ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန်လည်း ရှိ၏။ ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရသော အချိန်လည်းရှိ၏။ ဖက်ယမ်းရသောအချိန်နှင့်၊ မဖက်ယမ်းဘဲ ခွဲခွာ၍ နေရသောအချိန်လည်းရှိ၏။