YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 2

2
ရှောလမုန်မင်းကြီးက ဟုရံမင်းကြီးထံစာပို့ခြင်း
1ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ​အိမ်​တော်​နှင့် မိမိ​နိုင်ငံ​တော်​အတွက် နန်းတော်​ကို​တည်ဆောက်​ရန် ရည်ရွယ်​၏​။ 2ရှောလမုန်​မင်းကြီး​သည် အထမ်းသမား အယောက်​ခုနစ်သောင်း​၊ တောင်​ပေါ်မှ​ကျောက်ဆစ်သမား အယောက်​ရှစ်သောင်း​နှင့် သူ​တို့​ကို​ကြီးကြပ်ကွပ်ကဲ​ရ​သူ အယောက်​သုံးထောင့်​ခြောက်​ရာ​တို့​ကို ခွဲခန့်​ထား​၏​။
3ထို့ပြင် ရှောလမုန်​မင်းကြီး​သည် တိုင်ရာ​ဘုရင်​ဟုရံ#2:3 “ဟိရံ” (၃ရာ 5:2)။​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​အကျွန်ုပ်​၏​ခမည်းတော် ဒါဝိဒ်​မင်းကြီး​အား သူ​စံမြန်း​ရာ​နန်းတော်​ကို​ဆောက်လုပ်​ရန်​အတွက် သစ်ကတိုးသား​များ​ကို အရှင်မင်းကြီး​ပို့ပေး​ခဲ့​သည့်​နည်းတူ အကျွန်ုပ်​ထံသို့​လည်း ပို့ပေး​ပါ​လော့​။ 4အစ္စရေး​လူမျိုး​တို့ အစဉ်အမြဲ​ပြု​ရန် ပြဋ္ဌာန်း​ထား​သည်​နှင့်အညီ အကျွန်ုပ်​သည် ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ အမွှေးနံ့သာ​ကို မီးရှို့ပူဇော်​ရန်​အတွက်​၊ ရှေ့တော်မုန့်​ကို​လည်း ပုံမှန်​တင်လှူ​ပူဇော်​ရန်​နှင့် နံနက်ချိန်​၊ နေဝင်ချိန်​၊ ဥပုသ်နေ့​များ​၊ လဆန်းနေ့​များ​၊ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သတ်မှတ်​ထား​သော​ပွဲတော်​နေ့​များ​တွင် မီးရှို့ရာယဇ်​ကို ပူဇော်​ရန်​အတွက် အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ​အိမ်​တော်​ကို ဆောက်လုပ်​ဆက်ကပ်​မည်​။ 5အကျွန်ုပ်​တို့​၏​ဘုရားသခင်​သည် ဘုရား​တကာ​တို့​ထက်​ကြီးမြတ်​သော​ဘုရား ဖြစ်​တော်မူ​သောကြောင့် အကျွန်ုပ်​ဆောက်လုပ်​ရ​မည့်​အိမ်​တော်​သည်​လည်း ကြီးမြတ်​ရ​ပါ​လိမ့်မည်​။ 6အမြင့်ဆုံးသောကောင်းကင်ကြီး​ပင် ကိုယ်တော်​နှင့်​မ​ဆံ့​နိုင်​လျှင် မည်သူ​သည် ကိုယ်တော့်​အဖို့ အိမ်​တော်​ကို ဆောက်လုပ်​နိုင်​ပါ​မည်နည်း​။ ရှေ့​တော်​၌ နံ့သာပေါင်း​မီးရှို့ပူဇော်​ရန်​မှတစ်ပါး ကိုယ်တော့်​အဖို့ အိမ်​တော်​ကို တည်ဆောက်​ပေး​မည့်​အကြောင်း အကျွန်ုပ်​ကား မည်သူ​ဖြစ်​ပါ​သနည်း​။ 7ထို့ကြောင့် ရွှေ​ထည်​၊ ငွေ​ထည်​၊ ကြေးထည်​၊ သံထည်​တို့​ကို သွန်းလုပ်​တတ်​သူ​၊ ခရမ်းရောင်​၊ ကြက်သွေးရောင်​၊ အပြာရောင်​ရှိ​သော​ချည်​တို့​ကို ရက်လုပ်​တတ်​သူ​၊ ကမ္ပည်းစာ​ရေးထိုး​ရာ​၌ ကျွမ်းကျင်​သူ​တစ်ဦး​ကို အကျွန်ုပ်​ထံ စေလွှတ်​ပေး​ပါ​။ သူ့​ကို ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ရှိ အကျွန်ုပ်​၏​ခမည်းတော်​ပြင်ဆင်​ပေး​ထား​သော လက်မှုပညာသည်​တို့​နှင့်အတူ အလုပ်လုပ်​စေ​မည်​။ 8ထို့အတူ လက်ဘနွန်​တောင်​မှ သစ်ကတိုးသား​များ​၊ ထင်းရှူးသား​များ​၊ စန္ဒကူးသား​များ​ကို​လည်း ပို့ပေး​ပါ​။ မင်းကြီး​၏​အမှုထမ်း​တို့​သည် လက်ဘနွန်​သစ်​များ​ကို ခုတ်ထွင်​ရာ​၌ ကျွမ်းကျင်​ကြောင်း အကျွန်ုပ်​သိ​ပါ​၏​။ အကျွန်ုပ်​၏​အမှုထမ်း​တို့​ကို မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ အလုပ်လုပ်​စေ​မည်​။ 9အကျွန်ုပ်​တည်ဆောက်​ရ​မည့်​အိမ်​တော်​သည် အလွန်​ကြီးကျယ်ခမ်းနား​သောကြောင့် သစ်သား​အမြောက်အမြား​လို​ပါ​၏​။ 10မင်းကြီး​၏​အမှုထမ်း သစ်ခုတ်သမား​များ သစ်ခုတ်​ပေး​သည့်​အဖိုးအခ​အဖြစ် ကြိတ်ပြီးသား​ဂျုံဆန် ကောရ​နှစ်သောင်း#2:10 “4400000 လီတာ”။​၊ မုယောဆန် ကောရ​နှစ်သောင်း​၊ စပျစ်ဝိုင် ဗတ်​နှစ်သောင်း#2:10 “440000 လီတာ”။​၊ သံလွင်ဆီ ဗတ်​နှစ်သောင်း ပေး​ပါ​မည်​”​ဟု မှာလိုက်​၏​။
ဟုရံမင်းကြီး၏ပြန်စာ
11တိုင်ရာ​ဘုရင်​ဟုရံ​မင်းကြီး​က​လည်း ရှောလမုန်​မင်းကြီး​ထံ စာပြန်​လိုက်​သည်​မှာ “ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို​ချစ်မြတ်နိုး​၍ အရှင်မင်းကြီး​ကို သူ​တို့​၏​ဘုရင်​အဖြစ် ခန့်ထား​တော်မူ​ပြီ​။ 12ထာဝရဘုရား​အဖို့ အိမ်​တော်​နှင့် သူ​၏​နိုင်ငံ​တော်​အဖို့ နန်းတော်​ကို တည်ဆောက်​ရန် သိနားလည်​နိုင်စွမ်း​ရှိ​၍ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​ပြီး ပညာရှိ​သော​သား​တော်​တစ်ပါး​ကို ဒါဝိဒ်​မင်းကြီး​အား ပေး​တော်မူ​သော ကောင်းကင်​နှင့်​မြေကြီး​ကို​ဖန်ဆင်း​တော်မူ​သည့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ 13ယခုမှာ အသိဉာဏ်​ကြွယ်ဝ​သော​လက်မှုပညာသည် ဟုရံအဘိ​ကို စေလွှတ်​လိုက်​ပါ​၏​။ 14သူ့​မိခင်​မှာ ဒန်​အမျိုးသမီး​၊ သူ့​ဖခင်​မှာ တိုင်ရာ​မြို့သား​ဖြစ်​၏​။ သူ​သည် ရွှေ​ငွေ​၊ ကြေးနီ​၊ သံ​တို့​ကို သွန်းလုပ်​သော​အတတ်​၊ ကျောက်ဆစ်အတတ်​၊ သစ်ထွင်းထု​သော​အတတ်​၊ ခရမ်းရောင်​အထည်​၊ အပြာရောင်​အထည်​၊ ပိတ်ချောထည်​၊ ကြက်သွေးရောင်​အထည်​တို့​ကို ရက်လုပ်​သော​အတတ်​၊ ကမ္ပည်းစာ​အမျိုးမျိုး​ရေးထိုး​သော​အတတ် စသည်​တို့​မှစ၍ အနုပညာလက်ရာ​အမျိုးမျိုး​တို့​ကို ကျွမ်းကျင်​စွာ​လုပ်ဆောင်​ပေး​နိုင်​သူ​ဖြစ်​၏​။ သူ​သည် မင်းကြီး​၏​လက်မှုပညာသည်​များ​၊ မင်းကြီး​၏​ခမည်းတော် အကျွန်ုပ်​၏​သခင်​ဒါဝိဒ်​မင်းကြီး​၏​လက်မှုပညာသည်​များ​နှင့်အတူ အလုပ်လုပ်​လိမ့်မည်​။ 15မင်းကြီး​ကတိပေး​ထား​သည့်​အတိုင်း ဂျုံဆန်​၊ မုယောဆန်​၊ သံလွင်ဆီ​၊ စပျစ်ဝိုင်​တို့​ကို အမှုထမ်း​တို့​အတွက် ပေးပို့​တော်မူ​ပါ​။ 16အကျွန်ုပ်​တို့​သည် မင်းကြီး​အလို​ရှိသမျှ လက်ဘနွန်​တောင်​မှ​သစ်​တို့​ကို​ခုတ်​ပြီး ယုပ္ပေ​မြို့​အထိ ပင်လယ်​လမ်း​အတိုင်း ဖောင်ဖွဲ့​၍​ပို့လိုက်​မည်​။ ထို​နေရာ​မှ ဂျေရုဆလင်​မြို့​သို့ မင်းကြီး​ပြန်​သယ်ယူ​ပါ”​ဟူ၍ ဖြစ်​၏​။
ရှောလမုန်မင်းကြီးကြိုးစားအားထုတ်မှု
17ထိုအခါ ရှောလမုန်​မင်းကြီး​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကောက်ယူ​ခဲ့​သော အစ္စရေး​ပြည်​ရှိ​တိုင်းတစ်ပါးသား​စာရင်း​ကို ပြန်​၍​စာရင်းကောက်ယူ​ရာ လူ​ပေါင်း တစ်သိန်း​ငါးသောင်း​သုံး​ထောင့်​ခြောက်​ရာ​ရှိ​၏​။ 18ထို​သူ​တို့​ထဲမှ အထမ်းသမား အယောက်​ခုနစ်သောင်း​၊ တောင်​ပေါ်မှ ကျောက်ဆစ်သမား အယောက်​ရှစ်သောင်း​နှင့် အလုပ်လုပ်သူ​တို့​ကို​ကြီးကြပ်ကွပ်ကဲ​သူ အယောက်​သုံး​ထောင့်​ခြောက်​ရာ​တို့​ကို ခန့်ထား​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ