ဟေရှာယ 9:3
ဟေရှာယ 9:3 Judson Bible (JBMLE)
ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကိုစုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ လုယူသောဥစ္စာကိုဝေသောသူ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ ရှေ့တော်၌သူတို့သည် ဝမ်းမြောက်ကြပါ၏။
ဟေရှာယ 9:3 Common Language Bible (BCL)
အို ထာဝရဘုရားကိုယ်တော်ရှင်သည်သူတို့ အား လွန်စွာအားရရွှင်လန်းမှုကိုပေးတော်မူပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားဝမ်းမြောက် စေတော်မူပါပြီ။ လူတို့သည်အသီးအနှံရိတ်သိမ်းချိန်၌လည်းကောင်း၊ တိုက်ရာပါပစ္စည်းများကိုခွဲဝေယူချိန်၌လည်းကောင်း၊ ဝမ်းမြောက်ကြသကဲ့သို့ သူတို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ကြ ပါ၏။
ဟေရှာယ 9:3 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်သည် လူမျိုးတော်ကိုတိုးပွားစေ၍ သူတို့ကို အလွန်ဝမ်းမြောက်စေတော်မူပြီ။ သူတို့သည် သီးနှံရိတ်သိမ်းချိန်၌ ဝမ်းမြောက်သကဲ့သို့၊ လုယက်ပစ္စည်းခွဲဝေချိန်၌ ရွှင်လန်းသကဲ့သို့ ကိုယ်တော်၏ရှေ့မှောက်တွင် ဝမ်းမြောက်ကြပါပြီ။