သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက်
သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။
သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ
ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင်
တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။