ရာဇဝင်ချုပ်ဒုတိယစောင် 3
3
ဗိမာန်တော်တည်ဆောက်ခြင်း
1ထို့နောက် ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့ရှိ မောရိတောင်ပေါ်၊ ခမည်းတော်ဒါဝိဒ်မင်းကြီးထံ ထာဝရဘုရားထင်ရှားတော်မူရာနေရာတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ ထိုနေရာသည် ယေဗုသိလူမျိုးဩရနန်#3:1 “အရောန” (၅ရာ 21:15)။၏ကောက်နယ်တလင်းတွင် အိမ်တော်တည်ဆောက်ဖို့ ဒါဝိဒ်မင်းကြီးပြင်ဆင်ထားသောနေရာဖြစ်၏။ 2ရှောလမုန်မင်းကြီးနန်းစံ လေးနှစ်မြောက်၊ ဒုတိယလ၊ ဒုတိယနေ့တွင် အိမ်တော်ကို စတင်တည်ဆောက်၏။ 3ရှောလမုန်မင်းကြီးတည်ဆောက်သော ဘုရားသခင်၏အိမ်တော်အုတ်မြစ်မှာ ရှေးခေတ်တိုင်းထွာနည်းအရ အလျား အတောင်ခြောက်ဆယ်#3:3 “1080 လက်မ သို့မဟုတ် 2700 စင်တီမီတာ”။၊ အနံ အတောင်နှစ်ဆယ်#3:3 “360 လက်မ သို့မဟုတ် 900 စင်တီမီတာ”။ရှိ၏။ 4အိမ်တော်မျက်နှာစာရှိဆင်ဝင်၏အလျားမှာ အိမ်တော်မျက်နှာစာအကျယ်အတိုင်း အတောင်နှစ်ဆယ်၊ အမြင့်မှာ အတောင်တစ်ရာ့နှစ်ဆယ်#3:4 “2160 လက်မ သို့မဟုတ် 5400 စင်တီမီတာ”။ရှိ၏။ ဆင်ဝင်အတွင်းပိုင်းကို ရွှေစင်နှင့်မွမ်းမံထား၏။ 5ပင်မဆောင်ကို ထင်းရှူးသားဖြင့်ကာပြီး ရွှေစင်နှင့်မွမ်းမံထား၏။ နံရံပေါ်တွင် စွန်ပလွံပင်ပုံများ၊ ကြိုးများနှင့် အလှဆင်ထား၏။ 6အိမ်တော်လှပတင့်တယ်အောင် အဖိုးတန်ကျောက်များ၊ ပါရဝိမ်ပြည်မှရွှေများဖြင့် မွမ်းမံထား၏။ 7အိမ်တော်၏မျက်နှာကြက်တန်းများ၊ တံခါးဘောင်များ၊ နံရံများနှင့် တံခါးရွက်များကိုလည်း ရွှေနှင့်မွမ်းမံထားပြီး နံရံများပေါ်တွင် ခေရုဗိမ်#3:7 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။အရုပ်များကို ထွင်းထုထား၏။
အမြင့်ဆုံးသောသန့်ရှင်းရာဌာန
8အသန့်ရှင်းဆုံးဌာနကိုဆောက်လုပ်ရာတွင် အလျားမှာ အိမ်တော်မျက်နှာစာအကျယ်အတိုင်း အတောင်နှစ်ဆယ်၊ အနံမှာ အတောင်နှစ်ဆယ်ရှိ၍ ရွှေစင်တာလန်ခြောက်ရာ#3:8 “13200 ပိဿာ သို့မဟုတ် 20400 ကီလိုဂရမ်”။ဖြင့် မွမ်းမံထား၏။ 9ရွှေသံမှိုများ၏အလေးချိန်မှာ ရှယ်ကယ်ငါးဆယ်#3:9 “37.5 ကျပ်သား သို့မဟုတ် 575 ဂရမ်”။ရှိ၏။ အထက်ခန်းများကိုလည်း ရွှေနှင့်မွမ်းမံထား၏။
10အသန့်ရှင်းဆုံးဌာနထဲတွင် ခေရုဗိမ်#3:10 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။နှစ်ပါးကိုထွင်းထုပြီး ရွှေနှင့်မွမ်းမံထားရှိ၏။ 11ခေရုဗိမ်#3:11 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။အတောင်ပံများ၏အလျားမှာ စုစုပေါင်းအတောင်နှစ်ဆယ်ရှည်၏။ အတောင်ပံတစ်ဖက်သည် ငါးတောင်ရှည်ပြီး အိမ်တော်နံရံနှင့် ထိစပ်လျက်ရှိ၏။ နောက်တောင်ပံတစ်ခုမှာလည်း ငါးတောင်ရှည်ပြီး နောက်ခေရုဗိမ်၏အတောင်ပံနှင့် ထိစပ်လျက်ရှိ၏။ 12နောက်ခေရုဗိမ်#3:12 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။၏တောင်ပံတစ်ဖက်သည်လည်း ငါးတောင်#3:12 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။ရှည်ပြီး အိမ်တော်နံရံနှင့် ထိစပ်လျက်ရှိ၏။ နောက်တောင်ပံတစ်ခုမှာလည်း ငါးတောင်ရှည်ပြီး ပထမခေရုဗိမ်၏အတောင်ပံနှင့် ထိစပ်လျက်ရှိ၏။ 13ဖြန့်ထားသောခေရုဗိမ်#3:13 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။တို့၏အတောင်ပံများသည် အတောင်နှစ်ဆယ် အရှည်ရှိ၏။ ခေရုဗိမ်ရုပ်တို့သည် ပင်မဆောင်ဘက်မျက်နှာမူ၍ ရပ်လျက်နေ၏။
14ကန့်လန့်ကာကိုလည်း အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ ကြက်သွေးရောင်ချည်နှင့် ချည်ချောများဖြင့် ရက်လုပ်၏။ ထိုကန့်လန့်ကာတွင် ခေရုဗိမ်ရုပ်များကို ပုံဖော်ရက်လုပ်ထား၏။
ကြေးတိုင်များ
15အိမ်တော်မျက်နှာစာတွင် အမြင့်သုံးဆယ့်ငါးတောင်#3:15 “630 လက်မ သို့မဟုတ် 1575 စင်တီမီတာ”။ရှိသော တိုင်နှစ်တိုင်စိုက်ထူ၍ ထိုတိုင်တို့၏ထိပ်ရှိ တိုင်ထိပ်အုပ်မှာ ငါးတောင်စီမြင့်၏။ 16သန့်ရှင်းရာဌာနတွင်ရှိသောကြိုးကဲ့သို့ ကြိုးများကိုပြုလုပ်ပြီး တိုင်ထိပ်အုပ်တွင် ပတ်ထား၏။ သလဲသီးပုံအလုံးတစ်ရာကိုပြုလုပ်ပြီး ကြိုးများပေါ်တွင် ချိတ်ဆွဲထား၏။ 17တိုင်နှစ်တိုင်ကို ဗိမာန်တော်မျက်နှာစာတွင် တောင်ဘက်တစ်တိုင်၊ မြောက်ဘက်တစ်တိုင် စိုက်ထူထား၏။ တောင်ဘက်ရှိတိုင်ကို ယာခိန် ဟုအမည်ပေးထားပြီး မြောက်ဘက်ရှိတိုင်ကို ဗောဇ ဟုအမည်ပေးထား၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: