ရာဇဝင်ချုပ်ပထမစောင် 28
28
ဗိမာန်တော်တည်ဆောက်ရန် ဒါဝိဒ်မင်းကြီးက ရှောလမုန်မင်းကြီးအား လွှဲအပ်စေခိုင်းခြင်း
1ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။ 2ထို့နောက် ဒါဝိဒ်မင်းကြီးသည် ရပ်လျက် “ငါ့ညီအစ်ကိုတို့၊ ငါ့လူမျိုးတို့၊ နားထောင်ကြလော့။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်တည်ရာနေရာ၊ ငါတို့ဘုရားသခင်၏ခြေတော်တင်ရာနေရာကို ဆောက်လုပ်ရန် ငါဆန္ဒရှိခဲ့၏။ ထိုသို့တည်ဆောက်ရန်လည်း ငါပြင်ဆင်ခဲ့ပြီ။ 3သို့သော် ဘုရားသခင်က ‘သင်သည် စစ်သူရဲဖြစ်၍ လူ့အသက်ကို သတ်ခဲ့သောကြောင့် ငါ့နာမတည်ရာအိမ်တော်ကို သင်မဆောက်ရ’ဟု ငါ့အား မိန့်တော်မူ၏။
4အစ္စရေးလူမျိုးတို့ကိုအစဉ်အမြဲအုပ်ချုပ်ရန်အတွက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ငါ့ဖခင်၏မိသားစုဝင်တစ်စုလုံးတွင် ငါ့ကို ရွေးချယ်တော်မူ၏။ ယုဒအမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်တော်မူ၏။ ယုဒအမျိုးအနွယ်ထဲမှ ငါ့ဖခင်၏မိသားစုကို ရွေးချယ်တော်မူ၏။ ငါ့ဖခင်၏သားများထဲမှ ငါ့ကို ရွေးချယ်တော်မူ၍ အစ္စရေးလူမျိုးတစ်မျိုးလုံးကို အုပ်ချုပ်သောဘုရင် ဖြစ်စေတော်မူ၏။ 5ထာဝရဘုရားသည် ငါ့အား သားအများအပြားကိုပေးတော်မူ၏။ ထိုသားအပေါင်းတို့ထဲမှ သားတော်ရှောလမုန်ကို ရွေးချယ်တော်မူပြီး အစ္စရေးလူမျိုးကို အုပ်ချုပ်ရန်အတွက် ထာဝရဘုရား၏နိုင်ငံတော်ရာဇပလ္လင်ပေါ်တွင် စံမြန်းစေတော်မူ၏။ 6ထို့ပြင် ငါ့အား ‘သင့်သားရှောလမုန်သည် ငါ့အိမ်တော်နှင့် ဝင်းတော်ကို တည်ဆောက်လိမ့်မည်။ သူ့ကိုငါရွေးချယ်ပြီး သူသည် ငါ့သားဖြစ်၍ ငါသည်လည်း သူ့ဖခင် ဖြစ်မည်။ 7သူသည် ငါ့ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ယခုကဲ့သို့မယိမ်းမယိုင်စောင့်ထိန်းမည်ဆိုလျှင် သူ့နိုင်ငံတော်ကို ထာဝရတည်စေမည်’ဟု မိန့်တော်မူပြီ။
8သို့ဖြစ်၍ ထာဝရဘုရား၏လူထုဖြစ်သော အစ္စရေးလူမျိုးတစ်မျိုးလုံးရှေ့၊ ငါတို့ဘုရားသခင်ကြားတော်မူသောအရပ်တွင် ငါပြောမည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို ရှာဖွေ၍စောင့်ထိန်းကြလော့။ သို့မှ သင်တို့သည် ကောင်းမွန်သာယာသောပြည်ကို ပိုင်ဆိုင်ရ၍ သင်တို့၏သားမြေးတို့လည်း အစဉ်အမွေဆက်ခံရမည်။
9ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။ 10ယခု သတိပြုလော့။ သန့်ရှင်းရာဌာနဖြစ်သော အိမ်တော်ကို တည်ဆောက်ရန် သင့်ကိုထာဝရဘုရား ရွေးချယ်တော်မူပြီ။ အားယူ၍ဆောက်လုပ်ပါလော့”ဟု မိန့်ဆိုလေ၏။
11ထို့နောက် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်အား ဆင်ဝင်အပါအဝင် အိမ်တော်အဆောက်အအုံ၊ ဘဏ္ဍာတိုက်များ၊ အထက်ခန်းများ၊ အတွင်းခန်းများ၊ ကရုဏာတော်ပလ္လင်#28:11 သို့မဟုတ် “အဖုံး”။အခန်း စသည်တို့၏ပုံစံများကို ပေးအပ်၏။ 12ထို့ပြင် ဒါဝိဒ်မင်းကြီး၏စိတ်ထဲတွင်ပေါ်လာသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်ဝင်းအပါအဝင် ပတ်လည်အခန်းများအားလုံး၊ ဘုရားသခင်အိမ်တော်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာသိုလှောင်ရုံ စသည်တို့၏ပုံစံများကိုပါ ပေးအပ်လေ၏။ 13ယဇ်ပုရောဟိတ်အဖွဲ့၊ လေဝိလူမျိုးအဖွဲ့နှင့် ထာဝရဘုရား၏အိမ်တော်တွင်ထမ်းဆောင်ရမည့်အမှုအားလုံး၊ ထာဝရဘုရား၏အိမ်တော်၌အမှုတော်ထမ်းဆောင်ရာတွင်အသုံးပြုသော အသုံးအဆောင်များအားလုံး၊ 14အမှုတော်ထမ်းဆောင်ရာတွင်လိုအပ်သောရွှေထည်အသုံးအဆောင်အားလုံးအတွက် ရွှေအလေးချိန်အလိုက်၊ အမှုတော်ထမ်းဆောင်ရာတွင်လိုအပ်သောငွေထည်အသုံးအဆောင်အားလုံးအတွက် ငွေအလေးချိန်အလိုက်၊ 15ရွှေဆီမီးခုံများနှင့်ရွှေမီးခွက်များအတွက် ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဆီမီးခုံများအတွက်လည်း ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောငွေ၊ 16ရှေ့တော်မုန့်တင်ရန်စားပွဲများအတွက် စားပွဲတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေစားပွဲများအတွက် စားပွဲတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောငွေ၊ 17ခက်ရင်းခွများ၊ ဇလုံများ၊ ကရားများအတွက် ရွှေစင်များ၊ ရွှေဖလားများအတွက် ရွှေဖလားတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဖလားများအတွက် ဖလားတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောငွေ၊ 18နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်အတွက် ရွှေစင်အလေးချိန်အလိုက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို အုပ်မိုးထားသော၊ အတောင်ပံဖြန့်ထားသော ခေရုဗိမ်#28:18 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။ရထားပုံစံအတွက်ရွှေအလေးချိန်အလိုက် ပေးအပ်ပြီးလျှင်
19“ဤပုံစံအားလုံးကို ထာဝရဘုရား ရေးဆွဲထားပြီး လုပ်ဆောင်ရမည့်ပုံစံအသေးစိတ်ကို ငါ့အား သိနားလည်စေတော်မူပြီ”ဟု ဆိုလေ၏။ 20ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။ 21ဘုရားသခင်၏အိမ်တော်အမှုရှိသမျှကို ဆောင်ရွက်သော ယဇ်ပုရောဟိတ်တို့၏အဖွဲ့၊ လေဝိလူမျိုးတို့၏အဖွဲ့နှင့် လုပ်ငန်းတိုင်းကိုကျွမ်းကျင်ပြီး စေတနာစိတ်ရှိသောသူတို့သည် သင်လုပ်ဆောင်လေရာရာတွင် သင်နှင့်အတူ လုပ်ဆောင်ကြလိမ့်မည်။ မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည်လည်း သင်ညွှန်ကြားသမျှကို လုပ်ဆောင်ပေးကြလိမ့်မည်”ဟု ဆို၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 28: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: