1
သုတ္တံကျမ်း 18:21
မြန်မာ့စံမီသမ္မာကျမ်း
သေခြင်းနှင့်အသက်ရှင်ခြင်းသည် လျှာ၏တန်ခိုးအောက်၌ရှိသည်ဖြစ်၍ လျှာကိုချစ်ခင်သောသူသည် ၎င်း၏အသီးကိုစားရလိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း 18:21ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 18:10
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
သုတ္တံကျမ်း 18:10ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 18:24
အပေါင်းအသင်းများသောသူသည် ပျက်စီးတတ်၏။ သို့ရာတွင် ညီအစ်ကိုထက် ပို၍ခင်တွယ်တတ်သောမိတ်ဆွေလည်း ရှိ၏။
သုတ္တံကျမ်း 18:24ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 18:22
မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
သုတ္တံကျမ်း 18:22ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 18:13
ကောင်းစွာနားမထောင်မီ ဖြေဆိုခြင်းသည် ထိုသို့ဖြေဆိုသောသူအတွက် မိုက်မဲခြင်းနှင့် အသရေပျက်ခြင်းဖြစ်တတ်၏။
သုတ္တံကျမ်း 18:13ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 18:2
မိုက်မဲသောသူသည် ထိုးထွင်းဉာဏ်ကိုအလိုမရှိဘဲ မိမိစိတ်သဘောကိုသာ ဖော်ပြတတ်၏။
သုတ္တံကျမ်း 18:2ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 18:12
ပျက်စီးခြင်း၏ရှေ့ပြေးသည် လူ၏ဘဝင်မြင့်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
သုတ္တံကျမ်း 18:12ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ