ရာဇဝင်ချုပ်ပထမစောင် 18
18
ဒါဝိဒ်မင်းကြီး၏စစ်ဆင်ရေးများ
1ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ ဂါသမြို့နှင့်ဝန်းကျင်ရှိရွာများကို သိမ်းယူလိုက်၏။ 2ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်သဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။
3ဇောဘဟာမတ်ဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်#18:3 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး 4ထိုဘုရင်ထံမှ စစ်ရထားအစီးတစ်ထောင်၊ မြင်းစီးသူရဲအယောက်ခုနစ်ထောင်၊ ခြေလျင်တပ်သားအယောက်နှစ်သောင်းတို့ကို သိမ်းပိုက်လိုက်၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိအဖို့ စစ်ရထားမြင်းအကောင်တစ်ရာကိုချန်ထားပြီး ကျန်စစ်ရထားမြင်းအားလုံးကို တံကောက်ကြော ဖြတ်ပစ်လေ၏။
5ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကို သုတ်သင်ပစ်ပြီး 6ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကို ချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
7ဒါဝိဒ်မင်းကြီးသည် ဟာဒဒေဇာမင်းကြီး၏အစေအပါးတို့ကိုင်ဆောင်သော ရွှေဒိုင်းလွှားတို့ကို သိမ်းပြီး ဂျေရုဆလင်မြို့သို့ ယူဆောင်လာ၏။ 8ဒါဝိဒ်မင်းကြီးသည် တိဗဟတ်မြို့၊ ခုန်မြို့စသည့် ဟာဒဒေဇာမင်းကြီးပိုင်သောမြို့တို့မှ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူလေ၏။ ထိုကြေးနီများဖြင့်ပင် ရှောလမုန်မင်းကြီးသည် ကြေးနီရေကန်နှင့် တိုင်များ၊ ကြေးနီအသုံးအဆောင်များကို သွန်းလုပ်ခဲ့၏။
9ဇောဘဘုရင်ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင် 10သာကြောင်းမာကြောင်းနှုတ်ဆက်ရန်နှင့် ဟာဒဒေဇာမင်းကြီးကို တိုက်ခိုက်ချေမှုန်းနိုင်သောကြောင့် ဂုဏ်ပြုရန် ရွှေထည်၊ ငွေထည်၊ ကြေးထည်တို့ပါလျက် မိမိသားတော်ဟဒေါရံကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ အကြောင်းမှာ တောဣမင်းကြီးသည်လည်း ဟာဒဒေဇာမင်းကြီးနှင့် စစ်တိုက်ခဲ့ဖူး၏။ 11ဒါဝိဒ်မင်းကြီးသည် ထိုပစ္စည်းများအပြင် ဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိ၊ အာမလက် စသောလူမျိုးအပေါင်းတို့ထံမှ သိမ်းယူသော ရွှေငွေတို့ကိုလည်း ထာဝရဘုရားထံ ဆက်ကပ်၏။
12ဇေရုယာ၏သားအဘိရှဲသည်လည်း ဧဒုံလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး 13ဧဒုံပြည်တွင် မြို့စောင့်တပ်များ ချထားလိုက်၏။ ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
14ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကိုအုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။ 15ဇေရုယာ၏သားယွာဘကား ဗိုလ်ချုပ်၊ အဟိလုဒ်၏သားယောရှဖတ်ကား အတွင်းဝန်၊ 16အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သားအဘိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊ 17ယောယဒ၏သား ဗေနာယကား ခေရသိလူမျိုးနှင့်ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား ရှင်ဘုရင်အနား၌ ခစားရသော အရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 18: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: