1
သုတ္တံကျမ်း 19:21
မြန်မာ့စံမီသမ္မာကျမ်း
လူ၏စိတ်နှလုံးထဲ၌ အကြံအစည်များစွာရှိ၏။ သို့ရာတွင် ထာဝရဘုရား၏အကြံဉာဏ်သည်သာ တည်လိမ့်မည်။
နှိုင်းယှဉ်
သုတ္တံကျမ်း 19:21ရှာဖွေလေ့လာလိုက်ပါ။
2
သုတ္တံကျမ်း 19:17
ဆင်းရဲသောသူကိုသနားသောသူသည် ထာဝရဘုရားအား ချေးငှားခြင်းဖြစ်၍ ကိုယ်တော်သည် သူ၏လုပ်ဆောင်မှုအတွက် သူ့အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
သုတ္တံကျမ်း 19:17ရှာဖွေလေ့လာလိုက်ပါ။
3
သုတ္တံကျမ်း 19:11
ပညာသတိရှိသောသူသည် မိမိ၏ဒေါသကိုချုပ်တည်းတတ်၏။ သူ၏ဂုဏ်ကျက်သရေကား သူတစ်ပါးကျူးလွန်သောအပြစ်ကို ဖြေလွှတ်ခြင်းဖြစ်၏။
သုတ္တံကျမ်း 19:11ရှာဖွေလေ့လာလိုက်ပါ။
4
သုတ္တံကျမ်း 19:20
အကြံဉာဏ်ကိုနားထောင်၍ ဆုံးမပဲ့ပြင်ခြင်းကိုလက်ခံလော့။ သို့ပြုလျှင် နောက်ဆုံး၌ သင်သည် ဉာဏ်ပညာကိုရရှိလိမ့်မည်။
သုတ္တံကျမ်း 19:20ရှာဖွေလေ့လာလိုက်ပါ။
5
သုတ္တံကျမ်း 19:23
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ရှင်ခြင်းသို့ပို့ဆောင်ပေးသည်ဖြစ်၍ ထိုစိတ်သဘောရှိသောသူသည် ပြည့်စုံစွာနေရလျက် ဘေးအန္တရာယ်နှင့်ကြုံတွေ့ရလိမ့်မည်မဟုတ်။
သုတ္တံကျမ်း 19:23ရှာဖွေလေ့လာလိုက်ပါ။
6
သုတ္တံကျမ်း 19:8
အသိဉာဏ်ကိုရရှိသောသူသည် မိမိ၏စိတ်ဝိညာဉ်ကိုချစ်၏။ ထိုးထွင်းဉာဏ်ကိုစောင့်ထိန်းသောသူသည် ကောင်းသောအရာကိုတွေ့ရှိလိမ့်မည်။
သုတ္တံကျမ်း 19:8ရှာဖွေလေ့လာလိုက်ပါ။
7
သုတ္တံကျမ်း 19:18
မျှော်လင့်ခြင်းရှိစဉ်အခါ သင်၏သားကိုပဲ့ပြင်လော့။ သူ့ကိုသေခြင်းသို့ရောက်စေလိုသည့် စိတ်ထားမျိုးမရှိစေနှင့်။
သုတ္တံကျမ်း 19:18ရှာဖွေလေ့လာလိုက်ပါ။
8
သုတ္တံကျမ်း 19:9
မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ လိမ်လည်ထွက်ဆိုသောသူသည်လည်း ပျက်စီးရလိမ့်မည်။
သုတ္တံကျမ်း 19:9ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို