ရာဇဝင်ချုပ်ဒုတိယစောင် 1
1
ရှောလမုန်မင်းကြီး ဉာဏ်ပညာကိုတောင်းဆိုခြင်း
1ဒါဝိဒ်မင်းကြီး၏သားတော် ရှောလမုန်မင်းကြီးသည် မိမိနိုင်ငံတော်ကို ခိုင်ခံ့တည်မြဲစေ၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူပါရှိပြီး သူ့ကိုအထူးချီးမြှောက်တော်မူ၏။ 2ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးမှစ၍ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်၊ တရားသူကြီးများ၊ အစ္စရေးတစ်ပြည်လုံးရှိ ခေါင်းဆောင်များဖြစ်ကြသောဘိုးဘေးအကြီးအမှူးရှိသမျှတို့အား ဆင့်ခေါ်ပြီး 3ရှောလမုန်မင်းကြီးသည် တောကန္တာရတွင် ထာဝရဘုရား၏အစေအပါးမောရှေပြုလုပ်ခဲ့သော ဘုရားသခင်၏တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ လူထုကြီးနှင့်အတူသွား၏။ 4ဘုရားသခင်၏သေတ္တာတော်ကိုကား ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့မှ ဂျေရုဆလင်မြို့ရှိ မိမိပြင်ဆင်ထားသောတဲတော်ရှိရာနေရာသို့ ဆောင်ယူခဲ့ပြီးဖြစ်၏။ 5ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလပြုလုပ်သောကြေးနီယဇ်ပလ္လင်ကို ထာဝရဘုရား၏တဲတော်ရှေ့တွင် ထားရှိ၏။ ရှောလမုန်မင်းကြီးနှင့် လူထုတို့သည် ထိုယဇ်ပလ္လင်ကို ထာဝရဘုရားထံမေးမြန်းရာတွင် အသုံးပြုကြ၏။ 6ရှောလမုန်မင်းကြီးသည် တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ရှိ ကြေးနီယဇ်ပလ္လင်နားသို့သွား၍ ထာဝရဘုရားထံ မီးရှို့ရာယဇ်အကောင်တစ်ထောင်ကို ပူဇော်၏။
7ထိုညတွင် ဘုရားသခင်သည် ရှောလမုန်မင်းကြီးအား ကိုယ်ထင်ရှားပြ၍ “ငါပေးရမည့်ဆုကို တောင်းလော့”ဟု မိန့်တော်မူ၏။
8ထိုအခါ ရှောလမုန်မင်းကြီးက ဘုရားသခင်အား “ကိုယ်တော်သည် အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူပြီး အကျွန်ုပ်အားလည်း ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေပါပြီ။ 9ယခုမှာ အို ဘုရားသခင်ထာဝရဘုရား၊ မြေမှုန့်ကဲ့သို့ များပြားလှသောလူတို့ကို အကျွန်ုပ်အား အုပ်စိုးစေတော်မူပြီဖြစ်၍ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ပေးထားသောကတိစကားတော်သည် တည်ပါစေသော။ 10ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ဤလူမျိုးတို့ကို ဦးဆောင်သွားလာလေရာရာတွင် လိုအပ်သောဉာဏ်ပညာ၊ အသိတရားများကို အကျွန်ုပ်အား ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
11ထို့ကြောင့် ဘုရားသခင်က ရှောလမုန်မင်းကြီးအား “သင်သည် ဓနဥစ္စာစည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်း၊ အသက်တာရှည်ဖို့မတောင်းဘဲ သင့်အား ငါအုပ်ချုပ်စေသည့် ငါ့လူမျိုးတော်တို့ကိုအုပ်ချုပ်နိုင်ရန်အတွက် သင့်စိတ်နှလုံးတွင်ရှိသည့်အတိုင်း ဉာဏ်ပညာ၊ အသိတရားတို့ကိုသာ တောင်းဆိုသောကြောင့် 12သင့်အား ဉာဏ်ပညာနှင့် အသိတရားများကိုသာမက သင့်ရှေ့၌ရှိခဲ့သောဘုရင်၊ သင့်နောက်တွင်ရှိမည့်ဘုရင်တို့၌ မရနိုင်သော ဓနဥစ္စာ၊ ကြွယ်ဝချမ်းသာခြင်းနှင့် ဂုဏ်သရေရှိခြင်းတို့ကိုပါ ငါပေးမည်”ဟု မိန့်တော်မူ၏။ 13ထို့နောက် ရှောလမုန်မင်းကြီးသည် တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်မှ ဂျေရုဆလင်မြို့သို့ ပြန်လာ၏။ ထို့နောက် အစ္စရေးလူမျိုးကို အုပ်ချုပ်လေ၏။
ရှောလမုန်မင်းကြီးပိုင်ဆိုင်သောမြင်းများနှင့်စည်းစိမ်ဥစ္စာများ
14ရှောလမုန်မင်းကြီးသည် မြင်းများ၊ ရထားများကို စုဆောင်းလေ့ရှိ၏။ ထို့ကြောင့် သူ၌ ရထားအစီးရေတစ်ထောင့်လေးရာနှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ၎င်းတို့ကို ရထားထားရာမြို့များနှင့် ရှင်ဘုရင်စံမြန်းရာဂျေရုဆလင်မြို့တို့တွင် ထားရှိ၏။ 15ရှင်ဘုရင်သည် ဂျေရုဆလင်မြို့တွင် ရွှေငွေတို့ကို ကျောက်ခဲသဖွယ်၊ သစ်ကတိုးပင်များကို လွင်ပြင်၌ပေါက်သော သင်္ဘောသဖန်းပင်သဖွယ် အမြောက်အမြားထားရှိ၏။ 16အီဂျစ်ပြည်နှင့်ကောမြို့တို့မှ မြင်းများကို ရှောလမုန်မင်းကြီးထံ တင်သွင်းတတ်ကြ၏။ ရှင်ဘုရင်၏ကုန်သည်တို့သည် အဖိုးအခပေး၍ ကောမြို့မှ ဝယ်ယူတင်သွင်းပေးကြ၏။ 17အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်#1:17 “4.5 ပိဿာ သို့မဟုတ် 6.9 ကီလိုဂရမ်”။၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်#1:17 “1.1 ပိဿာ သို့မဟုတ် 1.7 ကီလိုဂရမ်”။ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 1: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: