ရာဇဝင်ချုပ်ပထမစောင် 29
29
ဗိမာန်တော်တည်ဆောက်ဖို့ လူတို့ပါဝင်ပေးလှူကြခြင်း
1ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးအား “ဘုရားသခင်ရွေးချယ်တော်မူသောငါ့သားရှောလမုန်သည် ငယ်ရွယ်၍ အတွေ့အကြုံမရှိသေး။ သို့သော် သူလုပ်ဆောင်ရမည့်အလုပ်မှာ ကြီးမြတ်လှ၏။ သူဆောက်လုပ်ရမည့်ဗိမာန်တော်သည် လူအဖို့မဟုတ်၊ ဘုရားသခင်ထာဝရဘုရားအဖို့ ဖြစ်၏။ 2ထို့ကြောင့် ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ရွှေထည်အတွက် ရွှေ၊ ငွေထည်အတွက် ငွေ၊ ကြေးထည်အတွက် ကြေး၊ သံထည်အတွက် သံ၊ ပျဉ်ပြားများအတွက် သစ်သား၊ မဟူရာကြောင်ဝင်ကျောက်များ၊ စီချယ်စရာကျောက်များ၊ စိမ်းပြာရောင်ကျောက်များ၊ ရောင်စုံကျောက်များ၊ အဖိုးတန်ကျောက်အမျိုးမျိုးနှင့် ကျောက်ဖြူအမြောက်အမြားတို့ကို ငါတတ်စွမ်းနိုင်သမျှ ပြင်ဆင်ထားပေးခဲ့ပြီ။ 3ထို့ပြင် ငါ၏ဘုရားသခင့်အိမ်တော်ကို မြတ်နိုးလှသဖြင့် အထက်က သန့်ရှင်းသောအိမ်တော်အဖို့ ငါပြင်ဆင်ပေးထားသည့်အရာအားလုံးသာမက ငါပိုင်ဆိုင်သောရတနာရွှေငွေတို့ကိုလည်း ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ပေးလှူခဲ့ပြီ။ 4အိမ်တော်နံရံကိုမွမ်းမံဖို့ ဩဖိရရွှေ တာလန်သုံးထောင်#29:4 “66000 ပိဿာ သို့မဟုတ် 102000 ကီလိုဂရမ်”။၊ ငွေစင် တာလန်ခုနစ်ထောင်#29:4 “154000 ပိဿာ သို့မဟုတ် 238000 ကီလိုဂရမ်”။၊ 5လက်မှုပညာသည်များ အလုပ်လုပ်ဖို့လိုအပ်သမျှ ရွှေထည်အတွက် ရွှေ၊ ငွေထည်အတွက် ငွေ များကိုလည်း လှူ၏။ ယခု ထာဝရဘုရားအဖို့ မည်သူက ကိုယ့်ကိုယ်ကို ဆက်ကပ်ပေးလှူလိုသနည်း”ဟု မိန့်တော်မူလျှင် 6ဘိုးဘေးခေါင်းဆောင်များ၊ အစ္စရေးအမျိုးအနွယ်ခေါင်းဆောင်များ၊ လူတစ်ရာအုပ်၊ လူတစ်ထောင်အုပ်၊ မင်းမှုထမ်းအကြီးအကဲများကလည်း စေတနာစိတ်ဖြင့် ပေးလှူကြ၏။ 7သူတို့သည် ဘုရားသခင်၏အိမ်တော်ဆောက်လုပ်ရေးအတွက် ရွှေတာလန်ငါးထောင်#29:7 “110000 ပိဿာ သို့မဟုတ် 170000 ကီလိုဂရမ်”။၊ ငွေတာလန်တစ်သောင်း#29:7 “220000 ပိဿာ သို့မဟုတ် 340000 ကီလိုဂရမ်”။၊ ရွှေဒင်္ဂါး အပြားတစ်သောင်း၊ ကြေးနီ တာလန်တစ်သောင်းရှစ်ထောင်#29:7 “396000 ပိဿာ သို့မဟုတ် 612000 ကီလိုဂရမ်”။၊ သံတာလန်တစ်သိန်း#29:7 “2200000 ပိဿာ သို့မဟုတ် 3400000 ကီလိုဂရမ်”။ တို့ကိုပေးလှူကြ၏။ 8ကျောက်မျက်ရတနာရှိသူများက ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ကို တာဝန်ယူရသူ ဂေရရှုန်အမျိုး ယေဟေလလက်သို့ ပေးအပ်ကြ၏။ 9လူတို့သည်လည်း စေတနာစိတ်နှင့်ပေးလှူရသည်ကို ဝမ်းမြောက်ကြ၏။ စိတ်နှလုံးအကြွင်းမဲ့ စေတနာစိတ်ရှိသည့်အတိုင်း ထာဝရဘုရားထံပေးလှူကြ၏။ ဒါဝိဒ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏။
ဒါဝိဒ်မင်းကြီး၏ဆုတောင်းချက်
10ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးရှေ့တွင် ထာဝရဘုရားကို ချီးမွမ်းထောမနာပြုလေ၏။ ဒါဝိဒ်မင်းကြီးကလည်း “အကျွန်ုပ်တို့၏ဘိုးဘေး အစ္စရေး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူပါစေသော။ 11အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။ 12ဓနဥစ္စာနှင့် ဂုဏ်သရေသည် ကိုယ်တော့်ထံမှ လာပါ၏။ အရာခပ်သိမ်းကို အုပ်စိုးပိုင်သတော်မူပါ၏။ ကိုယ်တော်၏လက်တော်သည် အစွမ်းတန်ခိုးနှင့်ပြည့်ဝတော်မူသဖြင့် လူခပ်သိမ်းအား ကြီးမြတ်စေနိုင်၍ ခွန်အားကိုလည်း ပေးနိုင်စွမ်းရှိတော်မူပါ၏။ 13ယခုမှာ အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်တို့ ကျေးဇူးတင်ပါ၏။ ဘုန်းကြီးသောနာမတော်ကို ချီးမွမ်းပါ၏။ 14အကျွန်ုပ်တို့အား ဤမျှလောက်စေတနာစိတ်နှင့်ပေးလှူနိုင်ခွင့်ကိုပေးသနားသည်မှာ အကျွန်ုပ်ကား မည်သူဖြစ်ပါသနည်း။ အကျွန်ုပ်၏လူတို့ကား မည်သူတို့ဖြစ်ကြပါသနည်း။ အရာခပ်သိမ်းတို့သည် ကိုယ်တော့်ထံမှဖြစ်၍ ကိုယ်တော်ပိုင်သမျှကို အကျွန်ုပ်တို့ ပြန်လည်ပေးလှူကြပါ၏။ 15အကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တွင် တိုင်းတစ်ပါးသားများဖြစ်ကြပါ၏။ ဘိုးဘေးတို့ကဲ့သို့ပင် ဧည့်သည်များ ဖြစ်ကြပါ၏။ မြေကြီးပေါ်တွင် အသက်ရှင်နေရသည်မှာ အရိပ်ကဲ့သို့ဖြစ်၍ မျှော်လင့်စရာ မရှိပါ။ 16အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ သန့်ရှင်းသောနာမတော်အဖို့ အိမ်တော်ကိုတည်ရန် အကျွန်ုပ်တို့ပြင်ဆင်ထားသော ဤဥစ္စာအလုံးအရင်းသည် ကိုယ်တော့်ထံမှ ဖြစ်ပါ၏။ အလုံးစုံကို ကိုယ်တော်ပိုင်သတော်မူပါ၏။ 17အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။ 18အကျွန်ုပ်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော့်လူမျိုးတော်တို့၏စိတ်နှလုံးအကြံအစည်များ၊ စိတ်ဆန္ဒများကို ယခုကဲ့သို့အစဉ်အမြဲဖြစ်စေရန် စောင့်ထိန်းပေးတော်မူပါ။ ကိုယ်တော့်အဖို့ စိတ်နှလုံးအသင့်ရှိသောသူများ ဖြစ်စေတော်မူပါ။ 19အကျွန်ုပ်၏သားတော်ရှောလမုန်အားလည်း ကိုယ်တော်၏ပညတ်တော်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းနိုင်ရန်နှင့် ဗိမာန်တော်ဆောက်လုပ်ဖို့ အကျွန်ုပ်ပြင်ဆင်ထားခဲ့သည့်အရာအားလုံးကို လုပ်ဆောင်နိုင်ရန်အတွက် စုံလင်သောစိတ်နှလုံးကို ပေးတော်မူပါ”ဟု ဆုတောင်းလေ၏။
20ထို့နောက် ဒါဝိဒ်မင်းကြီးက လူထုအပေါင်းတို့အား “ယခု သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြလော့”ဟု မိန့်ဆိုလျှင် လူထုတစ်ရပ်လုံးက သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြပြီး ထာဝရဘုရားရှေ့၊ ရှင်ဘုရင်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
21ထာဝရဘုရားထံ ယဇ်များကိုပူဇော်ပြီး နောက်တစ်နေ့တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် နွားထီးအကောင်တစ်ထောင်၊ သိုးထီးအကောင်တစ်ထောင်၊ သိုးသငယ်အကောင်တစ်ထောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာများကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် ယဇ်များကို အမြောက်အမြား ပူဇော်ကြ၏။ 22ထိုနေ့တွင် သူတို့သည် ထာဝရဘုရားရှေ့တော်တွင် အားရဝမ်းသာစွာစားသောက်ကြ၏။
ရှောလမုန်ကိုမင်းမြှောက်ခြင်း
ဒါဝိဒ်မင်းကြီး၏သားတော်ရှောလမုန်ကိုလည်း ဒုတိယအကြိမ်မင်းမြှောက်၍ အုပ်ချုပ်သူမင်းအဖြစ်လည်းကောင်း၊ ဇာဒုတ်ကိုလည်း ယဇ်ပုရောဟိတ်အဖြစ်လည်းကောင်း ထာဝရဘုရားရှေ့မှောက်တွင် ဘိသိက်ပေးကြ၏။ 23ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကိုဆက်ခံ၍ ထာဝရဘုရား၏ရာဇပလ္လင်တော်ပေါ်တွင် စံနေသောအခါ သူသည် ထွန်းပေါက်အောင်မြင်ပြီး အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးက သူ့ကို နာခံလေ၏။ 24မှူးမတ်များ၊ စစ်သူရဲများနှင့် ဒါဝိဒ်မင်းကြီး၏သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ၌ သစ္စာခံကြ၏။ 25ထာဝရဘုရားကလည်း ရှောလမုန်မင်းကြီးအား အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးရှေ့တွင် အထူးချီးမြှောက်တော်မူပြီး ယခင်က အစ္စရေးလူမျိုးကို အုပ်စိုးခဲ့သောဘုရင်တို့တွင် မည်သူ၌မျှမရှိခဲ့ဖူးသောနိုင်ငံတော်ဘုန်းကျက်သရေကို ပေးတော်မူ၏။
ဒါဝိဒ်မင်းကြီး၏ဘဝခရီးအကျဉ်းချုပ်
26ယေရှဲ၏သား ဒါဝိဒ်မင်းကြီးသည် အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးကို အုပ်ချုပ်ခဲ့၏။ 27သူသည် အစ္စရေးလူမျိုးတို့ကို အနှစ်လေးဆယ်တိုင်တိုင် အုပ်စိုးခဲ့၏။ ဟေဗြုန်မြို့တွင် ခုနစ်နှစ်၊ ဂျေရုဆလင်မြို့တွင် သုံးဆယ့်သုံးနှစ် အုပ်စိုးခဲ့၏။ 28သူသည် ဓနဥစ္စာနှင့် ဘုန်းအသရေဖြင့်ပြည့်ဝလျက် အသက်ကြီး၍ အိုမင်းလာသောအခါ အနိစ္စရောက်လေ၏။ သူ၏သားတော်ရှောလမုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။ 29ဒါဝိဒ်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို စိတ်အာရုံရသူရှမွေလ၏မှတ်တမ်း၊ ပရောဖက်နာသန်၏မှတ်တမ်းနှင့် ဗျာဒိတ်ရသူဂဒ်၏မှတ်တမ်းတို့တွင် ရေးသားထား၏။ 30ထိုမှတ်တမ်းတို့တွင် သူ၏တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပုံ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ သူ့ဝန်းကျင်၊ အစ္စရေးဝန်းကျင်မှစ၍ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံတို့တွင် တွေ့ကြုံခဲ့ရသောအဖြစ်အပျက်အမျိုးမျိုးတို့ ပါဝင်၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 29: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: