသူသည် ထိုးထွင်းဉာဏ်ရှိသောသူဖြစ်၏။
သုတ္တံကျမ်း 17:27ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 17:28
ဆိုးမိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိ၏နှုတ်ကိုပိတ်ထားလျှင် အသိဉာဏ်ရှိသောသူဟူ၍လည်းကောင်း မှတ်ယူခြင်းခံရတတ်၏။
သုတ္တံကျမ်း 17:28ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 17:1
ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။
သုတ္တံကျမ်း 17:1ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 17:14
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
သုတ္တံကျမ်း 17:14ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း 17:15
ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုသတ်မှတ်သောသူနှင့် ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုစီရင်သောသူနှစ်ဦးစလုံးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
သုတ္တံကျမ်း 17:15ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ