ရာဇဝင်ချုပ်ပထမစောင် 19
19
အမ္မုန်လူမျိုးနှင့်စစ်ဖြစ်ခြင်း
1ထို့နောက်တွင် အမ္မုန်အမျိုးသားတို့၏ဘုရင်နာဟတ်မင်းကြီး အနိစ္စရောက်၍ သားတော်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၏။ 2ဒါဝိဒ်မင်းကြီးကလည်း “ဟာနုန်၏ခမည်းတော် နာဟတ်မင်းကြီးသည် ငါ့အား မေတ္တာပြခဲ့ဖူးသည်ဖြစ်၍ ငါသည်လည်း ယခု နာဟတ်သားဟာနုန်အား မေတ္တာကရုဏာပြရမည်”ဟု တွေးလျက်
ဒါဝိဒ်မင်းကြီးသည် ဟာနုန်၏ခမည်းတော်အနိစ္စရောက်သည်ကို အကြောင်းပြု၍ သူ့ကိုနှစ်သိမ့်ပေးဖို့ မိမိအမှုထမ်းတို့ကို စေလွှတ်လိုက်၏။ ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် ဟာနုန်မင်းကြီးကို နှစ်သိမ့်ဖို့ အမ္မုန်အမျိုးသားတို့၏ပြည်သို့ရောက်သောအခါ 3အမ္မုန်အမျိုးသားအကြီးအကဲတို့က ဟာနုန်မင်းကြီးအား “ဒါဝိဒ်မင်းကြီးသည် အရှင့်ခမည်းတော်ကို ရိုသေလေးစားသဖြင့် အရှင့်ထံ နှစ်သိမ့်သူများကိုစေလွှတ်သည်ဟု အရှင်ထင်သလော။ ထိုသို့မဟုတ်။ အရှင့်ထံသို့ ဒါဝိဒ်မင်းကြီး၏မင်းမှုထမ်းတို့ရောက်လာခြင်းမှာ တိုင်းပြည်ကို စူးစမ်းထောက်လှမ်း၍ တိုက်ခိုက်မှောက်လှန်ရန်သာ ဖြစ်သည်”ဟု လျှောက်တင်ကြ၏။ 4ထို့ကြောင့် ဟာနုန်မင်းကြီးသည် ဒါဝိဒ်မင်းကြီး၏မင်းမှုထမ်းတို့ကိုဖမ်းပြီး သူတို့၏မုတ်ဆိတ်ကို ရိတ်ပြီးလျှင် သူတို့၏ဝတ်ရုံကိုလည်း တင်ပါးအထိ အလယ်တည့်တည့်မှညှပ်ပစ်ကာ ပြန်လွှတ်လိုက်၏။
5ထိုသူတို့၏သတင်းကို ဒါဝိဒ်မင်းကြီးထံလာပြောပြကြသောအခါ လူလွှတ်၍ ကြိုဆိုစေ၏။ သူတို့သည် အကြီးအကျယ်အရှက်ခွဲခံလိုက်ရသဖြင့် ရှင်ဘုရင်က “သင်တို့မုတ်ဆိတ်ပြန်ရှည်လာသည်အထိ ဂျေရိခေါမြို့တွင်နေလော့။ နောက်မှ ပြန်လာကြလော့”ဟု မှာကြားလိုက်၏။
6သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့ သိသောအခါ ဟာနုန်မင်းကြီးနှင့် အမ္မုန်အမျိုးသားတို့သည် မက်ဆိုပိုတေးမီးယားပြည်၊ ဆီးရီးယားမာခါပြည်၊ ဇောဘပြည်တို့မှ စစ်ရထားများ၊ မြင်းစီးသူရဲများကို ငွေတာလန်တစ်ထောင်#19:6 “22000 ပိဿာ သို့မဟုတ် 34000 ကီလိုဂရမ်”။ဖြင့်ငှားရမ်းဖို့ လူလွှတ်လိုက်၏။ 7သူတို့သည် မေဒဘအနီး၌စခန်းချနေသော မာခါဘုရင်၏စစ်သည်တော်များနှင့် စစ်ရထားအစီးသုံးသောင်းနှစ်ထောင်တို့ကို ငှားရမ်းပြီး စစ်ချီလာကြ၏။ အမ္မုန်အမျိုးသားတို့ကလည်း မြို့ရွာတို့မှစုရုံး၍ စစ်တိုက်ရန် ချီလာကြ၏။
8ထိုသတင်းကို ဒါဝိဒ်မင်းကြီးကြားလျှင် ယွာဘနှင့် စစ်သူရဲတပ်တစ်တပ်လုံးကို စေလွှတ်၏။ 9အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ လိုက်ပါလာသောဘုရင်တို့မှာ မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။ 10ယွာဘသည် အရှေ့ဘက်နှင့် အနောက်ဘက်တွင် စစ်ခင်းကျင်းထားသည်ကို မြင်လျှင် အစ္စရေးစစ်သူရဲများထဲမှ လက်ရွေးစင်အချို့ကို ဆီးရီးယားလူမျိုးတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန် စစ်ခင်းကျင်း၏။ 11ကျန်လူတို့ကို ညီအဘိရှဲလက်သို့အပ်ပြီး အမ္မုန်အမျိုးသားတို့နှင့်တိုက်ခိုက်ရန် စစ်ခင်းကျင်းစေ၏။
12ထို့ပြင် ယွာဘက “ဆီးရီးယားလူမျိုးတို့ဘက်က အရေးသာနေလျှင် ငါ့ကိုလာကူပါ။ အမ္မုန်အမျိုးသားတို့ဘက်က အရေးသာနေလျှင် သင့်ကို ငါလာကူမည်။ 13အားယူကြလော့။ ငါတို့လူမျိုးအတွက်၊ ငါတို့ဘုရားသခင်၏မြို့တော်အတွက် ငါတို့ရဲရင့်စွာတိုက်ကြစို့။ ထာဝရဘုရားသည် အလိုတော်ရှိသည့်အတိုင်း လုပ်ဆောင်ပေးတော်မူလိမ့်မည်”ဟု အားပေးစကားဆို၏။
14ထို့နောက် ယွာဘနှင့် သူ့တပ်သားတို့သည် စစ်တိုက်ရန်ရှေ့တိုးလာကြသောအခါ ဆီးရီးယားလူမျိုးတို့သည် သူတို့ရှေ့မှထွက်ပြေးကြ၏။ 15ထိုသို့ ဆီးရီးယားလူမျိုးတို့ ထွက်ပြေးကြသည်ကို အမ္မုန်အမျိုးသားတို့မြင်သောအခါ သူတို့လည်း ယွာဘ၏ညီအဘိရှဲရှေ့မှ မြို့ထဲသို့ပြန်ပြေးဝင်ကြ၏။ ထို့နောက် ယွာဘသည် ဂျေရုဆလင်မြို့သို့ ပြန်လာ၏။
16အစ္စရေးလူမျိုးတို့ကို မိမိတို့ရှုံးနိမ့်ကြောင်း ဆီးရီးယားလူမျိုးတို့သိလျှင် တမန်တို့ကိုစေလွှတ်ပြီး ယူဖရေးတီးမြစ်#19:16 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။တစ်ဖက်ကမ်းရှိဆီးရီးယားလူမျိုးတို့ကို ခေါ်လာစေ၏။ ဟာဒဒေဇာမင်းကြီး၏စစ်သူကြီးရှောဗက်သည် သူတို့ကို ဦးဆောင်လာ၏။
17ထိုသတင်းကိုဒါဝိဒ်မင်းကြီးကြားလျှင် အစ္စရေးလူမျိုးအပေါင်းတို့ကိုစုဝေးစေပြီး ဂျော်ဒန်မြစ်ကိုကူးကာ ဆီးရီးယားလူမျိုးတို့ထံ ချီလာ၍ သူတို့နှင့်မျက်နှာချင်းဆိုင်တွင် စစ်ခင်းကျင်း၏။ ဆီးရီးယားလူမျိုးတို့ကိုတိုက်ခိုက်ရန် ဒါဝိဒ်မင်းကြီးစစ်ခင်းကျင်းသောအခါ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီးကို ရင်ဆိုင်တိုက်ခိုက်လေ၏။ 18ဆီးရီးယားလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့မှ ထွက်ပြေးကြပြန်၍ ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုးတို့၏စစ်ရထားမှူးအယောက်ခုနစ်ထောင်၊ ခြေလျင်တပ်သားအယောက်လေးသောင်းတို့ကို သုတ်သင်ပစ်လေ၏။ စစ်သူကြီးရှောဗက်ကိုလည်း အသေသတ်လိုက်လေ၏။ 19ဟာဒဒေဇာမင်းကြီး၏လက်အောက်ခံတို့သည် အစ္စရေးလူမျိုးတို့ရှေ့တွင် ရှုံးနိမ့်နေရသည်ကို သိမြင်လျှင် ဒါဝိဒ်မင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး သူ၏လက်အောက်ခံအဖြစ်နေကြ၏။ နောင်တွင် ဆီးရီးယားလူမျိုးတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့တော့ပေ။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 19: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: